Main menu

Background

COVID-19 ရောဂါကာကွယ်ဆေး ရရှိသည့်အခါသင့်တော်သည့်ဈေးနှုန်းဖြင့် ရောင်းချသွား မည်ဟု ပြောကြားခဲ့ခြင်း

Wed, 10/07/2020 - 15:27 -- journal_editor

COVID-19 ကမ္ဘာ့ကပ်ရောဂါကာကွယ်ဆေးအား ထုတ်လုပ်နိုင်ရန် လက်ရှိတွင် ကမ္ဘာ့နိုင်ငံအများစု၌ အပြိုင်အဆိုင်ကြိုးပမ်းထုတ်လုပ်လျက်ရှိပြီး ကာကွယ်ဆေး ထွက်ရှိလာသည့်အခါ ဈေးနှုန်းမည်မျှဖြင့် ဈေးကွက်အတွင်းရောင်းချမည်ကို မသိရှိသော်လည်း တရုတ် နိုင်ငံအနေဖြင့် ထုတ်လုပ်မည့်ကာကွယ်ဆေးအား သင့်တော်မျှတသည့်ဈေးနှုန်းဖြင့် ကမ္ဘာ့နိုင်ငံများသို့ ဖြန့်ချိရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ အလားတူပင် တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကာကွယ်ဆေးများလှူဒါန်းခြင်း၊ အထောက်အပံ့အဖြစ်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လက်ရှိဖြစ်ပေါ် လျက်ရှိသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် COVID-19 ကာကွယ်ဆေးရရှိနိုင်ရန် အဓိကထားလုပ်ဆောင်လျက်ရှိကြောင်း ၊ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ကလည်း တရုတ်နိုင်ငံအနေဖြင့် COVID-19 ကမ္ဘာ့ကပ်ရောဂါကာကွယ်ဆေးရရှိသည့်အခါ ကမ္ဘာ့ပြည် သူများ၏ ကျန်းမာရေး အတွက်အသုံးပြုနိုင်ရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ရရှိသုံးစွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု  ၂၀၂၀ ပြည့်နှစ် မေလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် (၇၃) ကြိမ် မြောက် ကမ္ဘာ့ကျန်းမာရေး ညီလာခံ၌ ပြောကြားခဲ့ကြောင်း သိရှိရသည်။

 ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့။

Source: http://www.chinadaily.com.cn/a/202010/01/WS5f752101a31024ad0ba7cf 41 .html