Main menu

Background

COVID-19 ရောဂါကာကွယ်ဆေးထုတ်လုပ်နိုင်သည့်အခါ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုး ပိုမိုမြင့်တက်လာမည်ဟု ပြောကြားခဲ့ခြင်း

Wed, 10/07/2020 - 15:30 -- journal_editor

တရုတ်နိုင်ငံသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကာကွယ်ရန်၊ ထိန်းချုပ်ရန် စီမံဆောင် ရွက်မှုများ ချမှတ်လုပ်ဆောင်ခဲ့သည့်နည်းတူ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု များ စဉ်ဆက်မပြတ် ရရှိအောင်ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ် နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးသည် နှစ်ရာခိုင်နှုန်း ဖွံဖြိုးတိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်မှထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ပြည်တွင်းလုပ်ငန်းများလည်ပတ်မှုဆက်လက်တိုးတက်လျက် ရှိပြီး COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ဆေး တရားဝင်ရရှိသည့်အခါ နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်လာမည်ဖြစ်ကြောင်း၊ လာ မည့် ၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ၇ ဒသမ ၉ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်နာလန်ထူ လာမှု အရှိန်မြင့်တက်လာခြင်းဖြင့် တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်မည့်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည်ဟု မျှော်မှန်းထားပြီး ကမ္ဘာတစ်ဝှမ်းလုံးအနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း တရုတ် နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Wang Wenbin ကပြောကြားခဲ့ ကြောင်း သိရှိရသည်။

 ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့။

Source: http://www.chinadaily.com.cn/a/202010/01/WS5f752101a31024ad0 ba7c f41.html