Main menu

Background

ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု ဆက်လက်တိုးတက်လာပြီဖြစ်ခြင်း

Wed, 10/07/2020 - 15:35 -- journal_editor

၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏယွမ် ၂ ဒသမ ၈၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၂၁ ဒသမ ၆၉ ဘီလီယံ) ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ် ကာလတူထက် ခြောက်ရာခိုင်နှုန်းမြင့် တက်ခဲ့ ကြောင်း၊ ပို့ကုန်ပမာဏ ယွမ်၁ ဒသမ ၆၅ ထရီလီယံ ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၁ ဒသမ  ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း သွင်းကုန်ပမာဏမှာမူ သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ကုန်သွယ်ရေး ပိုငွေပမာဏ ယွမ် ၄၁၆ ဒသမ  ၅၉ ဘီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ထက် ၇၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs-GACC) မှ ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ပနိုင်ငံများတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်ပြီဖြစ်ခြင်း၊ ပြည်တွင်းရှိကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်စတင်မှု အရှိန်ရလာခြင်း တို့ကြောင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း တရုတ်နိုင်ငံ၏နိုင်ငံခြား ကုန်သွယ်မှုကဏ္ဍ ဆက်လက်တည်ငြိမ်မှုရှိခဲ့ပြီး တင်ပို့မှုမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ မြင့်တက်လာခြင်းမှာ အမေရိကန်နိုင်ငံမှလွဲ၍ အခြားနိုင်ငံအများစုတွင် COVID-19 ရောဂါဖြစ်ပွားမှု လျော့ကျလာခြင်း၊ ပြည်တွင်းဝယ်လို အား ပြန်လည်မြင့်တက်လာခြင်း၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့သည် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများကို မျှော်မှန်းထားသည့် အချိန် ကာလထက်စော၍ ပြန်လည်စတင်ဆောင်ရွက်ခဲ့သဖြင့် တရုတ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍမြင့် တက်လာခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှုစွမ်းရည်သည် တဖြည်း ဖြည်းပြန်လည်မြင့်တက်လာခဲ့သဖြင့် အနာဂတ်တွင် ပို့ကုန်တင်ပို့မှုလုပ်ငန်းဆက်လက် မြင့် တက်လာမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်စတင်ခြင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် စီးပွားရေး ပြန်လည်နလန်ထူလာပြီဖြစ်ကြောင်း၊ သို့သော်လည်း ပို့ကုန်များနှင့် ဆက်စပ်သည့်သွင်းကုန် များလျော့နည်းလျက်ရှိသဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် လိုအပ်ချက်များ ဖြစ်ပေါ် လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမ ၈ လ တာကာလအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ယွမ် ၂၀ ဒသမ ၀၅ ထရီလီယံရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်၊ ကာလတူနှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ပို့ကုန်ပမာဏတွင် သုည ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း သွင်းကုန်ပမာဏတွင် ယွမ် ကိုးထရီလီယံရှိခဲ့ပြီး ၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အာဆီယံဒေသနိုင်ငံများ၊ ဥရောပသမဂ္ဂနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့သည် တရုတ်နိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံများ ဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ် ပထမ ရှစ်လအတွင်း တရုတ်နိုင်ငံသည် အာဆီယံဒေသနိုင်ငံများ၊ ဥရောပဒေသနိုင်ငံများ၊ ဂျပန်နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ မြင့်တက်ခဲ့ပြီး အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏ ကျဆင်းခဲ့ကြောင်း၊ အာဆီယံဒေသနိုင်ငံများသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ပထမရှစ်လအတွင်း ကုန်သွယ်မှုပမာဏသည် ယွမ် ၂ ဒသမ ၉၃ ထရီလီယံ ရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် ခုနစ်ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏ၌ ၁၄ ဒသမ ၆ ရာခိုင်နှုန်း ပါဝင်လျက်ရှိကြောင်း၊ တရုတ်နှင့် အမေရိကန်နိုင်ငံကုန်သွယ်မှုပမာဏသည် ယွမ် ၂ ဒသမ  ၄၂ ထရီလီယံ ရှိပြီး သုည ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သဖြင့် စုစုပေါင်းကုန်သွယ်မှု၌ ၁၂ ဒသမ ၁ ရာခိုင်နှုန်းပါဝင်လျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံသို့ တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏသည် သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန်နိုင်ငံမှ တရုတ် နိုင်ငံသို့ သွင်းကုန်ပမာဏသည် သုည ဒသမ  ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

 ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့။

Source: https://www.globaltimes.cn/content/1200180.shtml