Main menu

Background

နိုင်ငံအတွင်းသို့ အေးခဲအသားများတင်သွင်းလျက်ရှိသည့် ကုမ္ပဏီများမှ အသားများ တင်သွင်း ခွင့် ဆိုင်းငံ့ခဲ့ခြင်း

Wed, 10/07/2020 - 15:38 -- journal_editor

တရုတ်နိုင်ငံအတွင်းသို့ အေးခဲအသားများ ထုတ်လုပ်တင်သွင်းလျက်ရှိသည့်နိုင်ငံပေါင်း ၁၉ နိုင်ငံနှင့် ဒေသများမှ COVID-19 ကမ္ဘာ့ကပ်ရောဂါကူးစက်ခြင်းခံရသည့် လုပ်သားများ တွေ့ရှိခဲ့ရသည့် ကုမ္ပဏီ ၅၆ ခုမှအေးခဲအသားများ တင်သွင်းမှုအား ဆိုင်းငံ့ထားခဲ့ကြောင်း၊ အဆိုပါကုမ္ပဏီများအနက် ၄၁ ခုသည် ၎င်းတို့၏ သဘောဆန္ဒအလျောက် ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ ပြောကြားခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် အေးခဲအသားများ ထုပ်ပိုးထားသည့် ထုပ်ပိုးခွံများနှင့် ကွန်တိန်နာများတွင် COVID-19 ရောဂါပိုးများ မကြာ ခဏစစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအကောက်ခွန် အာဏာပိုင်အဖွဲ့အနေဖြင့် နမူနာ ၅၀၀,၀၀၀ကျော်အား Nucleic Acid Tests  စစ်ဆေးမှုပြုလုပ်ခဲ့ရာ ကွန်တိန်နာနမူနာတစ်ခုနှင့် အေးခဲအသားများ ထုပ်ပိုးခွံ၌ စစ်ဆေးမှုနမူနာငါးခုတို့တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံတစ်ဝှမ်းလုံး၌ ပြည်ပမှ တင်သွင်း လာသည့် ကြက်သားနှင့် ပင်လယ်စာများ အပါ အဝင်အေးခဲအစားအစာများ၌ COVID-19 ကမ္ဘာ့ကပ် ရောဂါများစွာ စမ်းသပ်တွေ့ရှိခဲ့ကြောင်း၊တရုတ်နိုင်ငံ ကမ်းရိုးတန်းဒေသများ၊ အရှေ့မြောက်ပိုင်းဒေသများနှင့် ကုန်းတွင်းပိုင်းဒေသများတွင် အီကွေဒေါနိုင်ငံမှ တင်သွင်းလာသည့် အေးခဲပုစွန်များအား ထုပ်ပိုးခွံများတွင် COVID-19 ရောဂါအား အကြိမ်ကြိမ်စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ တင်သွင်းလာသည့်ပင်လယ်ထွက် ကုန်ပစ္စည်းများ ထိတွေ့ခြင်း(သို့) စားသုံးခြင်းဖြင့် ရောဂါကူးစက်ခံရမှု ဖြစ်ပေါ်ခြင်း မရှိသေးသော်လည်း ပင်လယ်စာထွက်ကုန်လုပ်ငန်းများ အပေါ်များစွာထိခိုက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၊ အကောက်ခွန်အာဏာပိုင် အဖွဲ့အနေဖြင့် တင်သွင်းမှုများအပေါ် စစ်ဆေးမှုများ ပိုမိုခိုင်မာအားကောင်းလာစေရန်တရုတ်နိုင်ငံသို့ တင်သွင်းလျက်ရှိသည့်ကုမ္ပဏီများအနေဖြင့် ပိုမိုလုံခြုံစိတ်ချစေသည့် စီမံဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရန်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၊ အကောက်ခွန် အာဏာပိုင်အဖွဲ့အနေဖြင့် နိုင်ငံနှင့်ဒေသပေါင်း ၉၉ ခု၏ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များ နှင့် ဗီဒီယိုဖြင့်အစည်းအဝေးများကျင်းပခဲ့သည်မှာ အကြိမ်အရေအတွက် (၁၂၁) ကြိမ်အထိ ရှိလာပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အသားအဓိက တင်သွင်းသည့်နိုင်ငံ ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း အသားတန်ချိန် ၆ ဒသမ ၁၇ သန်း တင်သွင်းခဲ့သည့်အတွက် ပြီးခဲ့သည့် ငါးနှစ်တာ ကာလထက် ၁၂၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ပထမရှစ်လတာကာလအတွင်းမှာပင် အသားတန်ချိန် ၆ ဒသမ ၅၈ သန်း တင်သွင်းခဲ့ပြီး တင်သွင်းမှုသည် ၂၀၁၉ ခုနှစ်ထက် ကျော်လွန်ခဲ့ကြောင်း သိရှိရသည်။

 ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့။

https://www.globaltimes.cn/content/1200292.shtml