Main menu

Background

ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏကျဆင်းခဲ့ခြင်း

Wed, 10/07/2020 - 15:42 -- journal_editor

၂၀၂၀ ပြည့်နှစ် ပထမရှစ်လအတွင်း တရုတ်နိုင်ငံ၏ ပြည်ပတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု (Overseas Direct Investment)ပမာဏသည် ယွမ် ၄၈၀ ဒသမ ၄၅ ဘီလီယံ(အမေရိကန် ဒေါ်လာ ၆၈ ဒသမ ၄၈ ဘီလီယံ)ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ပထမရှစ်လနှင့်နှိုင်းယှဉ်ပါက ၂ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ သို့သော်လည်း ၂၀၂၀ ပြည့်နှစ် ပထမရှစ်လအတွင်း Belt and Road Initiative လမ်းကြောင်းတစ်လျှောက်ရှိနိုင်ငံများနှင့်ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ မြင့်တက်လာ ခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ် ပထမရှစ်လအတွင်း Belt and Road Initiative လမ်းကြောင်း တစ်လျှောက်ရှိနိုင်ငံများနှင့်ဒေသများတွင် တရုတ်နိုင်ငံမှရင်းနှီးမြှုပ်နှံမှုပမာဏသည် ယွမ် ၁၁ ဒသမ ၈ ဘီလီယံရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ပထမရှစ်လနှင့်နှိုင်းယှဉ် ပါက ၃၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သဖြင့် စုစုပေါင်းပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၁၇ ဒသမ၂ ရာခိုင်နှုန်းရှိကြောင်း၊  ၂၀၁၉ ခုနှစ် ပထမရှစ်လအတွင်းတွင် Belt and Road Initiative လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံ များသို့ ရင်းနှီးမြှုပ်နှံမှုပမာဏသည် စုစုပေါင်းပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၄ ဒသမ၈ ရာခိုင်နှုန်းရှိကြောင်း၊ တရုတ်နှင့်အမေရိကန်နိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှု ကြောင့် ၂၀၂၀ ပြည့်နှစ်ပထမနှစ်ဝက်အတွင်း နှစ်နိုင်ငံအပြန်အလှန်ရင်းနှီးမြှုပ်နှံမှုပမာဏ သည် အမေရိကန်ဒေါ်လာ ၁၀ ဒသမ၉ ဘီလီယံသာရှိခဲ့သဖြင့် ပြီးခဲ့သည့်ကိုးနှစ်တာကာလအတွင်း အနိမ့်ဆုံးဖြစ်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်ကာလအတွင်း အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံရှိပြီး ရင်းနှီး မြှုပ်နှံမှုပမာဏမြင့်တက်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ မြင့်တက်ခြင်း သည် တရုတ်နိုင်ငံ Tecent ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ အစုရှယ်ယာများကို အမေရိကန်နိုင်ငံ Universal Music Group ကုမ္ပဏီမှ ဝယ်ယူခဲ့ခြင်းကြောင့်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Gao Feng မှပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့။

Source: https://www.globaltimes.cn/content/1201248.shtml