Main menu

Background

ကိုရိုနာကပ်ရောဂါပြန့်ပွားနေချိန်အတွင်း ဂျပန်ရှိ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် ရန်ပုံငွေအဖွဲ့အစည်းများက ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်ကြိုးပမ်း

Thu, 10/08/2020 - 14:05 -- journal_editor

ဂျပန်နိုင်ငံရှိ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သည့် Japan Investment Corp. (JIC) ကဲ့သို့ ရန်ပုံငွေအဖွဲ့အစည်းများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် စီးပွားရေး လုပ်ငန်းဝင်ငွေများ ကျဆင်းမှုနေချိန်တွင် ရင်းနှီးမြှုပ်နှံမှု များ မြှင့်တင်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေကြပါသည်။

အစိုးရကနိုင်ငံတော်ရန်ပုံငွေကိုအသုံးပြုကာ လုပ်ငန်းလည်ပတ်မှု အကျပ်အတည်း ရင်ဆိုင်နေကြရသည့် ကုမ္ပဏီများကို ငွေလုံးငွေရင်း ပံ့ပိုးပေးခြင်းဖြင့် လုပ်ငန်းအသစ်များ ဆောင်ရွက်နိုင်ရန်နှင့် ဒေသတွင်းစီးပွားရေးအင်အား ပြန် လည်ပြည့်တင်းလာရန် အစီအစဉ်များကို ချမှတ်ဆောင်ရွက်နေပါသည်။ သို့သော်လည်း လုပ်ငန်းသေနေသည့် စီးပွားရေးလုပ်ငန်းများ တိုးပွားလာသည့်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် မရေရာမသေချာဖြစ်နေမှုအပေါ် အာရုံစိုက်မှုများ မြင့်တက်လာပါသည်။

JIC ၏ ဥက္ကဌဖြစ်သူ Keisuke Yokoo က၎င်းတို့အနေဖြင့် လုပ်ငန်းသေနေသည့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးထောက်ပံ့မည်မဟုတ်ဘဲ လုပ်ငန်းအမျိုးအစားသစ်ကို ထိထိ ရောက်ရောက် ပြောင်းလဲလုပ်ကိုင်မည့် ကုမ္ပဏီများကိုသာ JIC ၏ ရင်းနှီးမြှုပ်နှံမှု ထောက်ပံ့ငွေနှင့် ချေးငွေများ ပံ့ပိုးပေးသွားမည်ဟု ပြောကြားခဲ့သည်။ အစိုးရက JIC နှင့် ပြည်တွင်းရှိ စီးပွားရေးပြန်လည်အားကောင်းလာစေရေးအဖွဲ့အစည်းများ (REVIC) အတွက် ခိုင်မာမှုရှိစေရေးအစီအမံ များကို ပြီးခဲ့သည့် ဇွန်လက အတည်ပြုပေးခဲ့ပါသည်။ အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို မြှင့်တင်ရန် ရန်ပုံငွေအဖွဲ့အစည်းကြီးနှစ်ခုဖြစ်သည့် JIC အတွက် ယန်းသုံးထရီလီယံနှင့် REVIC အတွက် ယန်း ၂ ဒသမ ၅ ထရီလီယံခွင့်ပြု ပေးခဲ့သည်။

ပြီးခဲ့သည့် နွေရာသီက JIC အနေဖြင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် အကြီးစားစီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအပါအဝင် ကိုရိုနာကပ်ရောဂါ အကျပ်အတည်းကာလအတွင်း ဒစ်ဂျစ်တယ်နည်းပညာ အသုံးချဆောင်ရွက်မှု ကျယ်ပြန့်လာစေရန်နှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ချိန်ညှိရေးတို့အတွက် အထောက်အပံ့ဖြစ်စေမည့် ဦးစီးဦးဆောင်ပြုမှုအစီအစဉ်များကို စတင်ဆောင်ရွက်ခဲ့ပါသည်။

JEVIC အနေဖြင့် ကြွေးမြီများလျော်ချပေးမည့် အစီအစဉ်အပါအဝင် စီးပွားရေး လုပ်ငန်းကြီးများ ပြန်လည်ရှင်သန်ရေးစီမံချက်ကို ဆောင်ရွက်ရန် ပြင်ဆင်နေပါကြောင်း၊ ၂၀၁၀-၂၀၁၁ ခုနှစ်က JEVIC အား  ယခင် ဦးဆောင်ခဲ့သူက ဂျပန်လေကြောင်းလိုင်းများနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းများပြန်လည်ရှင်သန်စေရေး အစီအစဉ်ကို ဦးဆောင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

ကိုရိုနာကပ်ရောဂါ အကျပ်အတည်းကာလအတွင်း ခရီးသွားလုပ်ငန်းအခြေပြု စီးပွား ရေးလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းဆောင်ရွက်သူများ၊ လေကြောင်းလိုင်းများ၏ ဝင်ငွေ ကျဆင်းသွားခဲ့ပါသည်။ အစိုးရက ၎င်းလုပ်ငန်းများ အတွက် ဘဏ္ဍာရေးပိုင်း ပံ့ပိုး ဆောင်ရွက်မှုများအဖြစ် အစိုးရကဦးဆောင်သည့် ဘဏ်ချေးငွေ  ယန်း ၄၀ ထလီရီယံဖြင့် ထောက်ပံ့ပေးခဲ့ပါသည်။ သို့သော်လည်း ကြီးမားသည့် ချေးငွေများသည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်များ ဆောင်ရွက်မှုနှင့် ကုမ္ပဏီများ၏ လုပ်ငန်းပြောင်းလဲ ဆောင်ရွက်မှုတို့အတွက်များစွာ အဟန့်အတား ဖြစ်စေပါသည်။

စီးပွားရေးလုပ်ငန်း ပြန်လည်ထူထောင်ရေး ကျွမ်းကျင်ပညာရှင်များက တစ်စတစ်စ တိုးပွားလာသည့် ကုမ္ပဏီများအတွက် ကြွေးမြီကင်းလွတ်ခွင့်နှင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် ကြွေးမြီကင်းလွတ်သည်ဟူသည့်အတည်ပြုလက်ခံမှု ကို တဖြည်းဖြည်းချင်း ခွင့်ပြုပေးသွားလိမ့်မည်ဖြစ်ကာ လုပ်ငန်းအသစ်ပြောင်းလဲဆောင်ရွက်ရန် တိုက်တွန်းလိမ့်မည်ဟု ခန့်မှန်းသုံးသပ်နေကြပါသည်။

အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် ရန်ပုံငွေအဖွဲ့အစည်းများသည် အဆိုပါ စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုများအတွက် အလားအလာရှိသော ပံ့ပိုးပေးသူများဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင်အစိုးရ ၏ ရန်ပုံငွေအစီအစဉ်များသည် ထိုရန်ပုံငွေကို အသုံးပြုဆောင်ရွက်ကြသည့် စီးပွားရေးလုပ်ငန်းများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် သတိထား ရှောင်ရှားကြရန် လိုအပ်ပါသည်။

REVIC ကို ဆက်ခံသူက ၂၀၁၂ ခုနှစ်တွင် ဂျပန်လေကြောင်းလိုင်း (JAL) ကို စတော့ စျေးကွက်အတွင်းပြန်လည်ဝင်ရောက်လာစေရန် စုစုပေါင်းပမာဏ ယန်း ၃၀၀ ဘီလီယံကို ပံ့ပိုးပေးခဲ့ပါသည်။ သို့သော် REVIC ၏ ဆက်ခံသူအနေဖြင့် semiconductor ထုတ်လုပ်သူ များကို liquid crystal display ထုတ်လုပ်သည့် လုပ်ငန်းအဖြစ် ပြောင်းလဲဆောင်ရွက်ရန် ကြိးပမ်းခဲ့မှုတွင် ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ကြောင်း သိရပါ သည်။

    နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့