Main menu

Background

ဖိလစ်ပိုင်နိုင်ငံက ဂျပန်နိုင်ငံသို့ ရုံးပတီသီးများ ပိုမိုတင်ပို့ရန် စီစဉ်လျက်ရှိ

Thu, 10/08/2020 - 14:10 -- journal_editor

ဂျပန်နိုင်ငံက ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ကို ထိခိုက်စေသည့် ပြည်ပနိုင်ငံများ နှင့် ခရီးသွားလာမှု ပိတ်ပင်ကန့်သတ်မှုများကို တဖြည်းဖြည်းချင်း ဖြေလျော့ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံ Luzon ဒေသမှ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်သူ ၃၀၀ ခန့်သည် ၎င်းတို့ စိုက်ပျိုးထားသည့် ရုံးပတီသီးများကို ဂျပန်နိုင်ငံသို့ တင်ပို့ရန် ပြင်ဆင်နေကြကြောင်း သိရပါ သည်။

ဖိလစ်ပိုင်နိုင်ငံ Tarlac ဒေသရှိ ကျေးရွာ ၁၄ ခုမှ စိုက်ပျိုးရေးသမားများသည် အမြတ်အစွန်းရရှိနိုင်သော ရုံးပတီသီးများကို နိုင်ငံမြောက်ပိုင်းရှိ မြို့တော်မနီလာသို့ ပို့ဆောင်ပေးခဲ့ ကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ စိုက်ပျိုးရေးသမား ၃၀၀ ခန့်က အဆိုပါ ရုံးပတီသီးများကို စိုက်ပျိုးခဲ့ကြပြီး Jelfarm Fresh Produce Enterprise က ဂျပန်နိုင်ငံသို့ တင်ပို့ရန် ဦးဆောင်ခဲ့ခြင်းဖြစ်ပါသည်။

ဖိလစ်ပိုင်နိုင်ငံမှ ရုံးပတီသီးအကြီးအကျယ်တင်ပို့သည့် Jelfarm ကုမ္ပဏီသည် အရည် အသွေးမီသည့် ဟင်းသီးဟင်းရွက်များကို ငါးတန်အထိ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ကာ နေ့စဉ် တင်ပို့ရန်နှင့် ရာသီချိန်တွင် တစ်ရက်လျှင် ၁၃ တန်မှ ၁၅ တန်အထိ တင်ပို့နိုင်ရန် ပြင်ဆင် ထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ အဆိုအရ သိရပါသည်။ အဆိုပါ Jelfarm ကုမ္ပဏီသည် ၎င်း၏ ရုံးပတီသီးစိုက်ခင်းများကို ဟက်တာထောင်ချီခန့်အထိ ချဲ့ထွင်ကာ ပြည်ပသို့ တင်ပို့ နိုင်ရန် ဖိလစ်ပိုင်အစိုးရ၏ အကူအညီဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

ပြီးခဲ့သည့် သီတင်းပတ်အကုန်က တင်ပို့သည့် ရုံးပတီသီးများသည် ဂျပန်နိုင်ငံရှိ ဟင်းသီးဟင်းရွက်လိုအပ်ချက်များပြားသည့် တိုကျို၊ အိုဆာကာ၊ ကိုဘေးနှင့် နာဂိုယာစသည့် ဒေသများသို့ ဦးတည်တင်ပို့မည်ဖြစ်ပါသည်။ အတွင်း၌ စေးကပ်သောအရည်များပါရှိသည့် ကျွတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များသည် ကျန်းမာရေးအတွက် များစွာ အကျိုးရှိသည်ဟု ယူဆသည့်အတွက် ရုံးပတီသီးသည် ဂျပန်နိုင်ငံတွင် များစွာ ခေတ်စားနေကြောင်း သိရပါ သည်။

ကိုရိုနာကပ်ရောဂါပြန့်ပွားနေသော်လည်း ယခုကဲ့သို့ တင်ပို့နိုင်ခြင်းသည် ထူးခြား သည့် အောင်မြင်မှုတစ်ခုပင်ဖြစ်ပါကြောင်း၊ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့အကြား နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် “win-win arrangement” ကို ဆောင် ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရုံးပတီသီးစိုက်ပျိုးသူများအနေဖြင့် ဆန်စပါးစိုက်ပျိုးသည့် လယ်သမားများထက် ဝင်ငွေပိုမိုရရှိပါ ကြောင်း ဖိလစ်ပိုင်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာနမှ အတွင်းဝန် William Dar က သတင်းစာရှင်းလင်း ပွဲတွင်ပြောကြားခဲ့သည်။

JelFarm မှပိုင်ရှင်တစ်ဦးဖြစ်သည့် Jeffrey Fernandez က ရုံးပတီစိုက်ပျိုးသူများကို ၇၅ ရက်အတွင်း တစ်ဟက်တာလျှင် ရုံးပတီသီး တစ်တန်ထွက်အောင် စိုက်ပျိုးကြရန် တိုက်တွန်းထားကြောင်း ဆိုပါသည်။ ၎င်းတို့အနေဖြင့် တစ် ဟက်တာစိုက်ပျိုးထုတ်လုပ်မှုမှ ပီဆို ၈၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၆၅၀ ခန့်) မှ ပီဆို ၁၂၀၀၀၀ (အမေရိကန်ဒေါ်လာ ၂၄၇၅ ခန့်) အထိ ရရှိနိုင်ကြောင်း၊ အထွက်နှုန်းများများထွက်ရှိပြီး စိုက်ပျိုးရေးသမားများအတွက် ဝင်ငွေရမည့် နည်းလမ်းကောင်းတစ်ခုဖြစ်သည်ဟု ဆိုပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဂျပန်နိုင်ငံသို့ ဆယ်စုနှစ်အတော်တော်ကြာကြာခန့်ကတည်းက ရုံးပတီသီးများ တင်ပို့ရောင်းချနေပြီး ပို့ကုန်တိုးမြှင့်တင်ပို့ခြင်းဖြင့် ရုံးပတီသီးစိုက်ပျိုးသူများ ပိုမိုဝင်ငွေရရှိရန် ကြိုးပမ်းနေသည့် နိုင်ငံဖြစ်ပါသည်။

၁၉၉၇ ခုနှစ်တည်းက သွင်းကုန်တင်သွင်းမှု ဆောင်ရွက်ခဲ့သည့် ဂျပန်နိုင်ငံ၏ ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော Watari Co., က ဖိလစ်ပိုင်မှ ရုံးပတီသီးများကို အဓိက ဝယ်ယူတင်သွင်းနေကြောင်း သိရသည်။ ဗိုက်တာမင်များ၊ သတ္တုဓာတ်ဆားများနှင့် အမျှင်ဓာတ်များစွာ ကြွယ်ဝသည့် ရုံးပတီသီးသည် အာရှနိုင်ငံအတော်များများတွင် များစွာခေတ်စားသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။

နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့