Main menu

Background

၂၀၂၀ ပြည့်နှစ်အတွက် တရုတ်၏ထိပ်တန်းလုပ်ငန်း ၅၀၀ စာရင်း၌ ကွမ်ရှီးမှ လုပ်ငန်းရှစ်ခုပါဝင်နေ

Mon, 10/12/2020 - 11:50 -- journal_editor

တရုတ်နိုင်ငံ၏ ထိပ်တန်းလုပ်ငန်း ၅၀၀ စာရင်းနှင့် ထိပ်တန်းစက်မှုကုန် ထုတ်လုပ်သူ ၅၀၀ စာရင်းတို့အား တရုတ်လုပ်ငန်းမဟာမိတ်နှင့် တရုတ်လုပ်ငန်းဒါရိုက် တာများအသင်းက မကြာသေးမီက ထုတ်ပြန်ခဲ့ပါသည်။ ၎င်းစာရင်းများ အနက် တရုတ်၏ ထိပ်တန်းလုပ်ငန်း ၅၀၀ စာရင်းတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လုပ်ငန်း ရှစ်ခုတို့က စံချိန်တင်ပါဝင်ခဲ့သည်ကို တွေ့ရပါသည်။

၎င်းလုပ်ငန်း ရှစ်ခုတို့တွင် Guangxi Investment Group Co., Ltd. ၊ Guangxi Construction Engineering Group Co., Ltd. နှင့် Guangxi Liuzhou Iron and Steel Group Co., Ltd.တို့လည်း ပါဝင်နေကြပါသည်။  ၂၀၁၉ ခုနှစ်အတွင်း  Guangxi Investment Group Co., Ltd.၏ ဝင်ငွေမှာ ယွမ်ငွေ ၁၈၀ ဒသမ ၃၃ ဘီလီယံရှိခဲ့ကာ စာရင်းတွင် အဆင့် ၁၂၄ နေရာ၌ ပါဝင်နေပြီး ယခင်နှစ်ကထက် ၁၀ ဆင့်တက်လာခြင်းဖြစ် ပါသည်။  ၂၀၁၉ ခုနှစ်အတွင်း Guangxi Construction Engineering Group Co., Ltd. ၏ ဝင်ငွေမှာ ယွမ်ငွေ ၁၁၃ ဒသမ ၀၁၈ ဘီလီယံဖြစ်ကာ စာရင်း၌အဆင့် ၁၈၅နေရာတွင် ရပ်တည်နေပြီး ယခင်နှစ်ကထက် ငါးဆင့်တက်လာခြင်းဖြစ်ပါသည်။

ရင်းမြစ်၊ Nanning Evening News (၂၉-၉-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နန်နင်းမြို့။