Main menu

Background

ဉရောပဈေးကွက်သို့ စတင်ဝင်ရောက်နေပြီဖြစ်သည့် လျိုကျိုးလော်ဆစ်ဖန် မြစ်ခရုခေါက်ဆွဲ

Mon, 10/12/2020 - 11:54 -- journal_editor

စက်တင်ဘာ ၂၅ ရက်တွင် Guangxi Luobawang Food Co Ltd မှ ထုတ်လုပ် သည့် တရုတ်ဆန်ခေါက်ဆွဲအမျိုးအမယ်တစ်မျိုးဖြစ်ကာ လျိုကျိုးမြို့၏ အထင်ကရဟင်း လျာဖြစ်သည့် အသင့်စားလော်ဆစ်ဖန်မြစ်ခရုခေါက်ဆွဲပုံး ၇၆၀ အား လျိုကျိုးအကောက်ခွန်ဌာနက စစ်ဆေးခွင့်ပြုခဲ့သဖြင့် အီတလီနိုင်ငံသို့ ပို့ဆောင်လိုက်ပြီဖြစ်ပါသည်။ ၎င်းပို့ဆောင်မှုအရ ဉရောပဈေးကွက်သို့ လော်ဆစ်ဖန်မြစ်ခရုခေါက်ဆွဲ၏ တရားဝင်ဝင်ရောက်မှုစတင်ပြီဖြစ်ကြောင်း သိရပါ သည်။

Guangxi Luobawang Food Co Ltdအား ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ထောင်ခဲ့ကာ ၎င်းကုမ္ပဏီမှာ တရုတ်နိုင်ငံတွင် အသင့်စား လော်ဆစ်ဖန်ခေါက်ဆွဲ ထုတ်လုပ်ရာတွင် ဉီးဆောင်ကုမ္ပဏီအဖြစ် ရှေ့သို့ရောက်လာခြင်း ဖြစ်ပါသည်။

“ကိုရိုနာကပ်ရောဂါဖြစ်ပွားစဉ်မှစ၍ စားသုံးသူများ၏ အမူအကျင့်များ ပြောင်း လဲလာပြီး၊ ယခုနှစ်အတွင်း လော်ဆစ်ဖန်ခေါက်ဆွဲ၏ ရောင်းအားမှာ လျင်မြန်စွာတိုးလာ ကြောင်း၊  အပတ်စဉ်တိုင်းတွင် ပြည်ပမှအမှာစာများကို လက်ခံ ရရှိကြောင်း” Guangxi Luobawang Food Co Ltdမှ ပြည်ပသို့ရောင်းချမှုအား တာဝန်ယူထားသူ Chen Zihaoက ပြောကြားထားပါသည်။

ဉရောပဈေးကွက်မှ လော်ဆစ်ဖန်ခေါက်ဆွဲဝယ်ယူမှုတွင် တင်ပြရန်လိုအပ်သော လက်မှတ်များအား  လျိုကျိုးအကောက်ခွန်ဌာနက  နမူနာများအား စစ်ဆေးပြီးနောက် ထုတ်ပေးကြောင်း သိရပါသည်။

ဉရောပနိုင်ငံများမှာ စားသောက်ကုန်အရည်အသွေးနှင့် စိတ်ချလုံခြုံမှုများ အတွက် တင်းကြပ်သည့် စံချိန်စံညွှန်းများနှင့် စီမံကြီးကြပ်သည့်စနစ်များအား ကျင့်သုံး သည့်အတွက် တရုတ်အစားအစာများ (အထူးသဖြင့် ဆန်ဖြင့်ပြုလုပ် သော ထုတ်ကုန်ပစ္စည်း များ) ဉရောပဈေးကွက်သို့ ဝင်ရောက်ရန် အလွန်ခက်ခဲကြောင်း လျိုကျိုးအကောက်ခွန် ဌာနမှ ဝန်ထမ်းဖြစ်သူ Wu Chunlanက ပြောကြားပါသည်။

လက်ရှိအချိန်၌ တရုတ်နိုင်ငံမှ ကြိုတင်ထုပ်ပိုးပြီး အသင့်စားလော်ဆစ်ဖန် ခေါက်ဆွဲများအား အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ စင်ကာပူ၊ နယူးဇီလန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများအပါအဝင် ပြည်ပနိုင်ငံများသို့ ကျယ်ကျယ် ပြန့်ပြန့်တင်ပို့ရောင်းချလျက်ရှိပါသည်။

ယခုနှစ် ပထမရှစ်လအတွင်း လျိုကျိုးအကောက်ခွန်ဌာနမှ ယွမ်ငွေ ၂၁ သန်း နီးပါး အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၈ သန်း တန်ဖိုးရှိ လော်ဆစ်ဖန်ခေါက်ဆွဲ အသုတ်ပေါင်း ၇၃ ခုအား တင်ပို့ခဲ့ပါသည်။ ၎င်းပမာဏမှာ ၂၀၁၉ ခုနှစ်က လော်ဆစ်ဖန်ခေါက်ဆွဲတင်ပို့မှု တန်ဖိုးထက် ၂၂ ဒသမ ၅ ဆ ပိုမိုခဲ့ခြင်းဖြစ်ပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၂၉-၉-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နန်နင်းမြို့။