ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကြောင့် ထိခိုက်မှုရှိသည့် ဘရပ်ဆဲလ်ရှိ ဟိုတယ်များအား ကူညီပေးရန် ယူရို ၁၅ ဒသမ ၈ သန်းတန်ဖိုးရှိ အကူအညီအစီအစဉ်တစ်ရပ်ကို ဥရောပကော်မရှင်က အတည်ပြုခဲ့ကြောင်းသိရသည်။ အဆိုပါ အစီအစဉ်တွင် ဟိုတယ်များ၊ aparthotels များအကျုံးဝင် မည်ဖြစ်ပြီး၊ ဟိုတယ်တစ်ခုလျှင် တိုက်ရိုက်အထောက်အပံ့အဖြစ် ယူရို ၂၀၀၀၀ မှ ယူရို ၂၀၀၀၀၀ အကြား ရရှိမည်ဖြစ်သည်။ COVID-19 ကပ်ရောဂါဆိုင်ရာ ခရီးသွားလာမှု ကန့် သတ်ချက်များကြောင့် ကမ္ဘာ့ခရီးသွားများ သိသိသာသာကျဆင်းလျက်ရှိသဖြင့် ဟိုတယ်လုပ်ငန်းများထိခိုက်မှုရှိနေပြီး၊ ၎င်းလုပ်ငန်းများအနေဖြင့် သန့်ရှင်းရေး၊ စွမ်းအင်သုံးစွဲမှု၊ ငှါးရမ်းခနှင့် ဝန်ထမ်းများအတွက် အနည်းဆုံး လုပ်ခလစာ ကဲ့သို့သော ကုန်ကျစရိတ်များကိုမူ ပေးချေနေရခြင်းဖြစ်သည်။
ဘရပ်ဆဲလ်ရှိ ဟိုတယ်များသည် ပုံမှန်အခြေအနေတွင် အီးယူရှိ နိုင်ငံတကာအဖွဲ့အစည်းများ သို့လာရောက်သူများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ခရီးသွားများ တည်းခိုနေထိုင်မှုရှိပြီး၊ နွေရာသီ ကာလတွင် အခန်းငှားရမ်းရမှုနှုန်းထားသည် ၂၀ ရာခိုင်နှုန်းဝန်းကျင်ရှိကြောင်းသိရသည်။ အီးယူ၏ ယခုအထောက်အပံ့အစီအစဉ်သည် ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုထိန်းချုပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံအစိုးရများမှချမှတ်သည့် ကန့်သတ်ချက်အစီအမံများကြောင့် ဟိုတယ်လုပ်ငန်း/ ကုမ္ပဏီ များ ရင်ဆိုင်နေရသည့် ငွေကြေးအခက်အခဲကို လျော့ပါးသက်သာစေရန်နှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းရပ်များ ဆက်လက်လည်ပတ်နိုင်စေရေန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဥရောပကော်မရှင်က ဖော်ပြထားသည်။
ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)
ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့
