Main menu

Background

၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေး ၉ ဒသမ ၂ ရာခိုင်နှုန်း ခန့် ကျဆင်းနိုင်မည်ဖြစ်ကြောင်း WTO ခန့်မှန်းခဲ့

Fri, 10/16/2020 - 12:55 -- journal_editor

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ ဂယက်ရိုက်မှု ကြောင့် ယခု ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံး၏ ကုန်စည်ကူးသန်းရောင်းဝယ်မှု သည်၂၀၁၉ ခုနှစ်ကထက် ၉ ဒသမ ၂ ရာခိုင်နှုန်းခန့် လျော့နည်းနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

မြောက်အမေရိကဒေသတွင် ပို့ကုန်ပမာဏ ၁၄ ဒသမ  ၇ ရာခိုင်နှုန်း ခန့် ကျဆင်းနိုင်မည်ဖြစ် ကြောင်း၊ အာရှဒေသတွင်  ၄ ဒသမ  ၅ ရာခိုင်နှုန်းနှင့် ဥရောပဒေသတွင် ၁၁ ဒသမ  ၇ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။ အဆိုပါ ခန့်မှန်းချက်များကို WTO က အောက်တိုဘာလ ဆန်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လတ်တလော ပြန်လည်ရှင်သန်လာသည့် စီးပွားရေးလှုပ်ရှားမှုများကို အခြေခံကာ တွက်ချက်ခန့်မှန်းထားခြင်းဖြစ်ပါသည်။

ကမ္ဘာတစ်လွှား COVID-19 ဖြစ်ပွားမှုများ ဆက်လက်တိုးတက်နေပြီး စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများအပေါ် ပိုမိုဝန်ပိလာပါက ယခုခန့်မှန်းချက်ထက် ကျဆင်းမှုနှုန်း ပိုမိုမြင့်တက်လာနိုင်ကြောင်း WTO ကဆိုပါသည်။ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးသည် ၇ ဒသမ  ၂ ရာခိုင်နှုန်းတိုးပွားလာနိုင်မည်ဟု WTO က ခန့်မှန်းနေပြီး အဆိုပါရာခိုင်နှုန်းသည် ကပ်ရောဂါမတိုင်မီကာလက အနေအထားထက် လျော့နည်းနေသေးကြောင်း ဆိုပါသည်။

 နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့