Main menu

Background

ပန်-ပေပုပင်လယ်ကွေ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအပေါ် မြန်မာကောင်စစ်ဝန်ချုပ် ချီးကျူးပြောကြား

Fri, 10/16/2020 - 13:20 -- journal_editor

ပန်-ပေပုပင်လယ်ကွေ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အလွန်အရေးပါကြောင်း နန်နင်းမြို့မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင် စစ်ဝန်ချုပ် ဉီးစိုးသက်နောင်က  ချီးကျူးပြောကြားခဲ့ပါသည်။

 “ကျွန်ုပ်အနေဖြင့် (၁၀)ကြိမ်တိုင်တိုင် ကျင်းပပြီးစီးခဲ့သည့် ပန်-ပေပုပင်လယ် ကွေ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်များအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပထမ ဉီးစွာပြောကြားလိုပါကြောင်း၊  (၁၁)ကြိမ်မြောက် ဖိုရမ်၌ တရုတ်နှင့် အာဆီယံနိုင်ငံများ အကြား နယ်ပယ်အမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်ရန် ထပ်မံဆွေးနွေးနိုင်မည်ဟု မျှော်လင့် ပြီး၊ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်းစင်္ကြံ  ၊ စီးပွားရေးနှင့် ကုန်သွယ်ရေး စသည် တို့ကိုခြုံငုံသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးရလဒ်များ ပိုမိုပေါ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း”  အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကျင်းပ သည့် (၁၁)ကြိမ်မြောက် ပန်-ပေပုပင်လယ်ကွေ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဖိုရမ်အကြိုအင်တာဗျူးတွင် ဉီးစိုးသက်နောင်က ပြောကြားခဲ့ပါသည်။

ပန်-ပေပုပင်လယ်ကွေ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံက တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

ပန်-ပေပုပင်လယ်ကွေ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင်အောက်တွင် နယ်ပယ်အများအပြား၌ မြန်မာနိုင်ငံနှင့်ကွမ်ရှီးတို့ အကျိုးဖြစ်ထွန်းရရှိလျက်ရှိကြကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့ရန်နှင့် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့တင်ပို့ရန် ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ချင်းကျိုးဆိပ်ကမ်းအား မြန်မာနိုင်ငံမှ ဆိပ်ကမ်းများနှင့် ညီအစ်မဆိပ်ကမ်းဆက်ဆံရေးတည်ဆောက်ရန် ရည်ရွယ်ထား ကြောင်း မြန်မာကောင်စစ်ဝန်ချုပ်က မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

လက်ရှိအချိန်၌ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့မှာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းအပေါ် ဆောင်ရွက်နေကြပြီး ၎င်းစင်္ကြံမှာတရုတ်နိုင်ငံနှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်တို့အား ကုန်းလမ်းမှ ဆက်သွယ်ထားသည့် စီးပွားရေး စင်္ကြံဖြစ်လာမည်ဖြစ်ပါသည်။ 

ပန်-ပေပုပင်လယ်ကွေ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှာ ဖွံ့ဖြိုးလာပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်းစင်္ကြံအသစ်တို့အား အနာဂတ်တွင် ချိတ်ဆက်နိုင်မည်ဟု မြန်မာ ကောင်စစ်ဝန်ချုပ်က မျှော်လင့်ထားပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၁၄-၁၀-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နန်နင်းမြို့