Main menu

Background

အားလပ်ရက်ရှည်ကာလအတွင်း နန်နင်းမြို့၏ သုံးစွဲမှု ဆက်လက်တိုးတက်လာသည်ကို တွေ့ရှိရ

Fri, 10/16/2020 - 13:25 -- journal_editor

တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် ဆောင်းဉီးရာသီအလယ် ပွဲတော်ကာလအားလပ်ရက်ရှည်ကာလအတွင်း နန်နင်းမြို့ရှိ စီးပွားရေးလုပ်ငန်းများဆောင်ရွက်သည့် နေရာ ၁၉ ခု၊ အဆင့်မြင့်ကုန်တိုက်များနှင့် စူပါမားကက်များမှ စုစုပေါင်း ယွမ်ငွေ ၅၇၀ သန်းဖိုးရောင်းချခဲ့ရရာ ယခင်နှစ်ပိတ်ရက်ရှည်ကာလကထက် ၉ ဒသမ ၁ ရာခိုင်နှုန်းတိုး တက်လာသည်ကို တွေ့ရကြောင်း နန်နင်းကူးသန်းရောင်းဝယ်ရေးဗျူရိုက ထုတ်ပြန်ကြေညာခဲ့ပါသည်။

အရောင်းမြှင့်တင်ရေးအစီအစဉ်အမျိုးမျိုးအား ပြုလုပ်ခဲ့ကြသော ဈေးရောင်းစင်တာများ၊ အားလပ်ရက်အပန်းဖြေနှင့် ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်ကြသောနေရာများတွင် လာရောက်လည်ပတ်ကြသူများဖြင့် ပြန်လည်စည်ကားခဲ့ပြီး ရောင်းအားမှာလည်း စံချိန်တင်မြင့် တက်လာနေပါသည်။ Mixc Shopping Mall ၊ Hangyang Shopping Mall၊ Anji Wanda Plazaနှင့် အခြားစီးပွားရေးလုပ်ငန်းများဆောင်ရွက်နေကြသည့် နေရာများသို့ လာရောက်လည်ပတ်သူ ဉီးရေမှာ ယခင်နှစ်ဉီးရေ၏ ၉၉ ဒသမ ၁ ရာခိုင်နှုန်းအထိပင် ပြန်လည် ရောက်ရှိလာသည်ကို တွေ့ရပါသည်။ တစ်ချိန်တည်းမှပင် ရောင်းချမှုတန်ဖိုးမှာ ယခင်နှစ် ကထက် ၁၅ ဒသမ ၅  ရာခိုင်နှုန်းတိုးတက်လာပါသည်ဟု သိရပါသည်။

ရင်းမြစ်၊ Nanning Evening News  (၁၀-၁၀-၂၀၂၀)

 ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နန်နင်းမြို့