Main menu

Background

လူတစ်ဉီးချင်းငွေသုံးစွဲမှုဖြင့် တိုင်းတာထားသည့် တရုတ်နိုင်ငံ၏ ထိပ်တန်းမြို့ကြီးများ

Fri, 10/16/2020 - 13:40 -- journal_editor

ဘဏ္ဍာရေးဆိုင်ရာ သတင်းမီဒီယာတစ်ခုဖြစ်သည့် Yicai.comက ၂၀၁၉ ခုနှစ်အတွင်း လူတစ်ဉီးချင်းပျမ်းမျှငွေသုံးစွဲမှု ယွမ်သုံးသောင်းအထက်ရှိသည့် မြို့ကြီးများ၏ စာရင်းအား ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၎င်းမြို့ကြီးများစာရင်း၌ တရုတ်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ စီးပွားရေးဖွံ့ဖြိုးပြီးမြို့ကြီးများ အများစုပါဝင်နေသည်ကို တွေ့ရပါသည်။

၎င်းမြို့ကြီးများ၏ စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေသော ရှန်ဟိုင်းမြို့တွင် ၂၀၁၈ ခုနှစ်က လူတစ်ဉီးချင်းငွေသုံးစွဲမှုပမာဏထက် ၅ ဒသမ ၂ ရာခိုင်နှုန်းပိုမိုလာခဲ့ကာ ၎င်းမြို့၏ စားသုံးမှုစွမ်းရည်မှာ နှစ်စဉ်လျင်မြန်စွာမြင့်တက်လာ ကြောင်း တွေ့ရပါသည်။

ရှန်းကျန့်နှင့် ပေကျင်းမြို့များတွင် နေထိုင်သူများ၏ ၂၀၁၉ ခုနှစ်အတွင်း လူတစ်ဉီးချင်းငွေ သုံးစွဲမှုမှာ  ယွမ်ငွေ ၄၃၀၀၀ အထက်ရှိခဲ့ပါသည်။ တောင်ပိုင်းမြို့ တစ်မြို့ ဖြစ်သည့် ကွမ်ကျိုး မြို့တွွင် နေထိုင်သူများ၏ လူတစ်ဉီးချင်း ပျမ်းမျှ ငွေသုံးစွဲမှုမှာ ယွမ်ငွေ ၄၁၉၉၉ ရှိခဲ့သည်ကို တွေ့ရသဖြင့် ကွမ်ကျိုးမြို့၏ စားသောက်ဆိုင်လုပ်ငန်းများမှာ ဆက်လက်အားကောင်းနေဆဲဖြစ်ပြီး ဒေသခံပြည်သူများ၏ လူတစ်ဉီးချင်း စားသုံးမှုအပေါ် ငွေသုံးစွဲမှုမှာ နှစ်များစွာကတည်း ကပင် ဆက်တိုက်အမြင့်ဆုံးဖြစ်လာလျက်ရှိသည်ဟု  Yicai.comက ဆန်းစစ်ခဲ့ပါ သည်။

တရုတ်နိုင်ငံ၏ လူတစ်ဉီးချင်းငွေသုံးစွဲမှု အမြင့်ဆုံး မြို့ကြီး ၃၅ မြို့စာရင်း၌ အဆင့် (၅) နေရာ၌ ရပ်တည်နေသော ဟန်ကျိုးမြို့မှာ တရုတ် e-commerceအချက်အချာ နေရာနှင့် Alibaba လုပ်ငန်းရုံးစိုက်ရာမြို့ဖြစ်ပါသည်။  ခိုင်မာအားကောင်းသော ဒစ်ဂျစ် တယ်စီးပွား ရေးက မောင်းနှင်ပေးသောကြောင့် ၂၀၁၉ ခုနှစ်အတွင်း ဟန်ကျိုးမြို့ရှိ လူတစ်ဉီးချင်း ငွေသုံးစွဲမှုမှာ  ယွမ်ငွေ ၄၀၀၁၆ ထိ ရှိလာခဲ့သည်ကို တွေ့ရပါသည်။

တရုတ်နိုင်ငံ၏ လူဉီးရေစုစုပေါင်းအနက် ၄၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသ များတွင် နေထိုင်ကြပါသည်။ ၎င်းကျေးလက်လူဉီးရေ၏  ငွေသုံးစွဲမှုမှာ အိမ်ထောင်စုများ စုစုပေါင်းသုံး စွဲမှု၏ ၂၂ ရာခိုင်နှုန်းမျှသာ ပါဝင်နေသဖြင့် တရုတ် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု အား မြှင့်တင် ရန် ကျေးလက်နေပြည်သူများ၏ စားသုံးမှုအဆင့်အားတိုးတက်လာစေရေး တွန်းအားပေး ဆောင်ရွက်ပေးပါက အကြီးမားဆုံးအလားအလာဖြစ်လာနိုင်ကြောင်း Chinese Academy of Social Scienceမှ ဒုတိယဉက္ကဌ Cai Fangက မှတ်ချက်ပြုပြောကြားထားပါသည်။

တရုတ်နိုင်ငံရှိ လူတစ်ဉီးချင်း ငွေသုံးစွဲနိုင်မှုအမြင့်ဆုံး ထိပ်တန်းမြို့ကြီး ၁၀ မြို့ မှာ အများမှ အနည်းသို့ အစဉ်လိုက်အားဖြင့် အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည် -

အဆင့် (၁) ရှန်ဟိုင်းမြို့ (လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၄၅,၆၀၅ ယွမ်)

အဆင့် (၂) ရှန်းကျန့်မြို့ (လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၄၃,၁၁၃ ယွမ်)

အဆင့် (၃) ပေကျင်းမြို့ (လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၄၃,၀၃၈ ယွမ်)

အဆင့် (၄) ကွမ်ကျိုးမြို့(လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၄၁,၉၉၉ ယွမ်)

အဆင့် (၅) ဟန်ကျိုးမြို့ (လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၄၀,၀၁၆ ယွမ်)

အဆင့် (၆) ကျိုးဟိုင်မြို့ (လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၃၈,၂၁၂ ယွမ်)

အဆင့် (၇) ဖော်ဆန်းမြို့ (လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၃၇,၁၆၀ ယွမ်)

အဆင့် (၈) ရှမန်မြို့ (လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၃၆,၈၀၉ ယွမ်)

အဆင့် (၉) ချန်းရှမြို့ (လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၃၆,၁၅၈ ယွမ်)

အဆင့် (၁၀) တုန်းကွမ်မြို့ (လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၃၅,၇၃၀ ယွမ်)

ရင်းမြစ်၊ Chinadaily (၁၂-၁၀-၂၀၂၀)

 ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နန်နင်းမြို