Main menu

Background

စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ စားသုံးသူဈေးနှုန်းအညွှန်းကိန်း အနည်းငယ်သာ မြင့်တက်ခဲ့

Fri, 10/16/2020 - 13:50 -- journal_editor

စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ စားသုံးသူဈေးနှုန်းအညွှန်းကိန်း (consumer price index - CPI)မှာ ၁ ဒသမ ၇ ရာခိုင်နှုန်းသာမြင့်တက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၎င်းအညွှန်းကိန်းမှာ ငွေကြေး ဖောင်းပွမှုအား တိုင်းတာရာတွင် အဓိကကျသော အညွှန်းကိန်းတစ်ခုဖြစ်ပါသည်။

ထိုကဲ့သို့မြင့်တက်ခဲ့သော်လည်း သြဂုတ်လအတွင်း မြင့်တက်ခဲ့သည့် ၂ ဒသမ ၄ ရာခိုင်နှုန်း အောက်လျော့နည်းလာသည်ကို တွေ့ရပါသည်။

ထိုသို့လျော့နည်းလာရခြင်းမှာ စားသောက်ကုန်ဈေးနှုန်းများ (အထူးသဖြင့် ဟင်းသီးဟင်း ရွက်နှင့် ဝက်သားဈေးနှုန်းများ) အသင့်အတင့်ပြန်လည်ဖြစ်လာခြင်းကြောင့် ဖြစ်ကြောင်း အကြီးတန်းစာရင်းအင်းသုတေသီက ဖြေကြားခဲ့ပါသည်။

တရုတ်နိုင်ငံ၏ CPI တွင် သုံးပုံတစ်ပုံနီးပါး ပါဝင်နေသည့် စားသောက်ကုန် ဈေးနှုန်းများမှာ စက်တင်ဘာလအတွင်း ယခင်လကထက် သုည ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။ သို့ရာတွင် ယခင်လအတွင်း စားသောက်ကုန်ဈေးနှုန်း မြင့်တက်ခဲ့မှုရာခိုင်နှုန်းဖြစ်သည့် ၁ ဒသမ ၄ ရာခိုင်နှုန်းမှ လျော့လည်းလာသည်ကို တွေ့ရပါသည်။

ယခုနှစ် ပထမကိုးလအတွင်း တရုတ်နိုင်ငံ၏ CPIမှာ ယခင်နှစ်ကထက် ၃ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်ကို တွေ့ရပါသည်။

နောက်ဆုံးရအချက်အလက်များအရ စက်ရုံ၏ကုန်ပစ္စည်းထုတ်လုပ်မှု ကုန်ကျစရိတ်များကို တိုင်းတာသည့် တရုတ်နိုင်ငံ၏ ထုတ်လုပ်သူဈေးနှုန်း အညွှန်းကိန်းမှာ စက်တင်ဘာလအတွင်း ယခင်နှစ်ကထက် ၂ ဒသမ ၁ ရာခိုင်နှုန်းကျ ဆင်းခဲ့ကြောင်း သိရပါသည်။

ရင်းမြစ်၊ Xinhua (၁၅-၁၀-၂၀၂၀)

 ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နန်နင်းမြို