Main menu

Background

အီးယူနှင့်သဘောတူညီချက်ရရှိရေးဆောင်ရွက်ရန် ဗြိတိန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ တိုက်တွန်း

Fri, 10/23/2020 - 10:37 -- journal_editor

ဗြိတိန်ခွဲထွက်မှုအလွန် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရေးအတွက် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သွားရန် လုပ်သားအရေအတွက် (၇) သန်းကျော်ပါဝင်သည့် ဗြိတိန်နိုင်ငံ၏ စီးပွားရေး လုပ်ငန်း ပေါင်း (၇၀) ကျော်က တိုက်တွန်းခဲ့ကြောင်း သိရသည်။  အဆိုပါစီပွားရေးလုပ်ငန်းများအနေဖြင့် ကုန်သွယ်မှုသဘောတူညီချက်မရရှိဘဲ ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာမှုကို တားဆီးနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ လုပ်ငန်းကဏ္ဍအမျိုးမျိုးကို ကိုယ်စားပြုထားသော စီးပွားရေးလုပ်ငန်း ဦးဆောင်သူများအနေဖြင့် အီးယူနှင့်ဗြိတိန်တို့အကြား သဘောတူညီမှုတစ်ရပ် ရရှိစေလိုကြသည်ဟု ပြောကြားသည်။ ဗြိတိန်ခွဲထွက်မှုအလွန် ကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာ ဆွေးနွေးမှုများတွင် တိုးတက်မှုမရှိသဖြင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဗြိတိန်နိုင်ငံသည် သဘောတူညီမှုမရရှိ သောခွဲထွက်မှု (no-deal) အတွက် ပြင်ဆင်ထားသင့်သည်ဟု ပြောကြားခဲ့သည်။

၂။         Brexit ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများအပေါ် သဘောတူညီချက်ရရှိနိုင်ရေး အီးယူ၏ အကျိုး စီးပွားနှင့်စပ်လျဉ်းသည့် အဓိကကိစ္စရပ်များ၌ လုံလောက်သည့်ဖြစ်ပေါ်တိုးတက်မှုမရရှိသေးကြောင်း ဥရောပကောင်စီ၏ထိပ်သီးဆွေးနွေးပွဲတွင် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များအကြား သဘောတူညီခဲ့ကြပြီးနောက်တွင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဗြိတိန်နိုင်ငံသည် သဘော တူညီမှုမရရှိဘဲခွဲထွက်မှု (no deal) အတွက် အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားရန် အချိန်ကျ ရောက်ပြီ ဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရင်းမြစ် -  (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့