Main menu

Background

ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် မသေချာမရေရာမှုများ ဖြစ်ပေါ်နေ

Tue, 11/03/2020 - 14:33 -- journal_editor

ဘရာဇီးလျားမြို့၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်။ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုနှုန်းအား the Gross Fixed Capital Formation (GFCF) နည်းစနစ်ဖြင့်တွက်ချက်ပြီး စက်ပစ္စည်းထုတ်လုပ်မှု၊ ကြာရှည်ခံသည့် ကုန်စည်များ
ထုတ်လုပ်မှု၊ ထုတ်လုပ်မှုအရည်အသွေးတိုးတက်စေမှုနှင့် မြို့ပြဆောက်လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ မှုများအပေါ် တွက်ချက်တိုင်းတာထားသည်။ဂျီဒီပီတွက်ချက်မှုတွင် ပါဝင်သည့်အချက်များ တိုးတက်လာမှုသည် တိုင်းပြည် ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခံစားနိုင်ရန်အတွက် အခြေခံအကျဆုံးဖြစ်ပြီးလာမည့် နှစ် အနည်းငယ်အတွင်း နိုင်ငံ၏စီးပွားရေး အရှိန်အဟုန် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်သူများ ပိုမိုကြွယ်ဝချမ်းသာလာမည်ဖြစ် သည်။ သို့ရာတွင် ၁၉၈၀ ခုနှစ်နောက်ပိုင်းဘရာဇီးလ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးတက်မှုနှုန်းမှာ သုည ဒသမ ၅ ရာခိုင်နှုန်းသာ ရှိနေခဲ့သည်။ဘရာဇီးလ်နိုင်ငံအစိုးရသည် ပြည်သူများ၏ အခြေခံဝင်ငွေတိုးတက်အောင် လုပ်ဆောင် ခြင်းမရှိဘဲ လက်ရှိဝင်ငွေအား လျော့နည်းမသွားအောင် ထိန်းသိမ်းထားသည့်မူဝါဒများကိုသာ ချမှတ်ဆောင်ရွက်နေကြောင်း The Brazilian Institute of Economics စီးပွားရေးပညာရှင် Considera ကပြောကြားခဲ့သည်။ ကိန်းဂဏန်းတွက်ချက်မှုများအရ နိုင်ငံ၏ဂျီဒီပီတိုးတက်နှုန်းသည် သုံးနှစ်ဆက်တိုက်အတွင်း တစ်ရာခိုင်နှုန်းသာရှိခဲ့သဖြင့် လူဦးရေတိုးနှုန်းနှင့်နှိုင်းယှဉ်တွက်ချက်ပါက တစ်ဦးချင်းဝင်ငွေရရှိမှုနှုန်းမှာ တိုးတက်လာခြင်းမရှိကြောင်း တွေ့ရှိရသည်။ ထို့ကြောင့်ဘရာဇီးလ်နိုင်ငံ၏ စီးပွားရေးပိုမိုကောင်းမွန်လာစေမည့် ရင်နှီးမြှုပ်နှံမှု များပိုမိုဝင်ရောက်လာအောင် ဆောင်ရွက်နိုင်မည့်အပေါ်တွင် မေးခွန်းများထုတ်လျက်ရှိသည်။ ဘရာဇီးလ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာရေးတွင် မသေချာမရေရာမှုများရှိနေသည်။ ၎င်းတို့အနက်မှ အကောက် အခွန်ဆိုင်ရာကဏ္ဍသည် အကြီးမားဆုံးဖြစ်သည်။ ကူးစက်ရောဂါ ပြန့်ပွားမှုထိခိုက်မှုကြောင့် အစိုးရကပေးဆပ်ရမည့် ကြွေးမြီများသည် ယခုနှစ် ဂျီဒီပီ၏ ၁၀၀ ရာခိုင်နှုန်းနီးပါး ဖြစ်ပေါ်လျက်ရှိရာ စီးပွားရေးထွန်းသစ်စ ဘရာဇီးလ်နိုင်ငံအတွက် ခေါင်းခဲစရာဖြစ်နေသည်။

အဓိကပြဿနာမှာ အစိုးရအသုံးစရိတ်ကြောင့် ယခင်နှစ်ကဖြစ်ပေါ်ခဲ့သော ငွေကြေးဖောင်းပွမှုအတွက် အစိုးရဘဏ္ဍာငွေအသုံးစရိတ်ကန့်သတ်ချက်ကို လိုက်နာဆောင်ရွက်သွားရမည်ဖြစ်သည်။ အစိုးရ၏ ငွေကြေးဆိုင်ရာ မူဝါဒ အားနည်းချက်များကြောင့် ပြည်တွင်းငွေတန်ဖိုးကျဆင်းခဲ့ပြီး အခြေခံဘဏ်အတိုးနှုန်းမှာ နှစ်ရာခိုင်နှုန်း အထိ တိုးမြင့်ခဲ့သဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ပိုမိုလက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း ဈေးကွက်သတင်းများကဖော်ပြသည်။ အခြေခံအတိုးနှုန်းများမြင့်တက်ခြင်း၏ အကျိုးဆက်အနေဖြင့် ကုမ္ပဏီလုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များပြုလုပ်ရန် ချေးငွေရယူမှုအပေါ် ကြီးမားသောဝန်ထုပ်ဝန်ပိုးကို ဖြစ်စေခဲ့သည်။ ထို့အပြင် အစိုးရ၏ကြွေးမြီ အကြပ်အတည်းအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်စိတ်များ မြင့်တက်စေခဲ့ကြောင်း စီးပွားရေးပညာရှင် Considera က ထောက်ပြပြောဆိုခဲ့သည်။ အစိုးရ၏ ဘဏ္ဍာငွေအသုံးစရိတ် ကန့်သတ်ချက်အပေါ်လိုက်နာရန်ပျက်ကွက်မှုသည် ရင်းနှီးမြှုပ်နှံသူများအား ငွေကြေးဆိုင်ရာမလုံခြုံမှုကို ဖြစ်ပေါ်စေခဲ့သည်။ ထို့အပြင် နိုင်ငံခြားငွေရရှိမှုအခြေအနေသည် ဝင်ငွေထက်သုံးငွေက ပိုမိုများပြားနေသည်။ ဘရာဇီးလ်အစိုးရအနေဖြင့် စီးပွားရေးပတ်ဝန်းကျင် ကောင်းဖြစ်ပေါ် စေရန်အတွက်အခွန်ကောက်ခံမှုကဲ့သို့ခေတ်မမီသောဖွဲ့စည်းပုံအဆင့်များပြင်ဆင်ရေးကို ဖြေရှင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ အဆိုပါ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များကသာနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင် နိုင်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် Considera ကပြောကြားခဲ့သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး