Main menu

Background

ဇီဝလောင်စာဆီအတွက် အစိုးရကအာမခံချက်မပေးမီ ဘရာဇီးလ်နိုင်ငံ၏ပဲပုတ်စေ့တင်သွင်းမှု ယခင်နှစ်ကထက် ၅၀၀ ရာခိုင်နှုန်း အထက်သို့ ရောက်ရှိမည်

Wed, 11/25/2020 - 12:10 -- journal_editor

ပြည်တွင်း၌ ပဲပုပ်စေ့ပြတ်လပ်နေချိန်တွင် သွင်းကုန်သီးနှံကုန်ကြမ်းကိုအသုံးပြု၍ ဇီဝလောင်စာဆီထုတ်လုပ်မှုအပေါ် အစိုးရကအားပေးထောက်ခံမှုမပြုမီ ဒီဇယ်ဆီတွင်ပါဝင်ရမည့် ဇီဝလောင်စာသတ်မှတ်ချက်အတွက် နည်းလမ်း တစ်ရပ်အဖြစ် ဟင်းသီးဟင်းရွက်ဆီကို ယခင်နှစ်ထက် ၅၀၀ ရာခိုင်နှုန်းပိုမိုတိုးမြှင့်တင်သွင်းခဲ့မှုအပေါ် ဘရာဇီးလ်စက်မှုလုပ်ငန်းရှင်များက စောင့်ကြည့်လျက်ရှိသည်။

သမ္မတ Bolsonaro ဦးဆောင်သောအစိုးရ၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ လတွင် အစိုးရမှတင်ဒါစနစ်ဖြင့် ၂၀၂၁ ခုနှစ် ပထမနှစ်လစာအတွက်ဇီဝလောင်စာအား ဝယ်ယူသွားမည်ဖြစ်ရာ သက်ဆိုင်ရာကဏ္ဍမှ လုပ်ငန်း ရှင်များပါဝင်လုပ်ကိုင်နိုင်ရန် တာဝန်ရှိသူများအနေဖြင့် ပဲပုပ်စေ့ဆီကိုပုံမှန်ပမာဏဖြင့် ဆက်လက်တင်သွင်းလိုကြောင်း the Brazilian Union of Biodisel and Biojetfuel(Ubrabio) အသင်းကပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်အတွင်း ပြည်တွင်းဈေးကွက်တွင် ပဲပုပ်စေ့များပြတ်လပ်ကာ ဈေးနှုန်းများအဆမတန်မြင့်တက်မှုကြောင့် ပဲစိုက်တောင်သူများက ပဲပုပ်စေ့များပိုမိုစိုက်ပျိုး ခဲ့ကြသည်။ ဘရာဇီးလ်နိုင်ငံတွင် ပဲပုပ်စေ့များကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၌ စတင်ရိတ်သိမ်းမည်ဖြစ်ရာ ပြည်တွင်းပဲပုပ်စေ့ရိတ်သိမ်းချိန်တွင် ပြည်ပမှတင်သွင်းမှုများနှင့် ပြည်တွင်း၌ပိုမိုစိုက်ပျိုးထွက်ရှိမှုတို့ကြောင့် ဈေးနှုန်းများကျဆင်းကာ ပဲပုပ်စေ့တောင်သူများအား ထိခိုက်နစ်နာမည့် အခြေ အနေဖြစ်ပေါ်လျက်ရှိသည်။

ပြည်တွင်းကြိတ်ခွဲမှုများအတွက် လိုအပ်သောပဲပုပ်စေ့ကုန်ကြမ်းများကို ပြည်ပမှတင်သွင်းလျက်ရှိပြီး လိုအပ်ချက်ပြည့်မီရန်အတွက် ပိုမိုတင်သွင်းရန်လိုကြောင်း၊ ထို့အပြင် ပဲပုပ်စေ့ဆီဈေးနှုန်းများမှာလည်း မြင့်တက်ဆဲဖြစ်သဖြင့် ဆီတင်သွင်းမှုကိုလည်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း Brazilian Biodiesel and Biokerosene Union(Ubrabio)က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံ၏ ပဲပုပ်စေ့ဆီတင်သွင်းမှုသည် အောက်တိုဘာလတစ်လအတွင်း တန်ချိန် ၆၇၃၀၀ တင်သွင်းခဲ့ရာ ယခင်နှစ်ကာလတူတွင် တင်သွင်းခဲ့သည့် တန်ချိန် ၁၀၆၀၀ နှင့်နှိုင်းယှဉ်ပါက တဟုန်ထိုးမြင့်တက်ခဲ့သည်။

ယခင်လက ပဲပုတ်စေ့ဆီတင်သွင်းမှုသည် ၂၀၂၀ ပြည့်နှစ်၏ ဆီတင်သွင်းမှုပမာဏကို ပိုမိုမြင့်တက်စေခဲ့ပြီး စုစုပေါင်းတင်သွင်းပြီးပဲပုတ်စေ့ဆီမှာ တန်ချိန် ၁၀၄၂၀၀ ဖြစ်သည်။ ယင်းပမာဏသည် ၂၀၁၉ ခုနှစ်၊ ကာလတူ တင်သွင်းမှုနှင့်နှိုင်းယှဉ်ပါက  တန် ၃၀၀၀၀ ခန့်လျော့နည်းသွားသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းမှုများတွင် အာဂျင်တီးနားနိုင်ငံမှ တန်ချိန် ၈၁၃၀၀ နှင့် ပါရာဂွေးနိုင်ငံမှ တန်ချိန် ၂၂၈၀၀ တို့ အသီးသီးပါဝင်ကြောင်း အစိုးရ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ထို့အပြင် ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှု မြင့်တက်လာခြင်းအပါအဝင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဘရာဇီးလ်နိုင်ငံ၏ ပဲပုပ်စေ့တင်သွင်းမှုစုစုပေါင်းမှာ တန်ချိန် ၆၂၅၅၀၀ ဖြစ်သည်။ တင်သွင်းမှုပမာဏ အများစုကို လက်တင်အမေရိက အဖွဲ့ဝင်နိုင်ငံများ(Mercosur)မှ တင်သွင်းခြင်းဖြစ်ပြီး ပါရာဂွေးမှတန်ချိန် ၅၈၉၀၀၀ နှင့် ဥရုဂွေးမှတန်ချိန် ၃၆၃၀၀ တို့လည်းပါဝင်သည်။ ယခင်နှစ်ကာလတူ တင်သွင်းမှုမှာ တန်ချိန် ၁၂၅၀၀၀ ဖြစ်သည်။

ဘရာဇီးလ်နိုင်ငံသည် ယခင်လများကပို့ကုန်အမြောက်အမြားတင်ပို့ခဲ့မှုကြောင့် ၂၀၂၀ ပြည့်နှစ်မကုန်မီကပင်  ပြည်တွင်း၌ ပဲပုပ်စေ့လက်ကျန်နည်းပါးလာသည့်အတွက် ပင်လယ်ရေကြောင်းမှတင်သွင်းမှုအပေါ်တွင် မှီခိုအားထား နေရ သည်။

တရုတ်နိုင်ငံ၏ ဝယ်လိုအားတိုးလာမှုနှင့် နိုင်ငံခြားငွေဈေးနှုန်းမြင့်တက်မှုတို့ကြောင့် နိုဝင်ဘာလမတိုင်မီအထိ ပဲပုတ်စေ့တန်ချိန် ၈၂.၂ သန်းတင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူတွင် တန်ချိန် ၆၉ ဒသမ ၉ သန်းသာတင်ပို့ခဲ့ကြောင်း ပဲပုပ်စေ့ တင်ပို့မှု စာရင်းဇယားများကို ကိုးကား၍ National Association of Cereal Exporters (Anec)က ပြောကြားခဲ့သည်။

ဈေးကွက်ပြိုင်ဆိုင်မှုများ

The Brazilian Biodiesel and Biokerosene Union( Ubrabio )အသင်း၏ အချက် အလက်များအရ ပြည်တွင်းတွင်သုံးစွဲနေသည့် ဇီဝလောင်စာ၏ ၄၀ ရာခိုင်နှုန်းကို ပြည်တွင်း လုပ်ငန်းရှင်များကထုတ်လုပ်သည်။ ပဲပုပ်စေ့ကုန် ကြမ်းများကို တင်သွင်းခွင့်ပြုခြင်းဖြင့် ပြည်တွင်းလုပ်ငန်းရှင်များ၏ ဈေးကွက်ပြိုင်ဆိုင်နိုင်မှုနှင့် ဈေးနှုန်းခိုင်မာမှုတို့ ကျဆင်းလာမည် ဖြစ်သည်။ ထို့အပြင် ဇီဝလောင်စာဆီတင်သွင်းမှုကို ဆန့်ကျင်နေသော်လည်း လောင်စာဆီ ဖြန့်ဖြူးမှု အပိုင်းတွင် အဆင်မပြေမှုများကြောင့် ဇီဝလောင်စာဝယ်ယူသူများနှင့် ဖြန့်ဖြူးသူများအကြားတွင် မကျေလည်မှုများရှိလာခဲ့သည်။

မကြာသေးမီကာလက ယာယီဖြေလျှော့ပေးထားသည့် ဇီဝလောင်စာသတ်မှတ်ချက် အပေါ်  ထောက်ပြပြောဆိုခဲ့ပြီး သွင်းကုန်ကုန်ကြမ်းကို အသုံးပြု၍ထုတ်လုပ်နေရသဖြင့် ဒီဇယ်ဆီတွင် ဇီဝလောင်စာပါဝင်မှုနှုန်းအား ၁၂ ရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်ပေးရန်  Ubrabio အသင်းက တောင်းဆိုခဲ့သည်။ သို့မှသာ ဇီဝလောင်စာထုတ်လုပ်ရန်အတွက် တင်သွင်းထားသည့် ပဲပုပ်စေ့သွင်းကုန်သည် ပြည်တွင်းပဲပုပ်စေ့စိုက်ပျိုးထွက်ရှိလာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ လုံလောက်မှုရှိမည်ဖြစ်ကြောင်း Ubrabio အသင်း၏ အုပ်ချုပ်မှု ဒါရိုက်တာ  Donizete Tokarski က သတင်းဌာနသို့ပြောကြားခဲ့သည်။

အခြားနည်းလမ်းများ

အစိုးရ၏ဆောင်ရွက်ချက်များသည် ပဲပုတ်စေ့ကဏ္ဍတစ်ရပ်လုံးအပေါ်တွင် ညီမျှမှုမရှိ ဖြစ်နေသည်။ ပဲပုတ်စေ့ကုန်ကြမ်း တင်သွင်းမှုနှင့်ပတ်သက်သည့် အစိုးရဆောင်ရွက်ချက်များသည် တိကျ‌သောအချိန်ကာလ ကန့်သတ် ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားမှု မရှိကြောင်း၊ ဈေးကွက်မတည်ငြိမ်သဖြင့် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ကြိတ်ခွဲမှုလုပ်ငန်း ဆောင်ရွက်ရန်အတွက် အခက်အခဲများဖြစ်ပေါ်နေကြောင်း၊ အစိုးရ၏ ထုတ်ပြန်ချက်များ တွင်လည်း တင်သွင်းခွင့်ပြုမည့်တိကျသောကာလကန့်သတ်ချက်နှင့် တင်သွင်းခွင့်ပြုမည့်ပမာဏတို့ကို ဖော်ပြမထားကြောင်း၊ မူဝါဒများကို အစိုးရကလိုသလိုပြင်ဆင်ကျင့်သုံးနေသဖြင့် ဈေးကွက်တစ်ခုလုံး မတည်မငြိမ်ဖြစ်ပေါ် နေကြောင်း၊ ဈေးကွက်အပေါ် ကြိုတင်သုံးသပ်နိုင်မှုမရှိတော့ကြောင်း၊ အဆိုပါအကြောင်းရင်းများကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ်တွင်လည်း ထိခိုက်မှုများရှိကြောင်းကို ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်သူများအသင်း (Abiove)က သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကုန်သည်များနှင့် ပြည်တွင်လုပ်ငန်းရှင်များအား ကိုယ်စားပြုသည့်အသင်းအနေဖြင့် ကုန်ကြမ်းတင်သွင်း၍ ဇီဝလောင်စာထုတ်လုပ်ခြင်းကြောင့် ပြည်တွင်းရှိထုတ်လုပ်သူလုပ်ငန်းရှင်များ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် ထိခိုက်နိုင်သည့်အကြပ်အတည်းမှ ရှောင်ရှားနိုင်ရန်အတွက် တင်ဒါလုပ်ထုံးလုပ်နည်းအတိုင်း တိကျစွာသတ်မှတ်လုပ်ဆောင်ရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

အစိုးရ၏ ဆောင်ရွက်ချက်များသည် ဘရာဇီးလ်စက်မှုလုပ်ငန်းရှင်များအပေါ် ဆိုးကျိုးများ သက်ရောက်နေကြောင်း၊ ဘရာဇီးလ်စားသုံးသူများအပေါ် ထိခိုက်မှုများအပါအဝင် ပဲပုပ်စေ့အခွံနှင့်ဘေးထွက်ပစ္စည်းထွက်ရှိမှုနှင့် တိရစ္ဆာန် အစာထုပ်လုပ်မှုကွင်းဆက်အပေါ်သို့လည်း ထိခိုက်မှုများရှိနေကြာင်း အသင်းကဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဇီဝလောင်စာထုတ်လုပ်သူများအသင်း(The Association of Biofuel Producers in Brazil - Aprobio)ကလည်း ကုန်ကြမ်းတင်သွင်း၍ဇီဝလောင်စာထုတ်လုပ်မှုသည် အစိုးရ၏ရေတိုဖြေရှင်းမှုတစ်ရပ်အဖြစ်သာ ကျင့်သုံး ဆောင်ရွက်သင့်ကြောင်း ထောက်ခံပြောဆို ခဲ့သည်။

အစိုးရ၏ အစီအစဉ်အတွက်ထုတ်ပြန်ကြေညာချက်တွင် တင်သွင်းခွင့်ပြုမည့်ကာလကို အတိကျသတ်မှတ်ပေးရန်လိုအပ်ပြီး တစ်နိုင်ငံလုံးမှထွက်ရှိသည့် ပဲပုပ်စေ့ကုန်ကြမ်းများနှင့် ပေါင်းစပ်ထုတ်လုပ်ရမည်ဖြစ်ရာ the Seal. Social Biofuel အစီအစဉ်သည် တောင်သူများ၏ လူမှုဆိုင်ရာနှင့်ထုတ်လုပ်နိုင်မှုတို့အပေါ် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း အသင်းက ပြောကြားခဲ့သည်။

အစိုးရ၏ ဖြေရှင်းဆောင်ရွက်မှုများနှင့်အတူ အမျိုးသားစွမ်းအင်အေဂျင်စီ(National Agency of Petroleum)နှင့် အမျိုးသားသဘာဝဓါတ်ငွေ့နှင့် ဇီဝလောင်စာအသင်း(Natural Gas and Biofuels (ANP)တို့သည် ကုန်ကြမ်းတင်သွင်း ၍ဇီဝလောင်စာထုတ်လုပ်မည့် တင်ဒါခေါ်ယူမှု အတွက် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်သွားမည်ဖြစ်သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

သတင်းရင်းမြစ် - Brazilian soy oil imports soar more than 500% before guarantee for biodiesel