Main menu

Background

တရုတ်နိုင်ငံ၏ သွင်းကုန်ဈေးကွက်ချဲ့ထွင်မှုသည် ဘရာဇီးလ်နိုင်ငံကဲ့သို့သော တရုတ်ဈေးကွက်ကို မှီခိုအားထားနေသည့်နိုင်ငံများ၏ အနာဂတ်အတွက် ဖိအားသက်ရောက်မှုများဖြစ်ပေါ်

Fri, 12/11/2020 - 10:49 -- journal_editor

တရုတ်နိုင်ငံ၏ လူဦးရေးတိုးတက်မှုနှင့် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာမှုတို့ကြောင့် လူနှင့်တိရစ္ဆာန်တို့အတွက် အစားအစာလိုအပ်ချက်မြင့်မားလာရာ အဆိုပါလိုအပ်ချက် များအား အပြည့်အဝဖြည့်ဆည်းပေးနိုင်ရေးသည် တရုတ်နိုင်ငံဈေးကွက်သို့ တင်သွင်း လျက်ရှိသည့် ပို့ကုန်နိုင်ငံများအပေါ်တွင် တွန်းအားများဖြစ်ပေါ်ကြောင်း တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန်တင်သွင်းမှု ခေတ်သစ်သမိုင်းစာမျက်နှာက ဖော်ပြနေသည်။ တရုတ်နိုင်ငံ သည် မိမိတို့၏လိုအပ်ချက်များအား ဖြည့်ဆည်းနိုင်ရေးအတွက် မဟာဗျူဟာများချမှတ် ဆောင်ရွက်လျက်ရှိသည်။

အမေရိကန်နိုင်ငံနှင့်ဖြစ်ပွားလျက်ရှိသည့် နည်းပညာဆိုင်ရာ အငြင်းပွားမှုများ၊ နိုင်ငံရေးဝင်ရောက်စွက်ဖက်မှု အရှုပ်တော်ပုံများအပါအဝင် အဆုံးမသတ်သည့် ကုန်သွယ်ရေး စစ်ပွဲနောက်ပိုင်းတွင် မတည်ငြိမ်သော ဈေးကွက်အချို့အပေါ်မှီခိုရမှုနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နေရမှုတို့ကြောင့် လူဦးရေသန်း ၁၀၀၀ ကျော်လွန်လျက်ရှိသည့် အလယ်အလတ်လူတန်းစားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် ခြေကုန်လက်ပမ်း ကျလျက်ရှိသည်။ထို့ကြောင့် ‌ဘေဂျင်းစိုးရသည် ၎င်း၏ပြည်တွင်းလိုအပ်ချက်များအတွက် ပြည်ပမှတင်သွင်းနိုင်ရန် ကမ္ဘာ့ဈေးကွက်အတွင်း ကုန်သွယ်ဘက်နိုင်ငံများအား ပိုမိုတိုးချဲ့ ရှာဖွေလျက်ရှိသည်။

အဆိုပါ တရုတ်နိုင်ငံအစိုးရ၏အစီအမံများသည် ကာလတစ်ခုကြာသည်အထိ အချိန် ယူဆောင်ရွက်ရမည်ဖြစ်သည်။ ၎င်းတို့၏ကြိုးစားအားထုတ်မှုကြောင့် အနာဂတ်တရုတ် နိုင်ငံသည် နိုင်ငံအများစု၏ပို့ကုန်များအတွက် မှီခိုအားထားရမည့် သွင်းကုန်ဈေးကွက် ဖြစ်လာမည်ဖြစ်သည်။ နိုင်ငံအများစုအတွက်မူ ၎င်းတို့၏ပိုလျှံထုတ်လုပ်မှုများအား တရုတ် နိုင်ငံဈေးကွက်သို့တင်ပို့နိုင်မည့်အလားအလာနှင့် အာရှဈေးကွက်၏ လိုအပ်ချက်နှင့်ကိုက်ညီ သော ထုတ်လုပ်နိုင်မှုတို့သည် ၎င်းနိုင်ငံများ၏ တင်ပို့နိုင်မည့်ပမာဏနှင့် နိုင်ငံခြား ဝင်ငွေ ရရှိနိုင်မှုတို့အတွက် အရေးပါသောအချက်ဖြစ်သည်။

ယနေ့ဘရာဇီးလ်နိုင်ငံသည် သံရိုင်း၊ အမဲသားနှင့် ပဲပုပ်စေ့တင်ပို့လျက်ရှိသည့် ကမ္ဘာ့နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။

ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်များ

          အာဖရိကကြက်တုပ်ကွေးရောဂါဖြစ်ပွားပြီးနောက်ပိုင်းတွင် အိမ်နီးချင်းဗီယက်နမ်နိုင်ငံမှ ဝက်သားများအား ဝယ်ယူတင်သွင်းရန်ဆုံးဖြတ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ဝက်အသား ထုတ်လုပ်မှုကဏ္ဍ တိုးတက်လာစေရန်အတွက် ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ အရောင်း အဝယ်သဘောတူညီမှုကို ပြုလုပ်ခဲ့သည်။ ထို့အပြင် ကြက်တုပ်ကွေးရောဂါကြောင့် နိုင်ငံ အတွင်းရှိ မွေးမြူရေးခြံများမှ ကြက်ဝက်အမြောက်များကို သုတ်သင်ရှင်းလင်းခဲ့ရာ ပြည်တွင်း စားသုံးမှု အတွက် ပြည်ပမှအသားတင်သွင်းမှုများကိုပြုလုပ်ခဲ့ရသည်။ ဘရာဇီးလ်နိုင်ငံသည် တရုတ်ဈေးကွက်သို့ အမဲသားတင်သွင်းသည့်နိုင်ငံများစာရင်းတွင် အမြင့်ဆုံး နေရာသို့ ရောက်ရှိခဲ့ပြီး ဝက်သားနှင့် ကြက်သားများကိုလည်း တင်သွင်းလျက်ရှိသည်။

          အာဂျင်တီးနားနိုင်ငံတွင် Alberto Fernández ဦးဆောင်သော လက်ရှိအစိုးရ အဖွဲ့သည် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံရောင်းဝယ်မှုများတွင် တရုတ်ယွမ်ငွေအသုံးပြုရေးနှင့် ရင်းနှီးမြှုပ်နှံမှု များပြုလုပ်ရေးကတိကဝတ်များအပါအဝင် စီးပွားရေးဆိုင်ရာသဘော တူညီချက်အမြောက်အများကိုပြုလုပ်ခဲ့သည်။ ထို့အပြင် အာဂျင်တီးနားနိုင်ငံသည် ပဲပုပ်စေ့ အပါအဝင် သွင်းကုန်များတင်သွင်းလျက်ရှိသည့် တရုတ်နိုင်ငံ၏အရေးကြီးသော ကုန်သွယ် ဘက်နိုင်ငံဖြစ်သည်။

ပြီးခဲ့သည့်ရက်များက ပဲပုပ်စေ့စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရေးနှင့်ပတ်သက်၍ အရှေ့ အာဖရိကရှိ တန်ဇန်နီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးမှုအား တရုတ်နိုင်ငံထုတ် သတင်းစာများတွင် ဖော်ပြခဲ့သည်။ တန်ဇန်နီးယားနိုင်ငံသည် အာဖရိကရှိဧရိယာကျယ်ဝန်းသည့်နိုင်ငံများအနက်တစ်နိုင်ငံဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှုတွင် အလားအလာကောင်းများရှိကာ သဘာဝအရင်းအမြစ်များလည်း ပေါကြွယ်ဝကြောင်း တရုတ်နိုင်ငံအစိုးရက ရှုမြင်သုံးသပ်ခဲ့သည်။ ထို့ကြောင့် အခြား အာဖရိကနိုင်ငံများဖြစ်သည့် အီသီယိုးပီးယား၊ ဘူရန်ဒီနှင့် တောင်အာဖရိက နိုင်ငံတို့ကဲ့သို့ တန်ဇန်နီးယားမှ ကော်ဖီမှုန့်၊ လက်ဘက်ရည်၊ သစ်သီးဝလံများ၊ အမဲသားနှင့်ပဲပုပ်စေ့များကို တရုတ်တို့က ဝယ်ယူရန် ကတိကဝတ်များပြုလုပ်ခဲ့သည်။

အာဖရိကသည် တရုတ်နိုင်ငံ၏စက်မှုလုပ်ငန်းများအတွက် သံနှင့်သံမဏိသတ္တုရိုင်း များထုတ်လုပ်ခြင်း၊ ရှားပါးသတ္တုများ(rare earths)ထုတ်လုပ်ခြင်းအပါအဝင် မဟာဗျူဟာ မြောက်စီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တရုတ်နိုင်ငံ၏ အရေးပါသော‌ဒေသဖြစ်သည်။ တရုတ်နိုင်ငံအတွက် ဒုတိယအရေးပါသောဒေသမှာ လက်တင် အမေရိကဖြစ်သည်။

တရုတ်အစိုးရသည် သကြား၊ ပဲပုပ်စေ့နှင့် ဝက်သားတို့အား ပြည်တွင်းတွင် ပိုမို တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ကြက်/ဝက်တုပ်ကွေးရောဂါများကင်းစင်သွားပါက တရုတ်နိုင်ငံ၏ ၂၀၂၅ ခုနှစ် အသား ထုတ်လုပ်မှုသည် ၂၀၁၈ ခုနှစ် အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း မျှော်မှန်းလျက်ရှိသည်။ အသားထုတ်လုပ်မှုကဏ္ဍသည် တစ်လထက်တစ်လ တိုးတက် လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ အတွင်းတွင် ၃၁ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။

တရုတ်နိုင်ငံ၏ သွင်းကုန်ပမာဏ

          ၂၀၁၉ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့ခဲ့သည့်ပို့ကုန်တန်ဖိုးသည် ဘရာဇီးလ်ဟဲရာ ၆၃.၃ ဘီလီယံရှိခဲ့သည်။ ကုန်သွယ်မှုစာရင်းများအရ၂၀၂၀ ပြည့်နှစ်၏ ပထမ ၆ လတာကာလအတွင်း ဘရာဇီးလ်းနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့ခဲ့သည့် ပို့ကုန် တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၄၁.၂ ဘီလီယံဖြစ်ပြီး ယခင်နှစ်ကထက် ၄၀ ရာခိုင်နှုန်းပိုမို တင်သွင်းခဲ့သည်။ တရုတ်နိုင်ငံသို့တင်သွင်းခဲ့သည့် သွင်းကုန်များ၏ ၃၈ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများဖြစ်ပြီး ၎င်းတို့အနက် ပဲပုပ်စေ့ တင်သွင်းမှုသည် ၆၀ ရာခိုင်နှုန်းဖြစ်သည်။

တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့အကြား ဖြစ်ပွားခဲ့သည့် ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်နိုင်ငံသည်  ဘရာဇီးလ်နိုင်ငံမှပဲပုပ်စေ့များတင်သွင်းခဲ့ရာ ဘရာဇီးလ်နိုင်ငံအနေဖြင့် အကျိုးအမြတ်များစွာရရှိခဲ့သည်။၂၀၂၀ ပြည့်နှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ ပဲပုပ်စေ့တင်ပို့မှုမှာ  တန်ချိန် ၈၂ သန်းကျော်ရှိပြီး၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တို့ထက် ၁၃ ရာခိုင်နှုန်းကျော် ပိုမို တင်ပို့နိုင်ခဲ့သည်။

          ဘရာဇီးလ်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အမဲသားတင်ပို့မှုသည် ယခင်နှစ်များ နှင့်နှိုင်းယှဉ်ပါ က ၂၀၁၅ ခုနှစ်ကထက် ၈၀၂ ရာခိုင်နှုန်းကျော်နှင့် ၂၀၁၉ ခုနှစ်ကထက် ၇၁ ရာခိုင်နှုန်း ကျော်အထိ ပိုမိုတိုးတက်လာခဲ့ကြောင်း၊ တိုးတက် လာရခြင်းမှာ တရုတ်နိုင်ငံမှ အဓိက တင်သွင်းခဲ့မှုကြောင့်ဖြစ်ကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေး အကြံပေးကုမ္ပဏီ Agrifatto က သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ်အတွင်းတရုတ်နိုင်ငံ၏သားငါးတင်သွင်းမှုကြောင့် ဘရာဇီးလ် အသားထုတ်လုပ်သူများအား လာမည့်နှစ်များတွင် အသားပိုမိုတိုးတက် ထုတ်လုပ်ရန် တွန်းအားဖြစ်စေပြီး အသားငါးတင်ပို့သည့် အခြားနိုင်ငံများ နှင့် ဈေးကွက်ယှဉ်ပြိုင်ရမှုများ ပိုမို ပြင်းထန်လာနိုင်ကြောင်း၊ ဈေးနှုန်းကျဆင်းမှုများနှင့်လည်း ကြုံတွေ့ ရနိုင်ကြောင်း ပြော ကြားခဲ့သည်။

          အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံအထိရှိသည့် တရုတ်နှင့်ဘရာဇီးလ်နိုင်ငံတို့၏ အပြန်အလှန်အကောက်ခွန်လျှော့ပေါ့ရေးဆိုင်ရာ သဘောတူညီချက်များအပေါ်တွင် တရုတ် နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်ရေး အငြင်းပွားမှုများပြီးဆုံးသွားပါက ဘရာဇီးလ်နိုင်ငံ၏ပို့ကုန်များအတွက် ဈေးကွက်ရရှိမှုအကျပ်အတည်းများနှင့် ကြုံတွေ့ရနိုင် ကြောင်း ပြောကြားခဲ့သည်။

၎င်းနှစ်နိုင်ငံသဘောတူညီချက်၏ ပထမအဆင့်အရ ၂၀၂၀ ပြည့်နှစ်အတွင်း ကုန်သွယ်ခွန်ကို အမေရိကန်ဒေါ်လာဘီလီယံ ၁၂၀ အထိလျှော့ချကောက်ခံမည်ဖြစ်ပြီး တိုးတက်မှုများလည်းရှိနေသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ၏ စီးပွားရေးနှင့်နိုင်ငံရေးမျှော်မှန်းချက်များ ပျက်ပြယ်ခဲ့သော်လည်း အမေရိကန်ပဲပုပ်စေ့ တောင်သူများအနေဖြင့် အကျိုးအမြတ်များဖြစ်ထွန်းလျက်ရှိသည်။

သို့ရာတွင်အဆိုပါ တရုတ်နှင့်အမေရိကန်နှစ်နိုင်ငံအကြားဖြစ်ပွားနေသည့် အငြင်းပွား မှုများပြီးဆုံးသွားပါက အသားငါးထုတ်လုပ်တင်ပို့မှုနှင့်ရင်းနှီးမြှုပ်နှံမှုများတွင် ဘရာဇီးလ် နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား ဈေးကွက်ယှဉ်ပြိုင်မှု များ ပိုမိုပြင်းထန်လာမည့်အခြေအနေ ဖြစ်ပေါ်နေသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - China expands global suppliers and will put pressure on its current dependents in the future, such as Brazil