Main menu

Background

ကိုဗစ်(၁၉)ကြောင့် ဘရာဇီးနိုင်ငံ၏စီးပွားရေး ထိခိုက်နစ်နာပြီး တစ်ဦးချင်းဝင်ငွေပါ ကျဆင်း

Tue, 01/26/2021 - 15:14 -- journal_editor

ကိုရိုနာဗိုင်းရပ်စ်   ကူးစက်ပြန့်ပွားမှုသည် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စီးပွားရေးကို ကျဆင်းစေခဲ့ သည့်အပြင် ကိုဗစ်-၁၉ကာလ ကန့်သတ်တားဆီးမှု များ ချမှတ်ဆောင်ရွက်ခဲ့မှုကြောင့် ဘရာဇီးနိုင်ငံ၏ စီးပွားရေးလုပ်ငန်းအများစုမှာ လုပ်ငန်းများ လည်ပတ် နိုင်ခြင်း မရှိတော့ဘဲ   စီးပွားရေးလုပ်ငန်းများ၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်များနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ လုပ်ငန်းများဆောင်ရွက်မည့်အချိန် ကို ရွှေ့ဆိုင်းရခဲ့သည့်အတွက် နိုင်ငံသားများ၏ တစ်ဦးချင်း ဝင်ငွေများပါ ကျဆင်းလျက်ရှိသည်။

စက်မှုလုပ်ငန်း၊   ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုများ
ကိုဗစ်-၁၉ ကူးစက်မှုမှကာကွယ်ရန်အတွက် တစ်ဦးနှင့်တစ်ဦး  ခပ်ခွာခွာနေထိုင်မှု စည်းကမ်း သတ်မှတ်ချက်များကြောင့် နိုင်ငံ့စီးပွားရေး၏ အဓိကကဏ္ဍများတွင်  လျင်မြန်စွာ ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ အစောပိုင်းကာလများတွင် စက်မှုလုပ်ငန်း များသာ အထိနာခဲ့သော်လည်း   နောက် ပိုင်းတွင် ထုတ်လုပ်မှုရပ်ဆိုင်းရမှုများ၏နောက် ဆက်တွဲအဖြစ် ကုန်ပစ္စည်းမှာယူမှုများပါ ကျဆင်း ခဲ့သည်။ ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေသည့် ဧပြီလနှင့် မေလများတွင် ကုန်ထုတ်လုပ်မှု ကဏ္ဍအသီးသီး မှာ ပုံစံအမျိုးမျိုးဖြင့်ပြန်လည် လည်ပတ် နိုင်ရန် လုပ်ဆောင်ခဲ့ကြသည်။ ဗဟိုအစိုးရ၏ အလုပ်သမားများ အလုပ်အကိုင်တည်မြဲရေးနှင့် သက်ဆိုင်သည့် မူဝါဒများချမှတ်ခြင်းနှင့်အကောက်အခွန်ဆိုင်ရာဖြေလျှော့ပေးမှုမက်လုံးများ ဆောင်ရွက်ပေးခြင်း တို့ကြောင့်  ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများအား အကျိုးဖြစ်ထွန်း စေခဲ့သည်။ ကိုဗစ်ကာလအတွင်း အဓိက အကျိုးအမြတ်ရရှိသူများမှာ online အသုံးပြု၍ ရောင်း ဝယ် ဖောက်ကားနေသည့်လုပ်ငန်းများ ဖြစ်သည်။ ကိုဗစ်ကာလအတွင်း E-commerce စနစ်ဖြင့်လုပ် ကိုင်ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများ၏ လစဉ်အကျိုးအမြတ်ရရှိမှုမှာ  အရှိန်အဟုန်ဖြင့် တိုးတက် လျက်ရှိနေသည်။
ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များ ကြောင့် ဝန်ဆောင်မှုကဏ္ဍများဖြစ်သည့်  အဖျော် ယမကာ ဘားဆိုင်များ၊  စားသောက်ဆိုင်များ၊ ခရီးသွားလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုပေး သည့်လုပ်ငန်းများကဲ့သို့သော စီးပွားရေးလုပ်ငန်း များမှာ လတ်တလောကာလတွင် ရပ်နားထားရ သည်။ ကိုဗစ်-၁၉  ကူးစက်ရောဂါပြန့်ပွားမှုသည် နိုင်ငံသားများ၏စားသုံးမှုပုံစံကိုပါ   ပြောင်းလဲစေ ခဲ့သည်။ ကိုဗစ်ကာလ မတိုင်ခင်ကထက် လက်လီ မှာယူစားသုံးမှုများ ပိုမိုများပြားလာပြီး ဝန်ဆောင်မှု ပေးရ သည့်လုပ်ငန်းများ၏ ဝင်ငွေမှာ ကျဆင်း လျက်ရှိကြောင်း စီးပွားရေးပညာရှင် Juan Jensen က ပြောကြားခဲ့သည်။ စီးပွားရေးလုပ်ငန်းအများစု၏  မူလအခြေ အနေသို့ ပြန်လည်ရောက်ရှိနိုင်မည့်အချိန်မှာ ကိုဗစ်ကာကွယ်ဆေးရရှိချိန် အထိ ကြာမြင့်ဦးမည် ဖြစ်ရာ ၂၀၂၁ ခုနှစ်သို့ ကူးပြောင်း ရောက်ရှိသည့် တိုင် ဝန်ဆောင်မှုလုပ်ငန်းများ၏ဝင်ငွေ  တိုးတက် နိုင်မည့်အခြေအနေမရှိသေးကြောင်း၊ စီးပွားရေး ပုံမှန်အခြေအနေတွင် ကုန်သွယ်မှုကျဆင်းနေချိန် တွင်ပင် ဝန်ဆောင်မှု လုပ်ငန်းများမှာ အရှိန်အဟုန် ဖြင့် တိုးတက်တတ်ကြောင်း Jensen က ပြောကြား ခဲ့သည်။

ပြည်တွင်းစားသုံးမှုပုံစံများ
ကိုဗစ်ကပ်ရောဂါကာလအတွင်း အစိုးရ၏ပြန်လည် ကုစားရေးစီမံဆောင်ရွက်မှုများသည် နိုင်ငံသားများ၏စားသုံးမှု   ပြန်လည်မြင့်တက်လာ စေမည့် လုပ်ငန်းများအပေါ်တွင်   အာရုံစိုက်လုပ် ဆောင်ခဲ့သည်။ နိုင်ငံ၏စီးပွားရေး ပြန်လည် နာလန်ထူ လာစေရန်အတွက်  ဘရာဇီးလ်ဟဲရာ ဘီလီယံ ၃၀ဝ တန်ဖိုးရှိသည့်    အရေးပေါ်ကူညီ ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည်။ ကိုဗစ်ကာလ အတွင်း ပြည်သူများ၏ဝင်ငွေများဆုံးရှုံးမှုမရှိအောင် အစိုးရက အစီအမံများ ချမှတ် ဆောင်ရွက် လျက်ရှိသည်။ နိုင်ငံ၏ ယခင်နှစ်ဝင်ငွေရရှိမှုနှင့်နှိုင်းယှဉ်ပါ က ၄ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သို့ရာ တွင် အစိုးရ၏ ကူညီထောက်ပံ့ရေးအစီအစဉ်များ ကြောင့်ဖြစ်ကြောင်း၊   နိုင်ငံ၏ဝင်ငွေ  ကျဆင်းမှုမှာ ၁၂ ဒသမ ၆ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ကြောင်း 4E အကြံပေးကုမ္ပဏီ၏ တွက်ချက်မှုများတွင် ဖော်ပြခဲ့သည်။ အစိုးရ၏ ကိုဗစ်-၁၉  သွားလာမှုစည်းကမ်း ကန့်သတ်ချက်များသည် နိုင်ငံသားများအား အခြေခံကုန်စည်များအပေါ်တွင်သာ ပိုမိုဝယ်ယူ စုဆောင်းလာခြင်းနှင့် ငွေကြေးစုဆောင်းမှု  ပိုမို များပြားလာခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သဖြင့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ်တွင် သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။
အစိုးရ၏ ကိုဗစ်-၁၉ အရေးပေါ်အကူအညီ သည် ဆင်းရဲသားမိသားစုများအား   ပုံမှန်အခြေ အနေထက် ဝင်ငွေသုံးဆအထိ ရရှိစေခဲ့သည့် အတွက် ဈေးကွက်တွင်ပိုမိုဝယ်ယူ စားသုံးလာကြ ကြောင်း၊ စားသောက်ကုန်များဝယ်ယူမှုနှင့် ယခင် က ထက်ငွေတန်ဖိုးမြင့်တက်မှုများလည်း  ဆက် လက် ဖြစ်ပေါ်လာကြောင်း၊ ထုတ်လုပ်မှုအများစုမှာ ရပ်ဆိုင်းသွားသဖြင့်   အဝတ်အစားကဲ့သို့သော ကြာရှည်ခံသည့် ကုန်ပစ္စည်းများမှာ  ဈေးနှုန်းမြင့်တက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း၊    သို့ဖြစ်၍ အစိုးရ၏ငွေကြေးထောက်ပံ့မှုသည် နိုင်ငံ၏စီးပွား ရေးလည်ပတ်မှုအတွက် သွယ်ဝိုက်သောနည်းဖြင့် တွန်းအားတစ်ရပ်ဖြစ်စေခဲ့ကြောင်းကို Brazilian Institute of Economics of FGV မှ စီးပွားရေးပညာ ရှင် André Braz က ပြောကြားခဲ့သည်။

 

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး။