Main menu

Background

Krungthai Bank က GDP (2.5%) ရရှိမည်ဟု ခန့်မှန်း

Tue, 02/02/2021 - 15:38 -- journal_editor

အစိုးရ၏  ဖေဖော်ဝါရီလအထိ COVID-19 ကူးစက်မှု အသစ်များအပေါ် ထိန်းချုပ်ရန် တင်းကျပ်သည့် အစီအမံများ ဖြင့် ထိန်းသိမ်းထားမှုအပေါ်ခန့်မှန်းယူဆပြီး ထိုင်းနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ယခုနှစ်တွင် ၂ ဒသမ ၅ ရာခိုင် နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း Krungthai Cpmpass က ပြောကြားခဲ့သည်။ Krung Thai Bank လက်အောက်ရှိ သုတေသနဌာနသည် COVID-19 ဖြစ်ပွားမှုအပေါ် သက်ရောက်မှုကိုအခြေခံ၍ အခြေအနေနှစ်ခုအောက်တွင် ပြည်တွင်းစီးပွားရေး တိုးတက်မှုအလားအလာကို ခန့်မှန်းထားသည်။ အထူးသဖြင့် အနီရောင်ဇုန်ပြည်နယ် ၂၈ ခုတွင် ရောဂါကူးစက်မှုကိုထိန်းချုပ်ရန် အစိုးရ၏တင်းကြပ်သည့် အစီအမံများသည် ပြည်တွင်းဝယ်လိုအားနှင့် ခရီးသွား လုပ်ငန်း အပေါ် များစွာသက်ရောက်မှုရှိစေကြောင်းစီးပွားရေးပညာရှင်ချုပ် Phacharaphot Nuntramas က ပြောကြားခဲ့သည်။ ပထမအခြေအနေဖြင့်Krungthai Compass က ဇန်နဝါရီလမှ  ဖေဖော်ဝါရီလ အထိ ဗိုင်းရပ်စ် ဖြစ်ပွား မှုကို ထိန်းချုပ်ရန် အစိုးရအနေဖြင့် လက်ရှိဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းထားလိမ့်မည်ဟု ခန့် မှန်းထားသည်။  ၎င်းမှာ ပြည်တွင်းခရီးသွား ခန့်မှန်းခြေ ၁၁၀ သန်းကို လျှော့ချလိမ့်မည်ဟု ခန့်မှန်းထားပြီး စားသုံးသူ  အသုံး စရိတ် ခန့်မှန်းခြေ ၁၆၇ ဘီလီယံခန့် ဆုံးရှုံးလိမ့် မည်ဖြစ်ကြောင်း သိရှိရသည်။
ဇန်နဝါရီ ၁၂  ရက်တွင် အစိုးရအဖွဲ့က အတည်ပြုခဲ့သည့် နောက်ဆုံးကယ် ဆယ်ရေး အစီအမံများသည် ၂၀၂၁ခုနှစ် တွင် စီးပွားရေးတိုးတက်မှုအရှိန်အဟုန်ကို ၂၀၂၁ ခုနှစ်တွင်  ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သင့်ကြောင်း Mr. Phacharaphot က ပြောကြားခဲ့သည်။  အကယ်၍ နောက်ဆုံးပေါ် အကူအညီအစီအစဉ်ကို အကောင်အထည်မဖော်ပါက ယခုနှစ်အတွက် တိုင်းပြည်၏ GDP တိုးတက်မှုနှုန်းသည် ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းလိမ့်မည် ဖြစ် ကြောင်း ၎င်းကပြောကြားခဲ့သည်။ ဘတ်ငွေ ၃၅၀ဝ အား  လစဉ်ပေးချေမှု နှစ်ခုသည် လူအများ၏ စီးပွားရေး ဝန်ထုပ်ဝန်ပိုးကိုလျှော့ချရန် ရည်ရွယ်သည့်စီမံကိန်းများအနက်မှ  တစ်ခုဖြစ်သည်။ ဒုတိယ အခြေအနေမှာ အစိုးရ၏  မတ် လအထိ သက်တမ်းတိုးခဲ့သည့် တင်းကျပ်သော ဆောင်ရွက်မှုများမှာ ပြည်တွင်းခရီးသွား ၁၀၁သန်းသို့ ကျဆင်းသွားစေပြီး စားသုံး သူများ၏  အသုံးစရိတ်ဆုံးရှုံးမှာ ခန့်မှန်းခြေဘတ် ၂၃၉ ဘီလီယံရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။
အစိုးရက ကူညီကယ်ဆယ်ရေးများလုပ် ဆောင်နေသော်လည်း  ထိုင်းနိုင်ငံ၏ GDPမှာ ၂ ရာခိုင်နှုန်းသာ တိုးတက်လိမ့်မည်ဖြစ်ကြောင်း၊ ကူညီကယ်ဆယ်ရေးအစီအမံများ မရှိပါက GDP တိုးတက်မှုမှာ ၁ ရာခိုင်နှုန်း သာ  တိုးလိမ့်မည် ဖြစ်ကြောင်း သိရှိရသည်။ အစိုးရ၏ကပ်ရောဂါအပေါ် ထိန်းချုပ်ရန် တင်းကြပ်သော အစီအမံများ၏  အညွှန်း ကိန်း Index မှာ ၆၄ ဖြစ်ပြီး ၎င်းမှာ ပထမ လှိုင်းအချိန်က ရှိခဲ့သော ၇၃ ထက် ကျဆင်း သွားခြင်းဖြစ်သည်။ ယမန်နှစ်က ဖြစ်ပွားခဲ့သော ပထမလှိုင်းအတွင်း ဧပြီလမှ မေလအထိ ပြည်နယ် ၁၄ခုတို့တွင် ပြည်နယ်တစ်ခုမှ  တစ်ခုသို့ အစိုးရမှ ခရီးသွားလာခွင့်ကို  ခွင့်မပြုခဲ့ပါ။ ထို့ပြင် ဟိုတယ်များ ပိတ်ထားခြင်းနှင့် တစ်နိုင်ငံလုံး   ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ခဲ့သည်။ ပြည်တွင်းခရီးသွားလုပ်ငန်း  ပြန်လည်နာလန်ထူလာစေရန် အနည်းဆုံး သုံးလခန့်ကြာမြင့်မည်ဟု  မျှော် လင့်ကြောင်း၊  ပထမလှိုင်းနှင့်အလားတူဖြစ် ကြောင်း Mr.Phacharaphot က ပြောကြားခဲ့ပါသည်။ ဒုတိယ နှစ်ဝက်အတွင်း ပြည်တွင်းခရီးသွားလုပ်ငန်း တဖြည်းဖြည်း တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း၊ ၎င်းက အလုပ်လက်မဲ့ပြဿနာကို လျော့ပါးစေမည်ဖြစ် ကြောင်း Mr.Phacharaphot က ပြောကြားခဲ့သည်။

 

လွင်မျိုးဇော်(စီးပွားရေးသံမှူး) မြန်မာသံရုံး၊ဗန်ကောက်မြို့။