ထိုင်းနိုင်ငံအစိုးရအနေဖြင့် အင်ဒိုနီးရှားနိုင်ငံအစိုးရနှင့် Government to Government (G2G) စာချုပ်အရ တစ်နှစ်လျှင် ဆန်တန်ချိန်(၁)သန်းရောင်းချရန် နားလည်မှုစာချွန်လွှာ MOU အားယခုလနှောင်းပိုင်းတွင် ရေးထိုးရန် စီစဉ်ထားကြောင်း သိရှိရပါသည်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးMr.Jurin Laksanawisit က MOU လက်မှတ်ရေးထိုးမှုအား ယခုလနောက်ဆုံးအပတ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၎င်းအရ (၄)နှစ်တာကာလအတွက် တစ်နှစ်လျှင် (၁၅)မှတ်နှင့်(၂၅)မှတ်ဆန်ဖြူ(15% to 25% white Rice) ဆန်တန်ချိန်(၁)သန်း ထက်မကျော်လွန်စေဘဲ တင်ပို့သွားရန်ဖြစ်ကြောင်းသိရှိရပါသည်။
သို့ရာတွင် ဆန်ရောင်းချမှုတွင် နှစ်နိုင်ငံဆန်ထုတ်လုပ်မှုအခြေအနေနှင့် ကမ္ဘာ့ဆန်ဈေးနှုန်းစသည့်အချက်အလက်များလည်းပါဝင်ကြောင်းသိရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ယခင်သဘော တူချုပ်ဆိုခဲ့သည့် G2G စာချုပ်များ အရ၂၀၁၂ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံသို့ စုစုပေါင်းဆန်တန်ချိန်(၉၂၅,၀၀၀)တန်ရောင်းချခဲ့ကြောင်းသိရှိရပါသည်။ ပြီးခဲ့သည့်(၅)နှစ်တာကာလအတွင်း ထိုင်းနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့အနေဖြင့် မည်သည့်G2G စာချုပ်မှ မရှိခဲ့ကြောင်း၊ အင်ဒိုနီးရှား အစိုးရအနေဖြင့် ဆန်နှင့်ပတ်သက်၍ ပြည်တွင်းဆန်ဖူလုံရေးမူဝါဒနှင့် ပြည်တွင်းဆန်ထုတ်လုပ်မှုတိုးတက်မြှင့်တင်ရေးကို အကောင်အထည်ဖေါ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။သို့ရာတွင် အင်ဒိုနီးရှား
နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်များကြောင့် နှစ်အနည်းငယ်အတွင်း ဆန်ပြတ်လတ်မှုနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။ ကပ်ရောဂါကလည်း အင်ဒိုနီးရှားနိုင်ငံအား ပြည်တွင်းဆန်လိုအပ်ချက်ပြည့်မီစေရေး နှင့်
ပြည်တွင်းဆန် ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် ပြည်တွင်းသို့ဆန်ပိုမိုတင်သွင်းရန် တွန်းအားဖြစ်စေခဲ့ကြောင်း သိရှိရပါသည်။ ယမန်နှစ်ကထိုင်းနိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ သို့ စုစုပေါင်း ဆန်တန်ချိန်(၈၉,၄၀၆)တန်
တင်ပို့ခဲ့ကြောင်း၊ ၎င်းမှာယခင်နှစ်ကထက် (၄၆ဒသမ၃%)တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ စုစုပေါင်းတန်ဖိုးအနေဖြင့်ဘတ်ငွေ ၂ဒသမ၂၆၂ ဘီလီယံရှိခဲ့ပြီး (၈၆ဒသမ၇%) တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးMr. Jurin ကထိုင်းနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လည်း ဆန်ဖြူနှင့်ပေါင်းဆန်တန်ချိန်(၁)သန်းအား G2Gသဘောတူညီချက်အတွက် ဆွေးနွေးလျက်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။
ထိုင်းဆန်တင်ပို့သူများအသင်းဉက္ကဌCharoen Laothammatas က အင်ဒိုနီးရှားနိုင်ငံနှင့်MOU ရေးထိုးမည့်ကိစ္စမှာ ထိုင်းဆန်ဈေးကွက်အတွက် မည်သည့်သက်ရောက်မှုမှ မရှိကြောင်း၊ အကြောင်းမှာ ကန်ထရိုက်စာချုပ်အား ယခုအထိတရားဝင်ရေးထိုးရခြင်း မရှိသေး၍ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။ လက်ရှိအားဖြင့် ထိုင်းဆန်အား ကမ္ဘာ့ဈေးကွက်သို့တင်ပို့ရန်မှာ လွန်စွာခက်ခဲလျှက်ရှိကြောင်း၊ ဘတ်ငွေတန်ဖိုးမြင့်တက်မှုက ထိုင်းဆန်အား အခြား သော ဆန်တင်ပို့သည့် ပြိုင်ဘက်များထက် ပိုမိုဈေးကြီးနေခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ထိုင်း(၅)မှတ်ဆန်ဖြူ (5%)white rice ဈေးနှုန်းမှာ လက်ရှိအားဖြင့် တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၅၄၉ ရှိကြောင်း၊ ဗီယက်နမ်ဆန်ဖြူမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ (၅၁၃-၅၁၇)ရှိကြောင်း၊ အိန္ဒိယဆန်မှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ(၃၉၈-၄၀၂)ရှိကြောင်း၊ ပါကစ္စတန်ဆန်မှာ တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ (၄၃၈-၄၄၂) ရှိကြောင်း သိရှိရပါသည်။ တစ်ချိန်တည်းမှာပင် ထိုင်းပေါင်းဆန်(Parboiled Rice )ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ(၅၅၇)ရှိကြောင်း၊အိန္ဒိယပေါင်းဆန်မှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၈၃-၃၈၇)ရှိ ကြောင်း၊ ပါကစ္စတန်ပေါင်းဆန်မှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ(၄၅၇-၄၆၁) တို့ဖြင့်အသီးသီးရှိနေကြောင်း သိရှိရပါသည်။
Bangkok post
(လွင်မျိုးဇော်၊ စီးပွားရေးသံမှူး)
မြန်မာသံရုံး၊ဗန်ကောက်မြို့