အစိုးရအနေဖြင့် ပြည်တွင်းထုတ်လုပ်မှု ပိုလျှံနေမှုကို ကိုင်တွယ်ရန် အတွက် ကြက်ဉ ပြည်ပ တင်ပို့မှုအရှိန်အဟုန်ကိုမြှင့်တင်ဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း သိရှိရပါသည်။ ပြည်တွင်း ကုန်သွယ် ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် Wattanasak Suriam ၏ ပြောကြားချက်အရ ပြည်တွင်းသို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုလျှော့နည်းကျဆင်းလာခြင်း နှင့် ကပ်ရောဂါ အခြေအနေအရ အိမ်မှနေ၍ Online သင်ယူကြသော ကျောင်းသားများ ပိုမိုများပြားလာမှုတို့ကြောင့်ပြည်တွင်းကြက်ဉစားသုံးမှုမှာတစ်နေ့လျှင်စားသုံးမှုကြက်ဉ ၃၈ သန်း သို့သိသိသာသာကျဆင်းခဲ့ကြောင်းပြည်တွင်းကြက်ဉထုတ်လုပ်မှုအနေဖြင့်တစ်နေ့လျှင်ကြက်ဉ (၄၂) သန်း ရှိ ကြောင်းသိရှိရပါသည်။
အရွယ်အစားမျိုးစုံပါဝင်သည့် ရောနှောကြက်ဉများ၏ တစ်လုံးအတွက် ပင်ရင်းဈေးမှာ ယခု အခါတွင် ပျှမ်းမျှအားဖြင့် (၂ဒသမ၅၀)ဘတ်ရှိကြောင်း၊ ၎င်းမှာ ကပ်ရောဂါမဖြစ်မီကရှိခဲ့သော (၂.၈၀)ဘတ်ထက် ကျဆင်းသွားခြင်းဖြစ်ပါသည်။လက်ရှိလက်လီဈေးနှုန်းသည်ကြက်မွေးမြူသူ များ၏ထုတ်လုပ်မှုကုန်ကျစရိတ်ထက်လျော့နည်းနေကြောင်း၊၎င်းမှာပျှမ်းမျှအားဖြင့်ကြက်ဉတစ်လုံး လျှင်(၂.၇၀)ဘတ်ဖြစ်ကြောင်းသိရှိရပါသည်။
ကြက်မွေးမြူသည့်အိမ်ထောင်စုပေါင်း(၁၃၀,၀၀၀)ရှိကြောင်း၊ ယမန်နှစ်က ထိုင်းနိုင်ငံ၏ ကြက်ဉဈေးကွက်မှာဘတ်ငွေ(၄၀)ဘီလီယံရှိကြောင်း၊ ၎င်းမှာ ၂၀၁၉ခုနှစ်ကထက်(၄၃%)ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Mr. Wattanasak ၏ ပြောကြားချက်အရ ပြည်တွင်းထုတ်လုပ်မှု ပိုလျှံလာမှုအပေါ် ကူညီကိုင်တွယ်ရန် ကြက်မွေးမြူသူများ၊ ကုန်သည်များ၊ ပြည်ပပို့ကုန်တင်ပို့သူများ ကို ကူညီပေးရန် အတွက် မွေးမြူရေးရန်ပုံငွေမှ ဘတ်ငွေ (၅၁)သန်းကို ထောက်ပံ့ပေးရန် ဘုတ်အဖွဲ့က ပြီးခဲ့သည့် လနှောင်းပိုင်း တွင်သဘောတူညီခဲ့ကြကြောင်း၊ စီမံခန့်ခွဲမှုစရိတ်၊ သယ်ယူပို့ဆောင်ရေး စရိတ်၊ ကြက်ဉ ဂရိတ်ခွဲခြားသည့်စရိတ်များအတွက် ကြက်ဉ တစ်လုံးလျှင် ဘတ်ငွေသုညဒသမ၅၀ဘတ်နှုန်းဖြင့်ကူညီပေးရန်ဖြစ်ကြောင်းသိရှိရပါသည်။မွေးမြူရေးသမားများ အတွက်ထောက်ပံ့ရေးရန်ပုံငွေကော်မတီသည်မတ်လ(၃)ရက်နေ့တွင်တွေ့ဆုံခဲ့ကြပြီးအဆိုပါအကူအညီပေး ရေးအစီအစဉ်ကို သဘောတူညီခဲ့ကြကြောင်းသိရှိရပါသည်။
အဆိုပါအစီအစဉ်ကိုမတ်လ(၃)ရက်နေ့မှ ဩဂုတ်လအထိပြုလုပ်ရန်စီစဉ်ထားကြောင်းသိရှိရပါသည်။ ၎င်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တာဝန်တစ်ရပ် အနေဖြင့်ဩဂုတ်လကုန်အထိ ကြက်ဉ သန်း၂၀၀ခန့်တင်ပို့မှုကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြောင်းသိရှိရပါသည်။ မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဉီးစီးဌာန၏ပြောကြားချက်အရ ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၀ခုနှစ်တွင်ကြက်ဉ(၂၂၁)သန်းကို ပြည်ပတင်ပို့ခဲ့ကြောင်း၊ ၎င်းမှာယခင်နှစ်က ထက်(၁၈.၄%)ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ဟောင်ကောင်နှင့် စင်္ကာပူတို့မှာထိုင်းကြက်ဉပြည်ပတင်ပို့မှုအတွက် အဓိက ပြည်ပပို့ကုန်ဈေးကွက်များ ဖြစ်ကြောင်း သိရှိရပါ သည်။
ဇန်နဝါရီလတွင် ထိုင်းနိုင်ငံအနေဖြင့် ကြက်ဉ ၂၃ဒသမ၉သန်းပြည်ပသို့တင်ပို့ခဲ့ကြောင်း၊ ၎င်းမှာ ယမန်နှစ်ကာလတူကထက်(၁၅၅%)ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ ဟောင်ကောင်သို့ (၆၂%)၊ စင်္ကာပူသို့(၃၄%)နှင့်အခြားသော ဈေးကွက်များသို့ တင်ပို့မှု(၄%)ဖြစ်ကြောင်းသိရှိရပါ သည်။ Mr. Wattanasak က လယ်ယာစိုက်ပျိုးရေးနှင့်သမဝါယမ ဝန်ကြီးဌာန နှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု ဉိီးစီးဌာနတို့အနေဖြင့် ကြက်ဉထုတ်လုပ်မှုကို ထိန်းချုပ်ရန်သင့်/မသင့်နှင့် ပတ်သက်၍ သက်ဆိုင်သည့်Stakeholders များနှင့်ဆွေးနွေးညိှနှိုင်းနိုင်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါသည်။
မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု ဉိီးစီးဌာန၏ ပြောကြားချက်အရ ဖေဖေါ်ဝါရီလ (၂၅) ရက် နေ့အထိ ထိုင်းနိုင်ငံအတွင်း ကြက်မ(၅၀.၅)သန်းရှိပြီး ယခုနှစ်အတွက် ကြက်ဉ ထုတ်လုပ်မှုမှာ တစ်ရက်လျှင်(၄၂)သန်းခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။
Bangkok post
(လွင်မျိုးဇော်၊ စီးပွားရေးသံမှူး)
မြန်မာသံရုံး၊ဗန်ကောက်မြို့