Main menu

Background

ဒေသတွင်းဘက်စုံစီးပွားရေးသဘောတူညီချက် (RCEP)အား တရားဝင်အတည်ပြုခဲ့ပြီး ဖြစ်

Mon, 03/22/2021 - 13:29 -- journal_editor

     အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်နှင့် နယူးဇီလန် တို့အကြား ၂၀၁၄ ခုနှစ်မှ စတင်ဆွေးနွေးညှိနှိုင်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့သည့် ဒေသတွင်းဘက်စုံစီးပွားရေး သဘောတူညီချက် (RCEP) အပေါ် တရုတ် နိုင်ငံအနေဖြင့် အတည်ပြုနိုင်ရေးလုပ်ငန်းစဉ်များအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါသဘောတူစာချုပ်အား (၆)လအတွင်း အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည့်လုပ်ငန်းစဉ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံ၊ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Gao Fengမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလလယ်ပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ ထိုကဲ့သို့ပြောကြားခဲ့ရာတွင် တရုတ်နိုင်ငံရှိ သက်ဆိုင်ရာ လုပ်ငန်းဌာနများအနေဖြင့် RCEP သဘောတူစာချုပ်တွင် ပါဝင်သည့်အချက်များနှင့် ကိုက်ညီသည့် လုပ်ငန်းစဉ်များအား ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊ ဉပဒေအခြေခံသည့် သဘောတူညီချက်များ အပြည့်အဝအကောင်အထည်ဖော်ခြင်း၊ ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်သွားမည်ဟု ထည့်သွင်း ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ ဒေသတွင်းဘက်စုံစီးပွားရေးသဘောတူညီချက်(Regional Comprehensive Economic Partnership (RCEP))အား တရုတ်နိုင်ငံအနေဖြင့် တရားဝင်အတည်ပြု(ratify)ပြီး ဖြစ် ကြောင်း တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao မှ (၈-၃-၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထိုကဲ့သို့ထုတ်ပြန်ခဲ့ရာတွင် တရုတ်နိုင်ငံအနေ ဖြင့် RCEP သဘောတူ ညီချက်အပေါ် အတည်ပြုလိုက်ခြင်းသည် ကမ္ဘာ့စီးပွားရေးထုတ် လုပ်နိုင်စွမ်း၏ သုံးပုံတစ်ပုံပါဝင်လျက် ရှိသည့်သဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံများအကြား အလားအလာကောင်းမွန်၍ စည်းလုံးပြီး အင်အား ကြီးမားသည့်ဈေးကွက်ပေါ်ပေါက်လာစေရန်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၊ ကွန်မြူနစ်ပါတီဗဟိုကော်မတီ နှင့် နိုင်ငံတော်ကောင်စီအနေဖြင့် RCEP သဘောတူစာချုပ်အား တရားဝင်အတည်ပြုနိုင်မည့်လုပ်ငန်း စဉ်များ အထူးချမှတ်ဆောင်ရွက်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

Source: http://www.xinhuanet.com/english/2021-03/08/c_139794703.htm

(ရွှေစင်ဦး၊စီးပွားရေးသံမှူး)