Main menu

Background

တောင်ကိုရီးယား၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ “2nd Briefing on the Korean Economy” အား Video Conferencing စနစ်ဖြင့်ကျင်းပ

Mon, 04/12/2021 - 11:28 -- journal_editor

၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် တောင်ကိုရီးယား၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (Ministry of Economy & Finance-MOEF)၊အပြည်ပြည်ဆိုင်ရာစီးပွားရေးရာဌာန (Internattional Economic Affairs) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Park II Young ဉီးစီး၍“2nd Briefing on the Korean Economy”အားVideo Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ခဲ့ရာနိုင်ငံပေါင်း (၈၁)နိုင်ငံမှဆိုးလ်မြို့ရှိသံရုံးအသီးသီး၏ စီးပွားရေးသံမှူးများ၊ စီးပွားရေးရာတာဝန်ခံများ၊သံရုံးကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး၊မြန်မာသံရုံး၊ဆိုးလ်မြို့ရှိစီးပွားရေးသံမှူးမှပါဝင်တက်ရောက်ခဲ့သည်။

              အစည်းအဝေးတွင်အပြည်ပြည်ဆိုင်ရာစီးပွားရေးရာဌာန (Internattional Economic Affairs) ၏ ညွှန်ကြားရေးမှူးချုပ်Mr. Park II Young မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူးများမှ ၂၀၂၁ ခုနှစ်အတွက် The Korean New Deal စီမံကိန်းများ၊ Knowledge Sharing Program/ Economic Innovation Partnership Program for 2021 နှင့် တောင်ကိုရီးယားနိုင်ငံ၏ လက်ရှိစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေတို့ကိုရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများမှ သိရှိလိုသည်များကိုပြည်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ကိုရီးယားသမ္မတနိုင်ငံအနေဖြင့်ကာလအလွန်ကာလတွင်စီးပွားရေးအားအရှိန်အဟုန်ဖြင့်ပြန်လည်နာလန်ထူတိုးတက်စေရေးနှင့်ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သောပြင်သစ်၊အမေရိကန်၊တရုတ်နိုင်ငံတို့၏ကာလအလွန်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများအပါအဝင်နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်မှုစွမ်းအားတိုးတက်စေရေးရည်ရွယ်၍ The Korean New Deal စီမံကိန်းများကိုရေးဆွဲဆောင်ရွက်ခဲ့ကြောင်း ၊စီးပွားရေးလျှင်မြန်စွာတိုးတက်လျက်ကမ္ဘာ့ရှေ့ဆောင်နိုင်ငံတစ်နိုင်ငံဖြစ်စေရေး၊ ကာဗွန်လျှော့ချသည့်စီးပွားရေးဝန်းကျင်တစ်ရပ်ထူထောင်ရေး၊ အလုံးစုံပါဝင်သည့် စီးပွားရေးအသိုက်အဝန်းတည်ထောင်ရေးတို့ကိုဉီးတည်လျက်၂၀၂၅ခုနှစ်အထိ (၁၆၀) ထရီလီယံ (အစိုးရရန်ပုံငွေဝမ်၁၁၄ထရီလီယံအပါအဝင်) အသုံးပြု၍ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး၊အလုပ်အကိုင်အခွင့်အလမ်း ပေါင်း(၁.၉)သန်း ဖန်တီးပေးနိုင်ရန်မျှော်မှန်းထားကြောင်း၊စီမံကိန်းများကိုDigital New Deal နှင့်Green New Dealဟူ၍ခွဲခြားထားပြီး၊Digital New Deal အတွက်ကိုရီးယားဝမ်(၅၈)ထရီလီယံ/ အလုပ်အကိုင်အခွင့်အလမ်း (၉၀၀,၀၀၀)၊Green New Deal အတွက်ကိုရီးယားဝမ်(၇၄)ထရီလီယံ/ အလုပ်အကိုင်အခွင့်အလမ်း(၆၆၀,၀၀၀)၊ထို့ပြင်လူမှုအသိုက်အဝန်းကွန်ရက်လုံခြုံရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ကိုရီးယားဝမ်(၂၈) ထရီလီယံ/ အလုပ်အကိုင် အခွင့်အလမ်း(၃၄၀,၀၀၀)ခန့်ကိုဖန်တီးပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

                  Korean New Dealစီမံကိန်းအကောင်အထည်ဖော်မှုအနေဖြင့်ဘဏ္ဍာရေးကျောထောက်နောက်ခံပံ့ပိုးပေးခြင်း၊မူဝါဒများကိုလိုအပ်သကဲ့သို့မွမ်းမံပြင်ဆင်ခြင်း၊ New Deal Fundထူထောင်ခြင်း၊ဒေသအလိုက် လိုအပ်ချက်ပေါ် မူတည်၍စီမံကိန်းများပံ့ပိုးဆောင်ရွက်ပေးခြင်းတို့ကိုပုဂ္ဂလိကကဏ္ဍနှင့်ပြည်နယ်အစိုးရအာဏာပိုင်တို့ပူးပေါင်း၍အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

              Knowledge Sharing Program (KSP) အစီအစဉ်သည်တောင်ကိုရီးယားနိုင်ငံ၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (MOEF)မှ၂၀၀၄ခုနှစ်တွင်စတင်အကောင်အထည်ဖော်ခဲ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အသိပညာမျှဝေသည့်အစီအစဉ်ဖြစ်ပြီး၂၀၀၄ခုနှစ်တွင်စီမံကိန်း (၁၁)ခုဖြင့်စတင်ခဲ့ရာမှ၂၀၂၀ခုနှစ်အထိစီမံကိန်းပေါင်း(၁၂၇၈)ခုကိုအကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊အဓိကအားဖြင့်မူဝါဒသုတေသန၊နှစ်နိုင်ငံ/ နိုင်ငံတကာ အဆင့်မြင့်မူဝါဒရေးရာဆွေးနွေးမှုများ၊လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအရည်အသွေးမြှင့်တင်မှုအစီအစဉ်များကိုပံ့ပိုးပေးလျက်ရှိကြောင်း၊KSPအစီအစဉ်များအနေဖြင့်အရှေ့တောင်အာရှဒေသ၊တောင်အာရှဒေသနှင့်အရှေ့မြောက်အာရှဒေသတို့တွင်(၄၅၄)ခု၊ဥရောပနှင့်အာရှအလယ်ပိုင်းဒေသတို့တွင် (၂၃၄)ခု၊အရှေ့အလယ်ပိုင်းဒေသနှင့်မြောက်အာဖရိကဒေသတို့တွင်(၁၄၁)ခု၊လက်တင်အမေရိကနှင့် the Caribbean ဒေသတို့တွင်(၂၉၇)ခု၊Sub-saharan Africa ဒေသတွင်(၁၅၀)ခုအသီးသီးအကောင်အထည်ဖော်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် KSP အစီအစဉ်၏အချိန်ကာလအနေဖြင့်တစ်နှစ်ခွဲခန့်ဖြစ်ပြီး၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင်စတင်ကာ၂၀၂၁ ခုနှစ်နိုဝင်ဘာလခန့်တွင်ပြီးစီးမည်ဖြစ်ကြောင်းလေ့လာသိရှိရသည်။

              Economic Innovation Partnership Program (EIPP) သည်အဆင့်မြင့်တင်ထားသော KSP Model (2.0)ဖြစ်ပြီး၊သက်ဆိုင်ရာမိတ်ဖက်နိုင်ငံများသို့ လိုအပ်သည့် အခြေခံအဆောက်အဉီဆိုင်ရာစီမံကိန်းများ ပံ့ပိုးပေးမှုမှ သည် ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှုစီးပွားရေးမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်စေရေးဆောင်ရွက်သောစီမံကိန်းများဖြစ်သည်။ KSPစီမံကိန်းများ၏ကာလသည်(၁)နှစ်ဝန်းကျင်ဖြစ်ပြီး၊ EIPPစီမံကိန်းများ၏ကာလ သည်(၃)နှစ်နှင့်အထက်ဖြစ်ကြောင်း၊ Smart Cities၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ Digital New Deal၊ Green New Deal ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍စီးပွားရေးစဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးရေးအတွက် မူဝါဒပိုင်း ဆိုင်ရာအကြံဉာဏ်ပေးခြင်းများကို အဓိကဉီးတည်ဆောင်ရွက်ကြောင်း လေ့လာသိရှိရသည်။

              ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင်အကောင်အထည်ဖော်မည့် KSP/ EIPP စီမံကိန်းများအတွက်တောင်ကိုရီးယားနိုင်ငံ၊ MOEF ၏မိတ်ဖက်ဝန်ကြီးဌာနများလက်အောက်ရှိ ODA ဆိုင်ရာအဖွဲ့အစည်း/ ဌာနများသည် ၂၀၂၁ခုနှစ်၊ ဒုတိယနှစ်ဝက်ကာလ(ဇူလိုင်လ)တွင် Project Proposal များကိုပေးပို့လျှောက်ထားနိုင်ပြီးအဆင့်ဆင့်ရွေးချယ်မှုများပြုလုပ်၍ ၂၀၂၂ခုနှစ်၊နှစ်ဆန်းတွင်ရွေးချယ်မှုများကိုကြေညာမည်ဖြစ်ကာ ၂၀၂၃ခုနှစ်တွင်စီမံကိန်းများ စတင်မည် ဖြစ်ကြောင်းလေ့လာသိရှိရသည်။

ဝင်းပပသူ၊ စီးပွားရေးသံမှူး