Main menu

Background

၂၀၂၁ ခုနှစ်၊ ပထမလေးလပတ်အတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုဆက်လက်တိုးတက်လျက်ရှိ သည့် တရုတ်နိုင်ငံ

Wed, 04/21/2021 - 10:47 -- journal_editor

                 တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာ ဏ အမေရိကန်ဒေါ်လာ ၁ဒသမ၂၉ ထရီလီယံ ရရှိခဲ့ရာ ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၂၉ဒသမ၂ ရာခိုင်နှုန်း မြင့် တက်လာခဲ့ကြောင်း၊ တင်ပို့မှုပမာဏ တရုတ်ယွမ်ငွေ၄ဒသမ၆၁ထရီလီယံ (ပြီးခဲ့သည့်နှစ်၊ ကာလတူ ထက် ၃၈ဒသမ၇ ရာခိုင်နှုန်း၊ တင်သွင်းမှုပမာဏ တရုတ်ယွမ်ငွေ ၃ဒသမ၈၆ ထရီလီယံ (ပြီးခဲ့သည့်နှစ်၊ ကာလတူ ထက် ၁၉ဒသမ၃ ရာခိုင်နှုန်းအသီးသီး မြင့်တက်လာခဲ့ကြောင်း၊ ကုန်သွယ်မှုတွင် အသာစီးရရှိမှုပမာဏ တရုတ်ယွမ်ငွေ ၇၅၉ဒသမ၂၉ ဘီလီယံရရှိခဲ့ရာ ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၆၉၀ဒသမ၆ ရာခိုင်နှုန်း မြင့်  တက်လာခဲ့ကြောင်း တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ကြေ ညာခဲ့သည့် အချက်အလက်များအရ သိရှိရပါသည်။

       ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း တရုတ်နိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများမှာ အရှေ့တောင်အာရှနိုင်ငံများ၊ ဉရောပသမဂ္ဂနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့ဖြစ် ကြောင်း၊ အဆိုပါကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ၊ တရုတ်ယွမ်ငွေ ၁ဒသမ၂၄ ထရီလီယံရရှိခဲ့ရာ ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၂၆ဒသမ၁ ရာခိုင်နှုန်း၊ ဉရောပသမဂ္ဂနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ တရုတ်ယွမ်ငွေ ၁ဒသမ၁၉ ထရီလီယံရရှိခဲ့ရာ ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၃၆ဒသမ၄ ရာခိုင်နှုန်း၊ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်မှုပမာဏ တရုတ်ယွမ်ငွေ ၁ဒသမ၀၈ ထရီလီယံရရှိခဲ့ရာ ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၆၁ဒသမ၃ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏ တရုတ်ယွမ်ငွေ ၅၆၁ဒသမ၄ ဘီလီယံရရှိခဲ့ရာ ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၂၀ဒသမ၈ ရာခိုင်နှုန်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုသည် ၂၁ဒသမ၄ ရာခိုင်နှုန်း၊ ဒေသတွင်း ဘက်စုံစီးပွားရေးပူး ပေါင်းဆောင်ရွက်မှုဆိုင်ရာလွတ်လပ်သောကုန်သွယ်မှုဒေသအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုသည် ၂၂ဒသမ၉ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

     တရုတ်နိုင်ငံအနေဖြင့်၂၀၂၀ ပြည့်နှစ် အတွင်း၌ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ကုန်သွယ်မှု ကျဆင်းခဲ့သည့်အတွက် ယခုနှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့သည့် ကုန်သွယ်မှုပမာဏနှင့် နှိုင်းယှဉ်ပါက သိသာစွာ တိုးတက် ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ကမ္ဘာ့နိုင်ငံများရှိ စက်ရုံများ ပြန်လည်လည်ပတ်လာ နိုင်ပြီဖြစ်ပြီး ကမ္ဘာ့ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိခြင်းကြောင့် တရုတ်နိုင်ငံမှ တင်ပို့မှုအပေါ်ဖိအားများ ဖြစ်ပေါ်စေမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဒုတိယ နှစ်ဝက်အတွင်း ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည် ဟု လေ့လာစောင့်ကြည့်သူများမှ ခန့်မှန်းထားကြောင်း သိရှိရပါသည်။

    (ရွှေစင်ဦး၊စီးပွားရေးသံမှူး)