ဉာဏပစ္စည်းမူပိုင်ခွင့်ချိုးဖေါက်မှုIntellectual Property (IP)နှင့် အွန်လိုင်းခိုးကူးမှု (Online Piracy)တို့ကိုတားဆီးရန်ထိုင်းနိုင်ငံသည်အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စား လှယ်US Trade Representative’s(USTR) ၏ စောင့်ကြည့်စာရင်း(Watch list)တွင် ဆက်လက်၍ တည်ရှိနေကြောင်းသိရှိရပါသည်။
ဉာဏပစ္စည်းမူပိုင်ခွင့်ဉီးစီးဌာနညွန်ကြားရေးမှူးချုပ် Vuttikrai Leewiraphan က USTR ၏ ဧပြီလ(၃၀)ရက်နေ့တွင် ထုတ်ပြန်သော ၎င်း၏နှစ်စဉ်အထူးအစီရင်ခံစာ(၃၀၁)တွင် ထုတ်ပြန် ကြေငြာခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါအစီရင်ခံစာတွင် ကုန်သွယ်ဖက်ပါတနာပေါင်း(၁၀၀)ကျော်နှင့် အခြားသက်ဆိုင်သူStakeholders များနှင့်တွေ့ဆုံ သုတသနပြုပြီးနောက် တွေ့ရှိလာသော အသေးစိတ်အချက် အလက်များကို ဖေါ်ပြထား ကြောင်းသိရှိရပါသည်။
အမေရိကန်အစိုးရအနေဖြင့်ထိုင်းအစိုးရနှင့် ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန၏ IPဆိုင်ရာချိုးဖေါက်မှုများအပေါ် ကာကွယ်မှုများ၊ IPအကာအကွယ်ပေးမှု ဆိုင်ရာနှင့် ပတ်သက်သည့် လုပ်ငန်းတိုးတက်မှုများ၊ Offline နှင့်Online ဈေးကွက်တွင် ချိုးဖေါက်မှုများအပေါ်ကိုင်တွယ်မှုများနှင့်ပတ်သက်၍ ချီးကျူးခဲ့ကြောင်းအစီရင်ခံစာအရသိရှိရပါသည်။
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်အားမြှင့်တင်ရန်နှင့် ဆန်းသစ်တီထွင်မှုများ တိုးမြှင့်စေရေးအတွက် IP စံနစ်ကို ဖွံ့ဖြိုးတိုးတက်စေရေး ထိုင်းအစိုးရ၏ ကတိကဝတ်နှင့်အညီ ထိုင်းနိုင်ငံအား အမေရိကန်၏ စာရင်းထဲမှဖယ်ရှားရန် IPလုပ်ငန်းစဉ်ကိုထူထောင်နိုင်ရေး အတွက် သူ၏ ဉီးစီးဌာနအနေဖြင့် Covid-19 အကျပ်အတည်းများကြားမှ အမေရိကန်အေဂျင်စီများ နှင့် လက်တွဲလုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။
IP အခွင့်အရေးများကို ကာကွယ်ခြင်းသည် ထိုင်းနိုင်ငံသားများကို ပိုမိုအကျိုးဖြစ်ထွန်းစေ သင့်ပြီး တိုင်းပြည်၏ယှဉ်ပြိုင်နိုင်စွမ်းအားနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုး ဖြစ်ထွန်း စေ လိမ့်မည်ဖြစ်ကြောင်း Mr.Vuttikrai ကပြောကြားခဲ့သည်ဟု သိရှိရပါသည်။ အမေရိကန်-ထိုင်းနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမူဘောင်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်း အဖြစ်ထိုင်းနိုင်ငံအနေဖြင့် တိုးတက်မှုများ ဆက်လက် ဖြစ်ပေါ် စေရန်နှင့်စိုးရိမ်မှုများအပေါ် ကိုင် တွယ်ဆောင်ရွက်လျှက်ရှိကြောင်းအစီရင်ခံစာကဆိုပါသည်။
ထိုင်းနိုင်ငံအနေဖြင့် ကုန်ပစ္စည်း အတုနှင့်ခိုးချထားသောကုန်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီးဆက်လက်၍ အွန်လိုင်းအတု အယောင်ပစ္စည်းများရောင်းဝယ်ခြင်းကို တိုက်ဖျက်ရန်ကြိုးပမ်းမှုများကို တိုးမြင့်ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ထိုင်းနိုင်ငံအနေဖြင့်အွန်လိုင်းခိုးကူးမှုများနှင့်ပတ်သက်၍လုပ်ငန်း တိုးမြှင့် ဆောင်ရွက်ခဲ့ကြောင်း၊အထူးသဖြင့်အင်ဂျင်စီများအကြားပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ခြင်းအားဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ စိုးရိမ်မှုများမှာ ရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာအရသိရှိရပါသည်။
အတုအပနှင့်ခိုးကူးထားသော ကုန်ပစ္စည်းများCounterfeit and Pirated goods မှာ ဆက် လက်၍အလွယ်တကူရရှိနိုင်ကြောင်းအစီရင်ခံစာကဖေါ်ပြထားပါသည်။ ထို့အပြင် အမေရိကန် အနေဖြင့် အမေရိကန်နှင့် အခြားနိုင်ငံအစိုးရများ Stakeholders များအားလုံးစိုးရိမ်လျှက်ရှိသော အလွန်ကျယ်ပြန့်သောနည်းပညာဆိုင်ရာအကာအကွယ်ပေးမှုအစီအမံ၊ ခွင့်ပြုချက်မရှိဘဲမှတ်တမ်းတင်ရိုက်ကူးခြင်းများကို တားဆီးရန် လုပ်ထုံးလုပ်နည်း ဆိုင်ရာအတားအအဆီးများ၊ ခွင့်ပြုချက်မရှိ သည့်စုပေါင်းစီမံခန့်ခွဲမှုများအပါအဝင် ထိုင်းနိုင်ငံအား ၎င်း၏ Copy right Act ကို ပြင်ဆင်ရန် တွန်းအားပေးခဲ့ကြောင်း သိရှိရပါသည်။
Bangkok Post
(လွင်မျိုးဇော်၊ စီးပွားရေးသံမှူး)
မြန်မာသံရုံး၊ဗန်ကောက်မြို့