Main menu

Background

ဒစ်ဂျစ်တယ် ယွမ်ငွေကြေး စမ်းသပ်မှုများတိုးချဲ့ရန် တရုတ်ဗဟိုဘဏ် ဆောင်ရွက်လျက်ရှိ

Fri, 07/02/2021 - 13:44 -- journal_editor

ပုံစံအမျိုးမျိုးဖြင့် ငွေပေးချေမှု  လိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်ရန်အလို့ငှာ  ရှုပ်ထွေးသော လုပ်ဆောင်ချက်များဖြင့် ဒစ်ဂျစ်တယ်ယွမ်ငွေ အီလက်ထရွန်နစ်    ပိုက်ဆံအိတ်များ (electronic wallets) ပေါ်ပေါက်လာစေရန်   ငွေပေးချေရေး ဝန်ဆောင်မှုပြုသည့်  အဖွဲ့အစည်းများအား   တရုတ်အာဏာပိုင် များက ပိုမိုထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။ဥပမာ - ''smart wallet''ဟု လူသိများကြသည့်  ဒစ်ဂျစ်တယ် ယွမ်ငွေ e-wallet  မှာအချို့အခြေအနေများနှင့်ဥပဒေများ အောက် တွင် ပေးချေမှုများကို သီးခြားပြုလုပ်ရန်   အသုံးပြုသူများအား ခွင့်ပြုပေးထားသည့် အားကောင်းသော  အင်္ဂါရပ်တစ်ရပ်ပါရှိ သည်။ဒစ်ဂျစ်တယ်ယွမ်ငွေသည် ကမ္ဘာပေါ်တွင် ပထမဆုံး အဓိက ဗဟိုဘဏ်များမှ ဖွံ့ဖြိုးထားသော  ဒစ်ဂျစ်တယ်ငွေကြေးများအနက် တစ်ခုဖြစ်လာမည်ဟု  မျှော်မှန်းထားကာ   ဗဟိုဘဏ်ကလည်း ၎င်း၏ စမ်းသပ်မှုများကို တဖြည်းဖြည်း တိုးချဲ့လျက်ရှိသည်။

ဒစ်ဂျစ်တယ် ယွမ်ငွေ e-wallet  ကို ဗဟိုဘဏ်က ဦးဆောင် သည့် ဗဟိုမှထိန်းချုပ်သည့်စနစ်အောက်တွင် စီမံခန့်ခွဲထားခြင်း ဖြစ်ကာ   ငွေကြေး၏ စစ်မှန်မှုကို အတည်ပြု ဆန်းစစ်နိုင်သည်။  ငွေကြေးများ လွှဲပြောင်းရေးအတွက် အဆင့်ဆင့်ခွင့်ပြုချက်များဖြင့် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။Wallet  အတွင်း အနိမ့်ဆုံးအဆင့် ဒစ်ဂျစ်တယ်ယွမ်ငွေ တစ် သောင်း (အမေရိကန် ဒေါ်လာ ၁၅၆၂ ဒေါ်လာ)ကို   ထည့်ထားနိုင် ပြီး  နေ့စဉ်ငွေပေးချေမှုများအတွက် စုစုပေါင်း   အများဆုံး ယွမ် ၅၀ဝ၀ ပြုလုပ်နိုင်ကာ တစ်ကြိမ်ပေးချေလျှင် ယွမ်ငွေ ၂၀ဝ၀ နှုန်း ကန့်သတ်ထားသည်။ အသုံးပြုသူများသည် ၎င်းတို့၏  မိုဘိုင်းဖုန်း နံပါတ်များဖြင့် စာရင်းဖွင့်လှစ်နိုင်ကြောင်း သိရသည်။

E-wallet  အမြင့်ဆုံးအဆင့်အတွက် အများဆုံး ယွမ်ငွေ ငါး သိန်းအထိ ထည့်ထားနိုင်ရန် တိုးမြှင့်ပေးသွားမည်ဖြစ်ကာ ပေး ချေမှု တစ်ခုချင်းစီအတွက် ယွမ်ငွေ ငါးသောင်းနှုန်း ကန့်သတ် သွားမည်ဖြစ်ပြီး  နေ့စဉ် စုစုပေါင်း ယွမ်ငွေ တစ်သိန်း ပေးချေသွား နိုင်ကြောင်း သိရသည်။ယခုအခါ ရှန်ဟိုင်းမြို့တွင် ဒစ်ဂျစ်တယ်ယွမ်ငွေအား အသုံး ပြုရေး စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။  စမတ်ဖုန်းများပေါ်တွင် အီလက်ထရွန်နစ်wallet app  အမျိုးမျိုးမှတစ်ဆင့် သတ်မှတ်ထား သော စီးပွားရေးဘဏ်များနှင့် ငွေပေးချေရေးဝန်ဆောင်မှု  ပံ့ပိုး ပေးသူများက   ကံစမ်းမဲစနစ်ဖြင့် အသုံးပြုသူ ၃၅၀ဝ၀ဝ ဦးထံ ဒစ်ဂျစ်တယ်  ယွမ်ငွေ ၂၀ဝ အား အပိုဆုကြေးထည့်ပေးကြောင်းနှင့် ယခုအခါ အပိုဆုကြေးအတွက်    လျှောက်ထားလာသူပေါင်း နှစ်သန်းကျော်ရှိသည်ဟု သိရသည်။

ဒစ်ဂျစ်တယ်ယွမ်ငွေသည်   အခြားစီးပွားရေး အင်အားကြီး နိုင်ငံကြီးများ၏  ရှေ့သို့ရောက်လျက်   လာမည့် ၂၀၂၂ ခုနှစ်တွင် ပထမဆုံးဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး ဖြစ်လာနိုင်ကြောင်းနှင့် ခရီးသွားလုပ်ငန်း၊ ငွေပေးချေမှု၊  ဘဏ်အချင်းချင်း စာရင်းရှင်းလင်း ခြင်းနှင့် ဗဟိုဘဏ်၏ တိုက်ရိုက်ဖလှယ်မှု လမ်းကြောင်းများကဲ့သို့ နယ်စပ်ဖြတ်ကျော် အသုံးပြုမှုများ   ဆက်လက်တိုးပွားလာနိုင် ကြောင်း၊  Bitcoin  ကဲ့သို့    ပုဂ္ဂလိက ဖန်တီးထားသည့် Virtual ငွေကြေးများ၏ဖြစ်လာနိုင်သော ခြိမ်းခြောက်မှုများမှ ကာကွယ်ရန် တရုတ်ဘဏ္ဍာရေး စည်းမျဉ်းချမှတ်သူတို့က   ကာကွယ်သည့် နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း   ကျွမ်းကျင်သူအချို့က   ကြိုတင် ခန့်မှန်းထားသည်။အစောပိုင်းက တရုတ်၏အွန်လိုင်းကူးသန်းရောင်းဝယ်ရေး ဘဏ်များဖြစ်ကြသော Tencent Holdings Ltd မှ ကျောထောက် နောက်ခံပြုထားသည့် WeBank နှင့်Alibaba၏ Ant Group Co မှ ထောက်ပံ့ပေးထားသော Zhejiang E-Commerce Bank Co., Ltd. (MY-bank) တို့အား ငွေကြေးလဲလှယ်ခြင်းနှင့် လှည့်လည်သုံးစွဲ ခြင်း ဝန်ဆောင်မှုများကို ပေးမည့်  ဒစ်ဂျစ်တယ်ယွမ်ငွေကြေးလုပ်ငန်း လည်ပတ်ရေးဆိုင်ရာအဖွဲ့အစည်းများအဖြစ်  ဗဟိုဘဏ်က သတ် မှတ်ခဲ့သည်။ ယခုအခါ တရုတ်နိုင်ငံ၏ ဆဋ္ဌမမြောက် အကြီးဆုံး နိုင်ငံပိုင် ကူးသန်းရောင်းဝယ်ရေးဘဏ်အားလုံးတွင်  ဒစ်ဂျစ်တယ် wallet ဖွင့်လှစ်ဆောင်ရွက်နိုင်လာပြီဖြစ်ကာ Ele.meအစား အသောက် ပို့ဆောင်ရေးဝန်ဆောင်မှုကဲ့သို့ e-commerce plat-form  များတွင် ဒစ်ဂျစ်တယ်ယွမ်ငွေဖြင့်    ပေးချေရန် application  များ ထည့်သွင်းထားပြီးဖြစ်သည်။ 

ဒစ်ဂျစ်တယ်ယွမ်ငွေကြေးဖြင့် ပေးချေမှုစနစ်   တိုးချဲ့လာ ခြင်းမှာ မတူညီသော အင်တာနက် platform များအား ချိတ်ဆက် ရာတွင် ကူညီပေးနိုင်မည်ဖြစ်ကာ Alipayနှင့် WeChat Payတို့နှင့် အတူ ယှဉ်တွဲတည်ရှိနေမည်ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် ကုမ္ပဏီတစ်ခုချင်း၏   လိုအပ်ချက်များကို  e-wallet  အမျိုးမျိုးဖြင့် ဖြည့်ဆည်းနိုင်ရန် ဒီဇိုင်းပုံစံ ရေးဆွဲထားခြင်းဖြစ်သည်။E-wallet များ သုံးစွဲရာတွင် ဝတ်ဆင်၍ရသော စက်ပစ္စည်း များ၊ internet of things စက်ပစ္စည်းများ၊ IC  ကတ်များ အပါအဝင် ပုံစံအမျိုးမျိုးဖြင့် သုံးစွဲနိုင်ရန် ဖန်တီးထားကြသည်။ တရုတ်ဗဟို ဘဏ်က မိတ်ဆက်ပေးသော ဒစ်ဂျစ်တယ်ယွမ်ငွေတွင်လည်း  သက်ကြီး ရွယ်အိုများအတွက် ကျန်းမာရေးကုဒ်နံပါတ်လုပ်ငန်းစဉ် နှင့်အတူ သုံးစွဲ၍ ရစေရန် စီစဉ်ပေးထားပါသည်။ ထိုသို့ စီစဉ်ပေး ရခြင်းမှာ ငွေပေးချေရာတွင် လွယ်ကူစေရန်အတွက်သာမက ကပ် ရောဂါ ဆက်လက်ဖြစ်ပွားခဲ့ပါက စိတ်ချစွာ ခရီးသွားလာနိုင်ရေး အဆင်ပြေ ချောမွေ့စေရန်ဖြစ်ကြောင်း သိရသည်။

 

ဒေါက်တာရွှေစင်ကို(စီးပွားရေးသံးမှူး)