အစိုးရအနေဖြင့်၂၀၂၁-၂၀၂၂ရာသီအတွက်စပါးအာမခံဈေးနှုန်း အစီအစဉ် သက်တမ်းတိုး ခြင်းကိုမူအားဖြင့်သဘောတူညီကြောင်း၊ယခုအစီအစဉ်မှာတတိယမြောက် သက်တမ်းတိုးခြင်းဖြစ် ပြီး နှစ်စဉ်စီမံချက်အတွက် ဘတ်ငွေ(၁၅၂)ဘီလီယံစိုက်ထုတ်ပေးရန် အတည်ပြုကြောင်းသိရှိရပါ သည်။ အမျိုးသားဆန်စပါးမူဝါဒကော်မတီက (၂၄.၈.၂၀၂၁ရက်နေ့)တွင် အတည်ပြုပေးခဲ့သော စုစုပေါင်းအသုံးစရိတ်တွင် ဘတ်ငွေ(၈၉.၄)ဘီလီယံအား အစိုးရပိုင်စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး သမဝါယမဘဏ် State-owned Bank for Agriculture and Agricultural Cooperatives တို့၏ အသုံးစရိတ်များအပါအဝင်ဈေးနှုန်းအာမခံချက်အတွက် အသုံးပြုသွားမည်ဖြစ် ကြောင်း၊ ဘတ်ငွေ (၅၄.၉၇)ဘီလီယံအား စီမံခန့်ခွဲရေးနှင့် ရိတ်သိမ်းခူးဆွတ်ခြင်းတို့အတွက် အထောက်အကူပြုရန် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ဘတ်ငွေ(၇.၇၆) ဘီလီယံအားဆန်အရည်အသွေးတိုးတက်ရေးနှင့် ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အတိုးနှုန်းများအပေါ် ထောက်ပံ့ပေးရန် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာကဘတ်ဂျက်အဆိုပြုမှုများပြားသည့်အတွက်၊ သက်ဆိုင် ရာ တာဝန်ရှိအဖွဲ့အစည်းအနေဖြင့် ပိုမိုသင့်တော်သော ဘတ်ဂျက်ကို ပြန်လည်စဉ်းစားပေးရန် ညွှန်ကြားခဲ့ပြီး အစိုးရအဖွဲ့သို့တင်ပြရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ အမည်မဖေါ်လိုသူ အစိုးရ အိမ်ရာမှ အရာရှိတစ်ဉီး၏ ပြောကြားချက်အရ အစိုးရအနေဖြင့် ရောင်းလိုအား မြင့်မား ခြင်းနှင့် ပြည်ပသို့ ဆန်တင်ပို့မှုနှေးကွေးခြင်းတို့ကြောင့် မျှော်မှန်းထားသည့်အတိုင်း ဆန်ဈေးနှုန်း ကျဆင်းမှုဖြစ်ပေါ်ကာ အစိုးရအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုတ်ဝန်ပိုးများ ပိုမိုများလာဖွယ်ရှိ နေကြောင်း သိရှိရပါသည်။
အစိုးရ၏လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Rachada Dhanadirek က အာမခံ အစီ အစဉ် အနေဖြင့်စိုက်ပျိုးရေးတိုးချဲ့မှုဉီးစီးဌာနတွင်မှတ်ပုံတင်ထားသောအိမ်ထောင်စု ပေါင်း(၄.၆၉) သန်း ကိုလွှမ်းခြုံနိုင်လိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။အဆိုပါအစီအစဉ်ကိုယခုနှစ်ဩဂုတ်လ(၁)ရက်နေ့မှ၂၀၂၂ခုနှစ်မေလ(၃၁)ရက်နေ့အထိဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ဝင်ငွေအာမခံအစီအစဉ်အရ လယ်သမားများအနေဖြင့် ဈေးကွက်ရှိဈေးနှုန်းနှင့်အညီ ဆန်စပါး အာမခံဈေးနှုန်းနှင့်ရက်သတ္တပတ်နှစ်ပတ်လျှင် တစ်ကြိမ် ပြောင်းလဲနေသောစံဈေးနှုန်းတို့အကြား ကွာခြားချက်ကိုရရှိမည်ဖြစ်ပါသည်။
ဤအစီအစဉ်တွင်အဓိကဆန်စပါး(၅)မျိုးပါဝင်ကြောင်း၊အစိုဓါတ်(Moisture)ပါဝင်မှု (၁၅%) ဖြင့် ဆန်ဖြူစပါး(white rice paddy)၊ ဟုမ်းမလိစပါး(hom mali rice paddy)၊ အစိုဓါတ်(Moisture)ပါဝင်မှု(၁၅%) ဖြင့် ပထုန်ဌာနီဆန်မွှေးစပါး( Fragrant Pathum Thani rice Paddy)၊ အစိုဓါတ်(Moisture)ပါဝင်မှု(၁၅%) ဖြင့် ကောက်ညှင်းစပါး(Glutinous rice paddy with 15% moisture)နှင့် ပြည်နယ်အသီးသီးမှ ဆန်မွှေးစပါး (Provincial fragrant rice paddy)တို့ ဖြစ်ပါသည်။
ဤအစီအစဉ်အရ လယ်သမားများအား အစိုဓါတ် (Moisture) (၁၅%) ဖြင့် ဆန်ဖြူ စပါး(white rice paddy) တစ်တန်လျှင်ဘတ်ငွေ(၁၀,၀၀၀) နှုန်းဖြင့်မိသားစုတစ်စုလျှင်(၃၀)တန် (သို့မဟုတ်)မြေ(၄၀)ရိုင်(Rai)နှုန်းဖြင့်ပေးအပ်လိမ့်မည်ဖြစ်ပါသည်။
ဤအစီအစဉ်အရ လယ်သမားများကို ဟုမ်းမလိစပါး(hom mali rice paddy)အတွက် တစ်တန်လျှင်ဘတ်ငွေ(၁၅,၀၀၀)ဖြင့် မိသားစုတစ်စုလျှင် (၁၄)တန်(သို့မဟုတ်)မြေ(၄၀)ရိုင်(Rai) အထိလည်းကောင်း၊ အစိုဓါတ်(Moisture)ပါဝင်မှု(၁၅%) ဖြင့် ပထုန်ဌာနီဆန်မွှေးစပါး( Fragrant Pathum Thani rice Paddy)အတွက် တစ်တန်လျှင် ဘတ်ငွေ(၁၁,၀၀၀)နှုန်းဖြင့် မိသားစု တစ်စုလျှင်(၂၅)တန်(သို့မဟုတ်)မြေ(၄၀)ရိုင်(Rai) အထိလည်းကောင်း၊ အစိုဓါတ် (Moisture) ပါဝင်မှု(၁၅%) ဖြင့် ကောက်ညှင်းစပါး(Glutinous rice paddy with 15% moisture) တစ်တန် လျှင်ဘတ်ငွေ(၁၂,၀၀၀)နှုန်းဖြင့်မိသားစုတစ်စုလျှင်(၁၆)တန်(သို့မဟုတ်)မြေ(၄၀)ရိုင်(Rai) အထိ လည်းကောင်း၊ ပြည်နယ်အသီးသီးမှ ဆန်မွှေးစပါး (Provincial fragrant rice paddy) အားတစ်တန်လျှင်ဘတ်ငွေ(၁၄,၀၀၀)နှုန်းဖြင့်မိသားစုတစ်စုလျှင်(၁၆)တန်(သို့မဟုတ်)မြေ(၄၀) ရိုင်(Rai) အထိလည်းကောင်း အသီးသီးသတ်မှတ်ထားပါသည်။
ယခုနှစ်အောက်တိုဘာလမှ နောက်နှစ်ဖေဖေါ်ဝါရီလအထိ Covid-19 ဖြစ်ပွားမှုကြောင့် ကုန်ထုတ်လုပ်မှုကျဆင်းလာသဖြင့်လယ်ယာလုပ်ငန်းသို့ပြန်လည်လုပ်ကိုင်သည့် လုပ်သားအရင်း အမြစ်များမြင့်မားလာသဖြင့်စပါးစိုက်ပျိုးမှုမြင့်မားခဲ့ခြင်းကြောင့်စပါးတန်ချိန်ပေါင်း(၂၆)သန်းထုတ်လုပ်နိုင်ရန်မျှော်မှန်းထားကြောင်း၊၎င်းမှာ လက်ရှိအခြေအနေထက်(၄%)မြင့်တက်သွားခြင်းဖြစ် ကြောင်းသိရှိရပါသည်။
Mr.Rachada က စပါးဈေးနှုန်းတည်ငြိမ်ရေးအစီအစဉ်တွင် လယ်သမားများအား ၎င်းတို့၏
စပါးရောင်းချခြင်းကိုအချိန်ဆွဲထားနိုင်ရန်အတွက်အထူးချေးငွေအစီအစဉ်များ၊ ဆန်အရည်အသွေး တိုးတက် စေရေးအတွက် လယ်သမားများအားထောက်ပံ့ရေး(Grant ) အစီအစဉ်များ၊ ဆန်သို လှောင်မှုကိုသဘောတူသောလုပ်ငန်းရှင်များအတွက်အတိုးနှုန်းအပေါ်ထောက်ပံ့ရေးအစီအစဉ်များပါဝင်ကြောင်းသိရှိရပါသည်။အစိုးရအနေဖြင့်ယခုနှစ်စက်တင်ဘာလ(၁)ရက်နေ့မှ၂၀၂၂ခုနှစ်ဧပြီလ(၃၀)ရက်နေ့အထိဆောင်ရွက်မည့်ဈေးနှုန်းတည်ငြိမ်ရေး အစီအစဉ်တွင်ပါဝင်ရန်အတွက် စပါး တန်ချိန် (၁၀.၅)သန်းကို ရည်မှန်းထားကြောင်းသိရှိရပါသည်။
Ms. Rachada ၏အဆိုအရ ဝန်ကြီးချုပ်ပရာယွတ်အနေဖြင့် ပို့ကုန်တင်ပို့မှု အတွက် အဟန့်အတားများဖြစ်သော သင်္ဘောခများဈေးနှုန်းကြီးမြင့်မှုနှင့်ဆန်စက်လုပ်ငန်းရှင်များအကြား ငွေဖြစ်လွယ်မှုခက်ခဲနေမှုစသည်တို့ကိုကိုင်တွယ်ဆောင်ရွက်သွားရန်ဆက်စပ်ဌာနများကိုပြောကြား ခဲ့ကြောင်းသိရှိရပါသည်။ ၎င်းကအရှေ့မြောက်ပိုင်းရှိစပါးစိုက်ပျိုးသည့် လယ်သမားများအား ဝင်ငွေ ပိုမိုရရှိရေးအတွက် အခြားသော နောက်ထပ်သီးနှံများအားလည်း စိုက်ပျိုးသွားနိုင်ရေး အထောက် အပံ့များပေးသွားရန် ရေပေးဝေရေးကိုလည်းစီမံဆောင်ရွက်သွားရန် သက်ဆိုင်ရာ ဆက်စပ်ဌာန များကို အမိန့်ပေးခဲ့ကြောင်းသိရှိရပါသည်။
(လွင်မျိုးဇော်၊ စီးပွားရေးသံမှူး)
မြန်မာသံရုံး၊ဗန်ကောက်မြို့