Main menu

Background

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့မှ တင်ပြသော စီးပွားရေးဆိုင်ရာသတင်းများ

Fri, 10/01/2021 - 10:51 -- journal_editor

“စတုတ္ထမြောက် စက်မှုတော်လှန်ရေး”တွင် တရုတ်က ဉီးဆောင်နိုင်ငံအဖြစ် ပါဝင်

တရုတ်နိုင်ငံတွင် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်နေသော်လည်း အစိုးရ၏ ဈေးကွက်ယှဉ်ပြိုင်မှုကို အားပေးသည့် ကြိုးပမ်းမှုများကြားဝယ် စီးပွားရေးလုပ်ငန်း ပတ်ဝန်း ကျင်နှင့် ဈေးကွက် အားကောင်းလာခြင်းကြောင့် ပုဂ္ဂလိက တရုတ် စီးပွားရေးလုပ်ငန်းများ ၏ စွမ်းဆောင်ချက်များ တိုးတက်လာသည်ကို တွေ့ရပါသည်။

တရုတ် ထိပ်တန်းပုဂ္ဂလိကလုပ်ငန်းကြီး (၅၀၀)၏  နှစ်စဉ်အစီရင်ခံစာများကို စုစည်းထုတ်ပြန်ချက်အရ ယမန်နှစ်အတွင်း စုစုပေါင်းဝင်ငွေ ယွမ် (၃၅.၁၂) ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၄၃ ထရီလီယံ) ရရှိခဲ့ကာ၊ လွန်ခဲ့သည့်တစ်နှစ်ကျော်နှင့် နှိုင်းယှဉ်ပါက (၁၆.၃၉) ရာခိုင်နှုန်းတိုးတက်လာကြောင်းနှင့် အသားတင်အမြတ်ငွေ ယွမ်ငွေ (၁.၉၇) ထရီ  လီယံနှင့် စုစုပေါင်းပိုင်ဆိုင်ပစ္စည်းတန်ဖိုးပေါင်း ယွမ်ငွေ (၅၀.၇၃) ထရီလီယံအထိ ရှိခဲ့ကာ၊ (၄၁.၄) ရာခိုင်နှုန်းနှင့်  (၃၇.၂၅) ရာခိုင်နှုန်း အသီးသီး တိုးတက်လာခြင်းဖြစ်ကြောင်း သိရ ပါသည်။

၎င်းစာရင်းတွင် ဟွာဝေးနည်းပညာကုမ္ပဏီမှာ ခြောက်နှစ်ဆက်တိုက် ပထမ နေရာတွင် ယူထားပြီး၊ ယခုနှစ်စာရင်း၌ ၎င်းကုမ္ပဏီ၏  နောက်တွင် JD၊ အထည်အလိပ် ကုမ္ပဏီအုပ်စုဖြစ်သည့်Hengli Group၊ အီလက်ထရောနစ် သတင်းအချက်အလက်လုပ်ငန်းအုပ်စု ဖြစ်သည့် Amer International Group နှင့် Alibaba Group တို့ ရှိပါသည်။ ၎င်းထိပ်တန်းလုပ်ငန်းကြီး (၅)ခု၏ စုစုပေါင်းဝင်ငွေမှာ ယွမ်ငွေ ဘီလီယံ (၆၀၀) ကျော် ရှိခဲ့သည်ဟု သိရ ပါသည်။ 

လက်လီနှင့် အိမ်ခြံမြေကုမ္ပဏီအုပ်စုဖြစ်သည့် Better Life Group၏ ဉက္ကဋ္ဌ ဖြစ်သူ Wang Tianက တရုတ်နိုင်ငံသည် မကြာသေးမီက တရားမျှတမှုမရှိသည့် ယှဉ်ပြိုင်မှု အားလုံးကို စည်းမျဉ်းဉပဒေများဖြင့် အရှိန်မြှင့်တင် ထိန်းကျောင်းကြပ်မတ်ခဲ့ရာ၊ ဉပဒေကို လေးစားလိုက်နာသည့် လုပ်ငန်းများအတွက် နေရာပိုမိုရလာစေကာ၊ ပုဂ္ဂလိက ကုမ္ပဏီများ၏ စွမ်းရည်နှင့် ဈေးကွက်စီးပွားရေးကို တွန်းအားပေးလာကြောင်း မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။

ပုဂ္ဂလိကကဏ္ဍသည် ဆယ်စုနှစ်များစွာကပင် တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် မရှိမဖြစ်အင်အားစု ဖြစ်ပါသည်။ တရုတ်နိုင်ငံ စက်မှုနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပုဂ္ဂလိကလုပ်ငန်းများသည် နိုင်ငံ အခွန်ထမ်းဝင်ငွေ၏ (၅၀) ရာခိုင်နှုန်း၊ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး၏ (၆၀) ရာခိုင်နှုန်း၊ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု၏ (၇၀) ရာခိုင်နှုန်းနှင့် မြို့ပြအလုပ်အကိုင် ၏ (၈၀) ရာခိုင်နှုန်းဝန်းကျင် ပါဝင်ဖြည့်ဆည်းလျက်ရှိကြောင်း သိရပါသည်။

ယခုနှစ်အတွက် ထိပ်တန်းလုပ်ငန်း (၅၀၀)စာရင်းတွင်ပါဝင်သည့် လုပ်ငန်း များ၏ (၉၀) ရာခိုင်နှုန်းခန့်မှာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို ဆောင်ရွက်ထားပြီးဖြစ် ကာ၊ နှစ်စဉ် ၎င်းတို့၏ တီထွင်မှုမူပိုင်ခွင့် မှတ်ပုံတင်ထားရှိမှုမှာ (၃.၆၄) ရာခိုင်နှုန်းခန့်၊  ပြည်တွင်း၌ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ထားရှိမှုမှာ (၃၆.၀၆) ရာခိုင်နှုန်းခန့် တိုးတက် လာနေကြောင်း သိရှိရပါသည်။

ပုဂ္ဂလိက ကုမ္ပဏီပေါင်း (၃၉၄)ခုတို့၏ အဓိက နည်းပညာများမှာ လွတ်လပ် သည့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများမှ ပေါ်ထွန်းလာခြင်းဖြစ်ပါသည်။ ထိပ်တန်း ကုမ္ပဏီ (၅၀၀)အနက် ကုမ္ပဏီ (၂၂၉)ခုတို့တွင် သုတေသနနှင့် ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် ၎င်းတို့ဝန်ထမ်းများ၏ (၃) ရာခိုင်နှုန်းကျော်အတွက် သီးသန့်စာရင်း ထားရှိပေးထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားချက်ကို တွေ့ရပါသည်။

တရုတ်နိုင်ငံတွင် ကျယ်ပြန့်သည့် ဈေးကွက်နှင့် စီးပွားရေးလုပ်ငန်းပတ်ဝန်း ကျင် တိုးတက်လာသည့်အပြင် ဒစ်ဂျစ်တယ် စီးပွားရေးအပေါ် အဓိကအခြေခံသည့် စတုတ္ထ မြောက် စက်မှုတော်လှန်ရေးတွင်လည်း တရုတ်ကုမ္ပဏီအများအပြားက 5G၊ ဉာဏ်ရည်တု (artificial intelligence)၊ big dataနှင့် စွမ်းအင်အသစ်နှင့် ဘက်ထရီကဲ့သို့ နည်းပညာများကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် ပိုမိုအာရုံစိုက်လာကြသည့်အတွက်  ဉီးဆောင်သူအဖြစ် ပါဝင် သည့်နိုင်ငံဖြစ်လာကြောင်း၊ သို့ရာတွင် ကိုရိုနာကပ်ရောဂါမှာ တရုတ်လုပ်ငန်းများအပေါ် ကြီးမားစွာ သက်ရောက်ခဲ့ကာ ထိပ်တန်းလုပ်ငန်းများ၏ (၄၃.၈) ရာခိုင်နှုန်းက ကမ္ဘာလုံး ဆိုင်ရာ စက်မှုနှင့် ကုန်ထုတ်လုပ်မှုကွင်းဆက် မတည်ငြိမ်မှုများကို ရင်ဆိုင်ခဲ့ရကြောင်း အစီ ရင်ခံစာတွင် ဖော်ပြထားပါသည်။

ထို့ပြင် ယမန်နှစ်မှစ၍ ကုန်ကြမ်းများ၏ ကုန်ကျစရိတ်မှာ လုပ်ငန်းကုန်ကျ စရိတ်၏ တတိယနေရာတွင်ရှိရာမှ ပထမနေရာသို့ ရောက်လာခဲ့ကာ၊ ထိပ်တန်းလုပ်ငန်း ပေါင်း (၃၀၀)ခန့်မှာ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားလာခြင်း၏ သက်ရောက်မှုကို ခံစား နေရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်  ပုဂ္ဂလိကလုပ်ငန်းများ အရည်အသွေးမြင့်စွာ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ကူညီရန် စီမံဆောင်ရွက်မှုများစွာဖြင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရပါသည်။

ရင်းမြစ်၊ China Daily (၂၇-၉-၂၀၂၁)

.......................................................

ကုန်စည်ဈေးနှုန်းများ  တည်ငြိမ်စေရေး ဆောင်ရွက်ပေးရန် တရုတ်ဝန်ကြီးချုပ် ကတိပေး

တရုတ်နိုင်ငံအနေဖြင့် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်စေရန် ဈေးကွက် အခြေခံမူများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကာ ဈေးကွက်အတွင်း ပါဝင်လုပ်ကိုင် နေကြသူများ၏ ဝယ်လိုအားကို အလေးထားလျက်၊ သင့်လျော်သည့်နှုန်း အတွင်း စီးပွားရေး လုပ်ဆောင်ချက်များကို ထိန်းထားပေးမည့် မေခရိုမူဝါဒများကို ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် မစ္စတာ လီခကျန်းက ကတိပြုလိုက်ပါသည်။

ကွမ်ရှီးနှင့် ယွိလင်သို့ လာရောက်သည့်ခရီးစဉ်အတွင်း ဈေးကွက်တွင် ပါဝင် လုပ်ကိုင်ကြသူများ  ပိုမိုများပြားလာစေရေး အားပေးရန်နှင့် ပြည်သူများ သာယာဝပြောရေး ကို ပိုမိုတိုးတက်လာစေရန်တို့မှာ အရေးပါကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။

အသေးစားလုပ်ငန်းများနှင့် ကိုယ်ပိုင်လုပ်ငန်းများမှာ မိသားစု သန်းပေါင်း များစွာကို ကျွေးမွေးနေပြီး၊ ကလေးသူငယ်များအား ပညာသင်ကြားပေးနေသည့် အလုပ် အကိုင်များစွာကို ဖန်တီးပေးနေခြင်းဖြစ်ရာ အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ဟုလည်း ဝန်ကြီးချုပ်က အလေးအနက်ပြောကြားခဲ့ပါသည်။

မကြာသေးမီအချိန်အတွင်း အရေအတွက်များများဝယ်ယူရသည့် ကုန်စည် ဈေးနှုန်းများ တက်လာခြင်းမှာ စီးပွားရေးလုပ်ငန်းများ၏ အမြတ်ရရှိရေးအပေါ် အဓိက ဖိအားဖြစ်လာသဖြင့် ၎င်းကို ဖြေရှင်းရန်အတွက် စီမံဆောင်ရွက်မှု အမျိုးမျိုးကို တရုတ်နိုင်ငံ မှ ဆောင်ရွက်သွားမည်ဟုလည်း သိရပါသည်။

တရုတ်နိုင်ငံတော်ကောင်စီသည် မေလနှင့် စက်တင်ဘာလ အစောပိုင်းတို့တွင် ထိပ်တန်းအစည်းအဝေး(၂)ရပ်ကျင်းပခဲ့ကာ ကုန်စည်ဈေးနှုန်းမြင့်တက်နေခြင်းကို တန်ပြန် သည့် မူဝါဒစီမံဆောင်ရွက်မှုများနှင့် အသေးစားလုပ်ငန်းများ သို့ အထောက်အပံ့ပေးခြင်းတို့ ကို ဆောင်ရွက်ခဲ့ပါသည်။

Luchuanစီရင်စုရှိ သကြားစိုက်ခင်းသို့ ဝန်ကြီးချုပ်သွားရောက်ကြည့်ရှုစဉ်  ပိုမိုကောင်းမွန်သည့် ကြံပင်အမျိုးမျိုးကို စိုက်ပျိုးခြင်းနှင့် သကြားလုပ်ငန်း၏ ဆုံးရှုံးနိုင်ခြေမှ ကြံ့ကြံ့ခံနိုင်စွမ်းကို အားပေးကူညီရန် အစိုးရက ပံ့ပိုးကူညီမှုများ ပိုမိုပြုလုပ်သွားမည်ဟု လည်း ပြောကြားခဲ့ပါသည်။

တရုတ်ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာမှုကြောင့် ဝယ်လို အားအသစ်များ ဖြစ်လာရာ ကြုံတွေ့လာသည့် ပြဿနာများကို ဖြေရှင်းရန် အကောင်းဆုံး အားထုတ်ကြိုးပမ်းကြရန်ကိုလည်း ပြည်နယ်အာဏာပိုင်များကို ဝန်ကြီးချုပ်က တိုက်တွန်း ခဲ့ပါသည်။

တရုတ်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို နက်ရှိုင်းစွာ ပိုမိုပြုလုပ်သွား မည်ဖြစ်ကာ၊ စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်စေလျက်၊ ပိုင်ဆိုင်မှု ပုံစံအမျိုးမျိုးရှိသည့် စီးပွားရေးလုပ်ငန်းများအတွက် တန်းတူ လုပ်ကိုင်နိုင်သည့် အခြေအနေ ဖြစ်စေရန်နှင့် မျှတစွာ ယှဉ်ပြိုင်နိုင်စေရန် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းကိုလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရင်းမြစ်၊ CHINA DAILY (၂၀-၉-၂၀၂၁)

...................................

အာဆီယံနှင့် စက်မှုလုပ်ငန်းဆိုင်ရာကွင်းဆက်တည်ဆောက်မှုကို အရှိန်မြှင့်နေသည့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ယခုအခါ တရုတ် (ကွမ်ရှီး) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် နိုင်ငံဖြတ်ကျော်လုပ်ငန်းများ တည်ဆောက်ခြင်း၊ အာဆီယံနှင့် ကုန်စည်ထောက်ပံ့ခြင်းနှင့် တန်ဖိုးမြှင့်ကုန်စည်ထုတ်လုပ်ခြင်းကွင်းဆက်ကဲ့သို့ ချိတ်ဆက်မှုများကို ပြုလုပ်ခြင်းနှင့်အတူ ရှေ့သို့ ဆက်လက်ချီတက်လျက်ရှိပါသည်။

ကွမ်ရှီး FTZ၏ နန်နင်းနယ်မြေတွင် အဆင့်မြင့် စက်မှုထုတ်ကုန်များ ပေါင်းစပ်ထုတ်လုပ်ခြင်းနှင့် အဆင့်မြင့် အီလက်ထရောနစ် သတင်းအချက်အလက်၊ 5G terminal ၊ ခေတ်မီဘဏ္ဍာရေး၊ smart  နည်းပညာသုံး သယ်ယူပို့ဆောင်မှု၊ big dataတို့ဖြင့် ခေတ်မီ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ခြင်းတို့ကို မြှင့်တင်ဆောင်ရွက်လျက်ရှိကာ၊ ပိုမိုအဆင့်မြင့်စွာ တံခါးဖွင့်ကြိုဆိုလျက် ရှိပါသည်။

အာဆီယံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပြုမည့် ကုမ္ပဏီများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးရန် China-ASEAN Business Centerကိုလည်း တည်ဆောက်လျက်ရှိပါသည်။

ချင်းကျိုးနယ်မြေတွင် ဓာတုဗေဒဆိုင်ရာ ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် စွမ်းအင်အသစ်သုံး မော်တော်ယာဉ်များကို ခြုံငုံသည့် ကဏ္ဍများကို ပိုမိုအလေးထားကာ တည်ဆောက်လျက်ရှိပါသည်။

၎င်းနယ်မြေတွင် တရုတ်-မလေးရှား ချင်းကျိုး စက်မှုဇုန်ရှိပြီး ၊ မလေးရှား နိုင်ငံတွင်လည်း မလေးရှား-တရုတ် Kuantanစက်မှုဇုန်ရှိကာ၊ တင်သွင်းခြင်းနှင့် ပြုပြင် ထုတ်လုပ်ခြင်းများကို ဉီးဆောင်၍ ဆောင်ရွက်လျက်ရှိပါသည်။

ချုံးကျိုနယ်မြေတွင် နိုင်ငံဖြတ်ကျော် အီလက်ထရောနစ် သတင်းအချက် အလက်နှင့် ရေထွက်ကုန်၊ အပူပိုင်းဒေသထွက် သစ်သီးဝလံများနှင့် သကြားကဲ့သို့ အာဆီယံ နိုင်ငံများ၏ ထင်ရှားသည့် ကုန်ပစ္စည်းများကို အချောသတ်ထုတ်လုပ်ရေးဟူသည့် စက်မှု ကုန်ထုတ်လုပ်မှုဆိုင်ရာကွင်းဆက် (၂)ရပ်ကို ကနဉီးဖွဲ့စည်းထားကြောင်း သိရပါသည်။

ရင်းမြစ်၊ CHINA DAILY (၂၃-၉-၂၀၂၁)

.............................................

အာဖရိကတွင် တရုတ်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရေးဇုန် (၂၅) ဇုန်ကို တည်ထောင်ထားရှိပြီးဖြစ်

အာဖရိကတိုက်ရှိ နိုင်ငံပေါင်း (၁၆) နိုင်ငံတွင် တရုတ် စီးပွားရေးနှင့် ကုန်သွယ် ရေးပူးပေါင်းဆောင်ရွက်မှုဇုန် (၂၅) ဇုန်ကို တည်ထောင်ထားရှိပြီးဖြစ်ကြောင်း တရုတ်- အာဖရိက စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှု နှစ်ပတ်လည် အစီရင်ခံစာ (၂၀၂၁) အရ သိရပါသည်။

(၂၀၂၀) ပြည့်နှစ်အကုန်တွင် တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် အဆိုပါ ပူးပေါင်းဆောင်ရွက်ရေးဇုန်များ၌ လုပ်ငန်း ပေါင်း (၆၂၃) ခုရှိကာ၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၇.၃၅) ဘီလီ ယံဖြစ်ပြီး၊ အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၄၆,၀၀၀)ခန့်ကို ဖန်တီးပေးထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

တရုတ်နိုင်ငံ၏ နိုင်ငံရပ်ခြားရှိ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင် ရွက်မှုဇုန်များသည် ရင်းမြစ်များ အသုံးချခြင်း၊ လယ်ယာစိုက်ပျိုးရေး၊ စက်မှုကုန်ထုတ်လုပ် ရေး၊ ကုန်သွယ်ရေးနှင့်  ကုန်စည်သယ်ယူပို့ဆောင်ရေးကဲ့သို့ နယ်ပယ်အမျိုးမျိုးတွင် ပြည်တွင်း စက်မှုအသွင်ကူးပြောင်းမှုကို မြှင့်တင်ရန် ကူညီပေးနေသည်ဟုလည်း အစီရင် ခံစာတွင် ဖော်ပြထားပါသည်။

ရင်းမြစ်၊ Xinhua (၂၆-၉-၂၀၂၁)

.........................................

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် ဘိလပ်မြေဈေးနှုန်းများ ဆက်လက်မြင့်တက်နေ

တရုတ်နိုင်ငံ အရှေ့ပိုင်း၌ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ဘိလပ်မြေတစ်တန်၏ ဈေးနှုန်းမှာ ယွမ်ငွေ (၆၂၆)ဖြစ်လျက်၊ စက်တင်ဘာလ (၂၃) ရက်နေ့ ကထက် (၃.၅၉) ရာခိုင်နှုန်း၊ ယခင်လကထက် (၃၄.၈၆) ရာခိုင်နှုန်းနှင့် ယခင်နှစ်ကထက် (၃၄.၄၅) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရပါသည်။

စက်တင်ဘာလ (၂၂)ရက်နေ့တွင် ကျဲ့ကျန်းပြည်နယ်ရှိ နေရာအများအပြား၌ စွမ်းအင်နှင့် ထုတ်လုပ်မှုကို စတင်ကန့်သတ်လိုက်ခြင်းကြောင့် ယခုကဲ့သို့ ရုတ်ချည်းမြင့် တက်လာခြင်း ဖြစ်ပါသည်။ အမှုန့်ကြိတ်ချေသည့် အခြေပြုနေရာအချို့မှာလည်း ထုတ်လုပ် မှုကို ရပ်နားလိုက်သဖြင့် ဘိလပ်မြေရောင်းလိုအား ရုတ်တရက် ကြပ်တည်းလာပါသည်။ ထုတ်လုပ်သူအချို့တွင် ကုန်စည်ပို့ဆောင်ရန်အတွက်ပင် ဘိလပ်မြေလက်ကျန် မရှိတော့ ကြောင်းနှင့် ဈေးကွက်၌လည်း ပစ္စည်းပြတ်လပ်နေကြောင်း သိရပါသည်။

စွမ်းအင်နှင့် ထုတ်လုပ်မှုအားတင်းကြပ်စွာ ကန့်သတ်သည့် မူဝါဒကို အကောင်အထည်ဖော်လာသော်လည်း ဈေးကွက်ဝယ်လိုအား ပုံမှန်ရှိနေရာ၊ ဘိလပ်မြေ ကုန်လက်ကျန်များမှာ ထပ်မံလျော့နည်းလာဖွယ်ရှိပြီး၊ ရောင်းလိုအား ပိုမိုနည်းလာဖွယ် ရှိပါသည်။ သို့ဖြစ်ရာ ရေတိုကာလတွင် တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ဘိလပ်မြေဈေးကွက်တွင် ဈေးနှုန်းများ ဆက်လက်မြင့်တက်ဖွယ်ရှိနေပါသည်။

ရင်းမြစ်၊ SunSirs (၂၆-၉-၂၀၂၁)

ဆောင်းဉီးအလယ်ပွဲတော်ပြီးနောက် တရုတ်ဈေးကွက်တွင် ပဲပုပ်ဈေးနှုန်း တည်ငြိမ်နေ

ဆောင်းဉီးအလယ်ပွဲတော်ကာလပြီးနောက် တရုတ်ပြည်တွင်းမှ ပဲပုပ်အသစ် အနည်းအကျဉ်း ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော်လည်း ၊ ၎င်းတို့၏ ဈေးနှုန်းများမှာ ယခင်ပဲပုပ်များ၏ ဈေးနှုန်းအတိုင်းပင် ရှိနေရာ ဈေးနှုန်းတည်ငြိမ်နေသည်ဟု ဆိုနိုင်ပါသည်။ ဈေးနှုန်းမှာ (၅၀၀) ကီလိုဂရမ်ကို ယွမ်ငွေ (၂.၇၅) မှ (၂.၈၅) ကြားတွင် ဖြစ်ပါသည်။ မကြာမီ အချိန်တွင် ပဲပုပ်များ အလျှံအပယ်ထွက်ရှိသည့် (၁၁)လပိုင်းသို့ ရောက်ရှိတော့မည်ဖြစ် သောကြောင့် ကုန်သည်များမှာ ဈေးကွက်အတွင်း သတိချပ်၍ အရောင်းအဝယ်ပြုနေ ကြကြောင်းနှင့် ရေတိုကာလတွင် ဈေးနှုန်းအပြောင်းအလဲ များစွာမရှိနိုင်သေးကြောင်း သတင်းရရှိပါသည်။

ရင်းမြစ်၊ SunSirs (၂၆-၉-၂၀၂၁)

............................................

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံတွင် အပူပေးသည့် ကျောက်မီးသွေးဈေးနှုန်း မြင့်တက်ခဲ့

ပြီးခဲ့သည့် ရက်သတ္တပတ် အစပိုင်းတွင် တရုတ်နိုင်ငံရှိ  ကျောက်မီးသွေးဈေးနှုန်း မှာ တစ်တန်လျှင် (၁,၄၀၇.၅) ယွမ်ဖြစ်ခဲ့ကာ၊ ရက်သတ္တပတ်နှောင်းပိုင်း၌ တစ်တန်လျှင် (၁,၅၂၅) ယွမ်ဖြစ်ခဲ့သောကြောင့် ရက်သတ္တပတ် တစ်ပတ်အတွင်း ဈေးနှုန်း(၈.၃၅) ရာခိုင်နှုန်း၊ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း (၁၅၅.၉၈) ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ရပါသည်။

စက်တင်ဘာလ (၂၃) ရက်နေ့ရှိ အပူပေး ကျောက်မီးသွေးအညွှန်းကိန်းမှာ (၁၈၃.၇၃) ရှိခဲ့ကာ၊ စက်တင်ဘာလ (၂၂) ရက်နေ့ကထက် (၀.၃)မှတ်၊ အညွှန်းကိန်း အနိမ့် ဆုံး (၄၄.၇၀) ဖြစ်ခဲ့သည့် (၂၀၁၆)ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့ကထက် (၃၁၁.၀၃) ရာခိုင် နှုန်း မြင့်တက်လာခဲ့ပါသည်။ (၂၀၁၁) ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှ စက်တင်ဘာလ (၂၃) ရက်နေ့အထိ ဈေးနှုန်းစက်ဝန်းတွင် ယခုနှုန်းမှာ အမြင့်ဆုံးဖြစ်ခဲ့ပါသည်။

တရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်သည့် မူဝါဒနှင့် မကြာသေးမီ က ချမှတ်ခဲ့သည့် စွမ်းအင်သုံးစွဲမှု ထိန်းချုပ်ရေး မူဝါဒနှစ်ရပ်ကြောင့် တရုတ်ပြည်တွင်းရှိ ကျောက်မီးသွေးတွင်းအချို့မှာ ပိတ်ထားရဆဲအခြေအနေဖြစ်ရာ၊ ကျောက်မီးသွေး ရောင်းလို အား ကြပ်နေပါသည်။ ဈေးနှုန်းများ မြင့်တက်နေသော်လည်း တစ်ဖက်တွင်မူ ကျောက်မီးသွေးကို အသုံးပြုနေရသည့် စွမ်းအင်ထုတ်လုပ်သည့်  စက်ရုံများကဲ့သို့ လုပ်ငန်းများဘက်မှ ကုန်စည်သိုလှောင်ထားရန် ဝယ်လိုအားမြင့်နေဆဲဖြစ်ရာ၊   ဝယ်လိုအားပေါ် မူတည်၍ ကျောက်မီးသွေးဈေးနှုန်းများ ဆက်လက်မြင့်တက်နေမည်ဟု ခန့်မှန်းထား ပါသည်။

ရင်းမြစ်၊ SunSirs (၂၆-၉-၂၀၂၁)

.............................................

တရုတ်နိုင်ငံရှိ ကတ္တရာ လက်ငင်းဝယ်ဈေးနှင့် ကြိုရောင်းကြိုဝယ်ဈေး မြင့်တက်နေ

စက်တင်ဘာလ (၂၆) ရက်နေ့တွင် တရုတ်ပြည်တွင်း ကတ္တရာဈေးကွက်ရှိ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၃,၅၁၂) ရှိသောကြောင့် စက်တင်ဘာလ (၂၅) ရက်နေ့ကထက် (၃.၂၂) ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ရပါသည်။ စက်တင်ဘာလ (၂၃) ရက်နေ့တွင် ကတ္တရာ (၂၁၁၂) ကြိုရောင်းကြိုဝယ်စာချုပ် ပေါက်ဈေးမှာ တစ်တန်လျှင် ယွမ်ငွေ (၃,၂၅၄)  ဖြစ်ကာ (၃.၅၆) ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ရပါသည်။

ဤကဲ့သို့ ကတ္တရာဈေးနှုန်းများ မြင့်တက်လာခြင်းမှာ အပြည်ပြည်ဆိုင်ရာ ရေနံစိမ်းဈေးနှုန်းများ သိသိသာသာ မြင့်တက်လာသောကြောင့်ဖြစ်ပါသည်။

သို့ရာတွင် ကတ္တရာရောင်းလိုအားမှာ အနည်းငယ် ပေါပေါများများရှိနေသေး သည့်အတွက် တရုတ်ပြည်တွင်းကတ္တရာဈေးကွက်မှာ ရေတိုကာလတွင် ပြန်လည်တည်ငြိမ် သွားနိုင်မည်ဟု ခန့်မှန်းထားပါသည်။

ရင်းမြစ်၊ SunSirs (၂၆-၉-၂၀၂၁)

........................................................

 

ငွေလဲလှယ်နှုန်းများ(၂၇-၉-၂၀၂၁)နှင့် (၂၂-၉-၂၀၂၁)

 

 

၂၇-၉-၂၀၂၁

၂၂-၉-၂၀၂၁

အမေရိကန်ဒေါ်လာ (၁)ဒေါ်လာ

=

တရုတ်ယွမ်ငွေ

(၆.၄၅၈၇)ယွမ်

တရုတ်ယွမ်ငွေ (၆.၄၇၁၇)ယွမ်

တရုတ်ယွမ်ငွေ (၁)ယွမ်

အမေရိကန်ဒေါ်လာ

(၁)ဒေါ်လာ  

=

 

=

မြန်မာကျပ်ငွေ             (၂၈၈.၆၇)ကျပ်

မြန်မာကျပ်ငွေ

(၁၈၆၄.၅၇) ကျပ်

မြန်မာကျပ်ငွေ             (၂၇၃.၆၃)ကျပ်

မြန်မာကျပ်ငွေ

(၁၇၆၄.၅၃) ကျပ်

 

ရင်းမြစ် ၊ www.xe.com

.....................................................

 

သတင်းများစုစည်းတင်ပြသူ - ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး