Main menu

Background

ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးတွင် တရုတ်နိုင်ငံက ပါဝင်ဖြည့်ဆည်းလျက်ရှိ

Thu, 11/11/2021 - 14:03 -- journal_editor

     ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ၎င်း၏ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုများကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ အမြင့်ဆုံးဖြစ်စေလျက်၊ ၂၀၆၀ ပြည့်နှစ်မတိုင်မီ ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

   ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု အမြင့်ဆုံးဖြစ်သည့်ကာလနှင့် လျှော့ချ နိုင်သည့်ကာလအကြား ကြာမြင့်ချိန်မှာ ဉရောပတွင် (၇၁)နှစ်၊ အမေရိကန်ပြည်ထောင်စု တွင် (၄၃)နှစ်နှင့် ဂျပန်တွင် (၃၇)နှစ် ဖြစ်ပါသည်။တရုတ်နိုင်ငံကမူ နှစ်ပေါင်း (၃၀)အတွင်း ဆောင်ရွက်မည်ဟု ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ထုတ်ပြန်ကြေညာထားပြီး  ဖြစ်ပါ သည်။

     ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်ရေးအတွက် စွမ်းအင်ထိရောက်မှုကို တိုးတက် ကောင်းမွန်စေခြင်း၊ စွမ်းအင်အမျိုးမျိုးရောနှောအသုံးပြုမှုကို အကောင်းဆုံးဖြစ်စေခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးလာစေရန်ဆောင်ရွက်ခြင်း၊ စက်မှုကုန်ထုတ်လုပ်သည့် ပုံစံများကို ပြန်လည်ချိန်ညှိခြင်းနှင့် သစ်တောများမှ ကာဗွန်စုပ်ယူနိုင်စွမ်းကို တိုးတက်စေ ခြင်းတို့ကို တရုတ်နိုင်ငံက ပါဝင်ဆောင်ရွက်လျက်ရှိရာ၊ တစ်ကမ္ဘာလုံး အတိုင်းအတာ၏ (၃၀) ရာခိုင်နှုန်းမှ (၅၀) ရာခိုင်နှုန်းခန့် ရှိပါသည်။

   အောက်တိုဘာလ (၂၇)ရက်နေ့တွင် ရာသီဉတုပြောင်းလဲမှုကို လျော့ပါးသက် သာစေမည့် မူဝါဒများ၊ ဆောင်ရွက်ချက်များနှင့် လုပ်ငန်းစဉ်များပါဝင်သည့် "Responding to Climate Change: China's Policies and Actions"ခေါင်းစဉ်ဖြင့် white paperတစ်စောင်ကို တရုတ်နိုင်ငံက ထုတ်ပြန်ကြေညာခဲ့ကာ၊ ၎င်း၏ အတွေ့အကြုံများနှင့် ချဉ်းကပ်မှုများကို ကမ္ဘာသို့ အသိပေးခဲ့ပါသည်။

   ၂၀၂၀ ပြည့်နှစ်ရှိ တရုတ်နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှုပြင်းအား (intensity)မှာ ၂၀၀၅ ခုနှစ်ကထက် (၄၈.၄) ရာခိုင်နှုန်း၊ တန်ချိန်အားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တန်ချိန် (၅.၈) ဘီလီယံ လျော့နည်းခဲ့ရာ၊ ယခင်က နိုင်ငံတကာအသိုက်အဝန်း၌ ၂၀၂၀ ပြည့်နှစ်တွင် (၄၀) ရာခိုင်နှုန်းမှ (၄၅) ရာခိုင်နှုန်းကြား လျှော့ချမည်ဟူ၍ ပြုထားသည့်၎င်း၏ ကတိကဝတ်ထက် ပိုမိုလျှော့ချနိုင်ခြင်းဖြစ်ကြောင်း white paperတွင် ဖော်ပြထားပါသည်။

 တရုတ်နိုင်ငံသည် နေရောင်ခြည်စွမ်းအင်သုံး စွမ်းအင်ထုတ်လုပ်ခြင်းနှင့် လေအားလျှပ်စစ်ကဏ္ဍများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားရာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အတွက် ကုန်ကျစရိတ်မှာ တစ်နေ့ထက်တစ်နေ့လျော့နည်းလာပါသည်။

    တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် (၆)နှစ်အတွင်း စွမ်းအင်အသစ်သုံးယာဉ်များ (new energy vehicles - NEVs) ထုတ်လုပ်မှုနှင့် ရောင်းချမှုမှာ စင်းရေ (၆.၇၈)သန်း ရှိခဲ့ပါ သည်။ ၎င်းယာဉ်များအနက် လျှပ်စစ်မော်တော်ယာဉ်စင်းရေက (၅.၅၂)သန်း ပါဝင်ပါသည်။

     ၂၀၀၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ရာသီဉတုနှင့်သက်ဆိုင်သည့် ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်နေစဉ်တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ် မှုတန်ဖိုးမှာ (၄)ဆ တိုးတက်လာပြီး၊ ကျေးလက်နေပြည်သူ သန်း(၁၀၀)နီးပါးကို ဆင်းရဲ နွမ်းပါးမှုမှ လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့်  နိုင်ငံ၏ ကာဗွန်လျှော့ချရေးမှာ စီးပွားရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးရေးတို့နှင့် ဆက်နွယ်နေနိုင်ကြောင်း တွေ့ရှိထားပါသည်။

     တရုတ်နိုင်ငံသည် ရုပ်ကြွင်းလောင်စာမဟုတ်သည့် စွမ်းအင်အသုံးပြုမှုကို ၂၀၂၅ ခုနှစ်တွင် (၂၀)ရာခိုင်နှုန်းဝန်းကျင်၊ ၂၀၃၀ ပြည့်နှစ်တွင် (၂၅)ရာခိုင်နှုန်းဝန်းကျင်နှင့် ၂၀၆၀ ပြည့်နှစ်တွင် (၈၀)ရာခိုင်နှုန်းကျော် တိုးမြှင့်သွားရန် ရည်မှန်းချက်ချမှတ်ထားပါသည်။

        GDPတစ်ယူနစ်တိုင်းအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို ၂၀၂၅ ခုနှစ်တွင် ၂၀၂၀ ပြည့်နှစ်အဆင့်မှ (၁၈) ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်တွင် ၂၀၀၅ ခုနှစ်အဆင့် နှင့်နှိုင်းယှဉ်ပါက (၆၅) ရာခိုင်နှုန်းကျော် လျှော့ချသွားမည် ဖြစ်ပါသည်။

       ၂၀၂၅ ခုနှစ်တွင် GDPတစ်ယူနစ်တိုင်းအတွက် စွမ်းအင်အသုံးပြုမှုကို ၂၀၂၀ ပြည့်နှစ်အဆင့်မှ (၁၃.၅)ရာခိုင်နှုန်းလျှော့ချသွားမည်ဖြစ်ကာ၊ သစ်တောလွှမ်းခြုံမှုကို (၂၄.၁) ရာခိုင်နှုန်းအထိ ရောက်ရှိလာစေရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

       ၂၀၃၀ ပြည့်နှစ်တွင် ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်မှုကို (၁,၂၀၀) ဂီဂါဝပ်အထိ ရောက်ရှိလာစေရန် ဆောင်ရွက်မည် ဖြစ်ပါသည်။

   ၂၀၆၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၌ သန့်ရှင်းသော၊ ကာဗွန်ထုတ်လုပ်မှုနည်း သော၊ စိတ်ချရပြီး ထိရောက်မှုရှိသော စွမ်းအင်စနစ်ကို အပြည့်အဝတည်ထောင်ထားရှိပြီး ဖြစ်ရမည်ဖြစ်ကာ၊ စွမ်းအင်ထိရောက်မှုတွင် အဆင့်မြင့်အပြည်ပြည်ဆိုင်ရာအဆင့်သို့ ရောက်ရှိရန် ရည်မှန်းထားသည်ဟု သိရပါသည်။

ရင်းမြစ်၊ Xinhua(၉-၁၁-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊   

စီးပွားရေးသံမှူး