Main menu

Background

တရုတ်နိုင်ငံ၏ မြေရှားသတ္တုဈေးနှုန်းအညွှန်းကိန်း မြင့်တက်နေ

Fri, 11/26/2021 - 15:14 -- journal_editor

          နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် မြေရှားသတ္တုအညွှန်းကိန်းမှာ (၇၅၅)မှတ်ဖြစ်ပြီး၊ ၎င်းအမှတ်မှာ အမြင့်ဆုံးအမှတ် (၁၀၀၀)သို့ရောက်ရှိခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့ကထက် (၂၄.၅၀) ရာခိုင်နှုန်းကျဆင်းခဲ့ကာ၊  အနိမ့်ဆုံးအမှတ် (၂၇၁)မှတ်သို့ ကျဆင်းခဲ့သည့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့ကထက် (၁၇၈.၆၀)ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်ပါသည်။

       တရုတ်နိုင်ငံတွင် လုပ်ငန်းလုပ်ဆောင်မှုအားကောင်းသည့်ပစ္စည်းများအတွက် အဓိကအသုံးပြုသည့် မြေရှားသတ္တုအမျိုးအစားများမှာ praseodymium နှင့် neodymium oxide ကဲ့သို့ အပေါ့စား သတ္တုများနှင့် dysprosium oxide နှင့် terbium oxide ကဲ့သို့ အလေးစားသတ္တုများ ဖြစ်ပါသည်။ ၎င်းသတ္တုများကို စွမ်းအင်အသစ်သုံး မော်တော်ယာဉ်များ၊ လေအားလျှပ်စစ်၊ စွမ်းအင်သုံးစွဲမှုနည်းပါးသည့် လေအေးပေးစက်များ၊ သမားရိုးကျမော်တော်ယာဉ်များနှင့် အခြားနယ်ပယ်များတွင် အသုံးပြုပါသည်။ပြည်တွင်းဖြစ် အိမ်အသုံးအဆောင် စွမ်းအင်အသုံးပြုမှုသက်သာသည့် လေအေးပေးစက်များ၏ ဈေးကွက်ထိုးဖောက်မှုအားမှာ ဆက်လက်မြင့်တက်နေပါသည်။ထို့ပြင် လုပ်ငန်းကဏ္ဍ အများအပြား၏ ဖွံ့ဖြိုးတိုးတက်မှုက မောင်းနှင်ပေးသည့် စွမ်းအင်အသစ်သုံးလုပ်ငန်းများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အမြဲတွယ်ကပ်နေသည့် သံလိုက်များအတွက် ဝယ်လိုအား ကောင်းနေပါသည်။

      တရုတ်ပြည်တွင်း မြေရှားသတ္တုအညွှန်းကိန်းမှာ praseodymiumနှင့် neodymiumအမျိုးအစားသတ္တုများတွင် မြင့်တက်လျက်ရှိပါသည်။ praseodymium neodymium oxideအမျိုးအစား၏ ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၇၉၂,၅၀၀) ဖြစ်ကာ၊ praseodymium neodymiumသတ္တုအမျိုးအစား၏ ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ် (၅,၀၀၀)တက်လာကာ (၉၆၅,၀၀၀) ယွမ်သို့ ဈေးနှုန်းမြင့်တက်လာပါသည်။praseodymium၏ ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ် (၁)သောင်းခန့်တက်လာကာ ယွမ်ငွေ (၈၄၅,၀၀၀)အထိ ဖြစ်လာပါသည်။neodymium oxide၏ ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ် (၅)ထောင်တက်၍ ယွမ်ငွေ (၈၂၂,၅၀၀) အထိ ဖြစ်လာပါသည်။

       praseodymium သတ္တု၏ ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၁.၀၈)သန်း ဖြစ်၍၊  neodymium သတ္တု၏ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၉၉၀,၀၀၀) ဖြစ်ပါသည်။ dysprosium oxide ၏ ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၂.၉၂)သန်းဖြစ်ကာ၊ dysprosium ferroalloy ၏ ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၈၉၀,၀၀၀) ဖြစ်ပါသည်။   dysprosium သတ္တု၏ ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၃.၇၈)သန်း ဖြစ်ပါသည်။ တရုတ်ပြည်တွင်းရှိ အပေါ့စား မြေရှားသတ္တုဈေးနှုန်းများမှာ အတက်ဘက်တွင် ရှိနေပြီး၊ မကြာသေးမီက ဝယ်ယူမှုများမှာမူ ယေဘုယျမျှသာ ရှိနေပါသည်။လေးလံသည့်မြေရှား သတ္တု (heavy rare earth)ဈေးကွက်တွင် dysprosium၏ ဈေးနှုန်းမှာ တည်ငြိမ်နေပြီး၊ terbium၏ ဈေးနှုန်းမှာ တစ်သမတ်တည်းဖြစ်နေလျက်၊ ကုန်ချောထုတ်လုပ်သည့်ဘက်မှ ဝယ်ယူမှုများမှာ အဓိကဖြစ်နေပါသည်။

      အဆင့်မြင့်သံလိုက်ပစ္စည်းများအတွက် ဝယ်လိုအားမှာ ပုံမှန်ဖြစ်နေကာ ရောင်းလိုအားနှင့် ဝယ်လိုအားမျှတနေသော်လည်း မကြာမီအချိန်အတွင်း praseodymium နှင့် neodymium တို့ကို ပုံမှန်ဝယ်ယူမှု အမြင့်ဆုံးကာလသို့ ရောက်ရှိတော့မည်ဖြစ်ပါသည်။ တရုတ်နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေပြီး၊ မြန်မာနိုင်ငံမှ မြေရှားသတ္တုတင်ပို့မှုကို တားမြစ်ထားသည့်အပြင်၊ တရုတ်နိုင်ငံ၏ “မြေရှားသတ္တုစီမံခန့်ခွဲရေး စည်းမျဉ်းစည်းကမ်းများ”ကိုလည်း မြှင့် တင်ဆောင်ရွက်လာတော့မည်ဖြစ်သည့်အတွက်  တရုတ်ပြည်တွင်း မြေရှားသတ္တုဈေးကွက် (အထူးသဖြင့် လေးလံသည့် မြေရှားသတ္တုများ)၏ ဈေးနှုန်းများမှာ အနာဂတ်တွင် ဈေးနှုန်းအမြင့်တန်း၌ပင် ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းသိရှိရပါသည်။

ရင်းမြစ်၊ SunSirs (၂၄-၁၁-၂၀၂၁)

- ဒေါက်တာရွှေစင်ကို၊

စီးပွားရေးသံမှူး