Main menu

Background

ဂျပန်၏ စီးပွားရေးအခြေအနေမှာ သတိထားစောင့်ကြည့်ရသည့်အခြေအနေတွင်ရှိ

Tue, 12/28/2021 - 11:16 -- journal_editor

ဂျပန်နိုင်ငံ၏ အဓိက ကုန်ထုတ်လုပ်ငန်းကြီး များသည် ကူးစက်ရောဂါ၏သက်ရောက်မှုကြောင့် စီးပွားရေး ထပ်မံကျဆင်းမည်ကို စိုးရိမ်နေကြဆဲ ဖြစ်သဖြင့်် လက်ရှိ  သုံးလပတ်ကာလ၏ စီးပွားရေး အနေအထားအပေါ် သတိကြီးစွာ   စောင့်ကြည့် နေကြကြောင်း  ဂျပန်ဗဟိုဘဏ်က ဆောင်ရွက် သည့် တန်းကန်းစစ်တမ်း  သုံးသပ်ချက်အရ  သိရှိရ သည်။
    သို့သော်    ကုန်ထုတ်လုပ်ငန်းမဟုတ်သည့် ဝန်ဆောင်မှုနယ်ပယ် ဆောင်ရွက်သူများအနေဖြင့်  ကမ္ဘာ့တတိယ အကြီးဆုံးစီးပွားရေးဖြစ်သည့် ဂျပန် နိုင်ငံ၏ စီးပွားရေးအပေါ် ယုံကြည်စိတ်ချမှုများ ဖြင့် မျှော်လင့်ချက်များ တိုးတက်လာသည်ကို တွေ့ ရကြောင်း အဆိုပါ တန်းကန်းစစ်တမ်းတွင် ဖော်ပြ ထားပါသည်။
    ဂျပန်ဗဟိုဘဏ်၏   တန်းကန်းစစ်တမ်းအရ ဂျပန်ကုမ္ပဏီ ၁၀ဝ၀ဝ ခန့်၏   စစ်တမ်းအဖြေများ ကို သုံးသပ်ရာ လက်ရှိ သုံးလပတ်တွင် အဓိက ကုန် ထုတ်လုပ်ငန်းများ၏  စီးပွားရေးအပေါ်  သဘော ထားစစ်တမ်း ရလဒ်အပေါင်း(+၁၈)   ရရှိခဲ့ရာ  ယခင်သုံးလပတ်မှ သဘောထား   ရလဒ်အတိုင်း ရှိနေပြီး    ပြောင်းလဲတိုးတက်ခြင်း   မရှိသည်ကို တွေ့ရပါသည်။
    တစ်ချိန်တည်းတွင်    ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်သူ မဟုတ် သည့် ဝန်ဆောင်မှု နယ်ပယ် ဆောင်ရွက်သူများ၏  သဘောထားနှင့်ပတ်သက် ၍ ယခင်သုံးလပတ် စစ်တမ်းရလဒ်ထက်  ပိုမို တိုး တက်လာသည်ကို သိရသည်။     နိုင်ငံ့စီးပွားရေး အပေါ် ကာလတို    သုံးသပ်ချက် စစ်တမ်းသည် အနာဂတ် ဂျပန်နိုင်ငံ၏ စီးပွားရေးအပေါ် တက် ြွကသည့် အမြင်ရှိသည့် ကုမ္ပဏီများအနေအထား နှင့် စိုးရိမ်ကြောင့်ကြဆဲဖြစ်သည့်  ကုမ္ပဏီများ၏ သဘောထားအမြင်များကို   ကွဲပြားခြားနေမှုကို တွေ့မြင်ရကြောင်း သုံးသပ်ထားသည်။  လက်ရှိ ထွက်ပေါ်လာသည့်    ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲဖြစ် သည့် Omicron   ၏သက်ရောက်မှုအပေါ်ကုန်ထုတ် လုပ်ငန်းဆောင်ရွက်သူများက   စိုးရိမ်မှုများ ရှိနေ ကြောင်း စစ်တမ်းသုံးသပ်ချက်တွင်   ဖော်ပြထား ပါသည်။
    အလတ်စား ကုန်ထုတ်လုပ်ငန်းဆောင်ရွက် သူများအတွက်  လက်ရှိ   စီးပွားရေးအနေအထား အပေါ် ယုံကြည်မှုသည် ယခင် သုံးလပတ် စစ်တမ်း ကဲ့သို့ ရလဒ်  အပေါင်း(+၆)အဆင့်တွင်  ပြောင်း လဲမှုမရှိသည်ကို   တွေ့ရပြီး   ကုမ္ပဏီငယ်များ၏ သဘောထား သည် အနုတ် (-၃)မှ အနုတ် (-၁)သို့ တိုးတက်လာခဲ့သည်။
    ဂျပန်နိုင်ငံသည်  ကူးစက်ရောဂါပြန့်ပွားနေ ချိန်အတွင်း  တင်းကျပ်သည့်  ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး အစီအမံများကို  ချမှတ်ကျင့်သုံးခြင်း မရှိသော်လည်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေ ၁၈၄၀ဝ အောက်  လျော့နည်းခဲ့ရုံမျှမက အခြား သောနိုင်ငံများ၏   ဗိုင်းရပ်စ်ကူးစက်မှုနှုန်းထက် လျော့နည်းသည်ကို တွေ့ရပါသည်။
    ယမကာဆိုင်များနှင့် စားသောက်ဆိုင်များကို ကန့်သတ်ထိန်းချုပ်ခြင်းအပြင်   လူဦးရေပမာဏ များပြားသော  ပွဲလမ်းသဘင်များကို ကန့်သတ်ခြင်း စသည့် အရေးပေါ် အစီအမံများကို နိုင်ငံတစ်ဝှမ်း အချိန်အတန်ကြာ ဆောင်ရွက်ခဲ့သော်လည်း ပြီးခဲ့ သည့်  အောက်တိုဘာလတွင်  ၎င်းအစီအမံများကို ရုပ်သိမ်းခဲ့ပါသည်။
    ဉာငခမသည ဗိုင်းရပ်စ်မျိုးကွဲ    ပြန့်ပွားလာမှု အပေါ် စိုးရိမ်ပူပန်မှုများကို   ဖြေရှင်းရန်အတွက် ယခု ဒီဇင်ဘာလအစောပိုင်းတွင် ဂျပန်နိုင်ငံသည် ပြည်ပလေကြောင်းလိုင်းများ အားလုံးကို အနည်း ဆုံး တစ်လကြာ ယာယီရပ်ဆိုင်းရန် ချမှတ်ခဲ့သော် လည်း လက်ရှိ၌    ပြည်ပနိုင်ငံများရှိ  ဂျပန်နိုင်ငံ သားများ ပြန်လည်ဝင်ရောက်မှု အဆင်ပြေစေရန် အနည်းငယ်ဖြေလျှော့ ဆောင်ရွက်ခဲ့ပါသည်။
    ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍အခြား ဖွံ့ဖြိုးပြီးနိုင်ငံများထက် နောက်ကျမှသာ ဆေးထိုးနှံ မှုများ စတင်ခဲ့သော်လည်း လက်ရှိ၌ နိုင်ငံစုစုပေါင်း လူဦးရေ၏ ၇၈ ရာခိုင်နှုန်းကျော်ကို  အပြည့်အဝ ကာကွယ်ဆေးထိုးနှံပြီးဖြစ်သည်။ လက်ရှိ၌ ဂျပန် အစိုးရသည် ဒီဇင်ဘာလဆန်းမှ စတင်၍ ကျန်းမာ ရေးဝန်ထမ်းများကို  ဦးစားပေး  နယ်ပယ်အဖြစ် သတ်မှတ်ကာ  တတိယအကြိမ် ကာကွယ်ဆေး ထိုးနှံမှု အားဖြည့်အစီအစဉ်ကို စတင်ဆောင်ရွက် နေပြီဖြစ်သည်။
    ထို့ပြင် နိုင်ငံ၏စီးပွားရေး ပြန်လည်နာလန် ထူလာမှုနှင့် ကူးစက်ရောဂါ၏  သက်ရောက်မှုကို ခံစားရသည့်     စီးပွားရေးလုပ်ငန်းများအတွက် ပမာဏများပြားသည့် စီးပွားရေးနှိုးဆွမှု အစီအမံ များကို လည်း ဆောင်ရွက်ပေးမည်ဟု ဂျပန်အစိုးရ က ကတိပြုခဲ့ကြောင်း သိရသည်။
နန္ဒာဝင်း (စီးပွားရေးသံမှူး)
(မြန်မာသံရုံး၊ တိုကျိုမြို့)