Main menu

Background

နယ်သာလန်နိုင်ငံ၏ ကားထုတ်လုပ်ရောင်းချမှု ကျဆင်းခဲ့

Thu, 01/20/2022 - 15:00 -- journal_editor

 ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၁ခုနှစ်တွင် နယ် သာလန်နိုင်ငံ၏  ကားရောင်းချရမှုသည်  ၉ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ကမ္ဘာတစ်ဝန်း မိုက်ခရိုချစ်ပ် (semiconductor chip) ပြတ်လပ်မှုကြောင့် နယ်သာလန်၏ကားထုတ်လုပ် မှု ကဏ္ဍသည် ဆိုးရွားစွာထိခိုက်ခဲ့ပြီးကားထုတ်လုပ်မှုကျဆင်းခဲ့ကာ ကားသစ်များ ထုတ်လုပ်မှုသည်လည်း နှောင့်နှေးခဲ့ကြောင်း လူစီး ကားနှင့် ထရပ်ကား ရောင်းဝယ်ရေးဆိုင်ရာအသင်း  (BOVAG)  နှင့် မော်တော်ကားလုပ်ငန်း အသင်း (RAI)တို့၏ ဖော်ပြချက်အရ သိရသည်။၂၀၂၁ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၌  ကားသစ်အစီးရေ ၃၂၂၈၃၁ စီး မှတ်ပုံတင်ခဲ့ကြောင်း၊ ကုမ္ပဏီသုံး လျှပ်စစ်ကားများ အား တစ်ကိုယ်ရည်အသုံးပြုမှုနှင့်စပ်လျဉ်း၍   နယ်သာလန် နိုင်ငံ၏ အခွန် ပြောင်းလဲမှုအစီအစဉ်ကြောင့် ဒီဇင်ဘာလတွင် ကားအရောင်း တိုးတက်လာမည်ဟု ကားရောင်းဝယ်ရေးလုပ်ငန်း များက မျှော်လင့်ထားခဲ့ကြသော်လည်း သိသိသာသာ တိုးတက်လာခဲ့ခြင်းမရှိဟုဆိုသည်။၂၀၂၁ ခုနှစ်ဒီဇင်ဘာလတွင် ကား စီး ရေ ၃၅၇၀၈ စီး မှတ်ပုံတင်ခဲ့ပြီး ယခင်နှစ်ကထက် ၁၆ ရာခိုင်နှုန်း နီးပါး လျော့နည်းခဲ့ခြင်းဖြစ်သည်။မိုက်ခရိုချစ်ပ ပြတ်လပ်မှုဆိုင်ရာအဟန့်အတားများ ကြောင့် လျှပ်စစ်ကားများထုတ်လုပ်ရောင်းချနိုင်မှု လျော့နည်း ခဲ့ကြောင်း၊ လျှပ်စစ် ကားအသစ် ၆၄၀၂၇ စီးသာ ထုတ်လုပ်နိုင်ခဲ့ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင်  လျှပ်စစ်ကား  စုစုပေါင်း ၇၂၈၅၈ စီး ရောင်းချခဲ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ်နှင့်  ၂၀၂၁ ခုနှစ်တို့တွင် လျှပ်စစ်ကားများသည် နယ်သာလန်ဈေးကွက်၏ ငါးပုံ တစ်ပုံ ခန့် ရှိခဲ့ကြောင်းသိရသည်။သို့သော် ၂၀၂၂ခုနှစ်တွင် ကားသစ်၃၉၀ဝ၀ဝ ခန့်ရောင်းချ ရလိမ့်မည်ဟုBOVAG နှင့် RAIတို့က ခန့်မှန်းထားကြပြီး  ထိုသို့ ရောင်းချရပါက ၂၀၂၁ ခုနှစ်ကထက် ၂၁ရာခိုင်နှုန်း တိုးတက်လာ မည်ဖြစ်ပါ သည်။ တစ်ချိန် တည်း တွင် မိုက်ခရိုချစ်ပ် ပြတ်လပ်မှု ပြဿနာသည် မပြီးဆုံးသေးကြောင်းနှင့်  အခွန်စနစ်ပြောင်းလဲမှု ကြောင့် ကားရောင်းချရမှုကို လျော့ကျစေနိုင်ကြောင်းလည်း ၎င်း အသင်းအဖွဲ့များက ထောက်ပြကြသည်။သို့သော် လျှပ်စစ်ကားများ ကို ပိုမိုဝယ်ယူရန် မက်လုံးပေး မှုများရှိနေပြီး ၂၀၂၂ ခုနှစ်တွင် လျှပ်စစ်ကား ဝယ်ယူသူများသည် ယူရို ၃၃၅၀ခန့်   သက်သာစေနိုင်မည့် Purchase subsidyကို အသုံးပြုနိုင်မည့် အစီအစဉ်များရှိကြောင်း၊ ထို့အပြင် လျှပ်စစ ် ကားမော်ဒယ် များ   ဈေးကွက်အတွင်းသို့  ပိုမိုဝင်ရောက်လာနိုင် ဖွယ်ရှိသဖြင့် ဝယ်ယူသူများအတွက် ရွေးချယ်စရာပိုများလာနိုင် ကြောင်း၊ ထို့ ကြောင့်  လျှပ်စစ်ကားများ၏ ဈေးကွက် ရှယ်ယာမှာ ၂၀ မှ ၃၀ ရာခိုင်နှုန်းအတွင်း ရှိနိုင်ကြောင်း BOVAG နှင့် RAI  တို့က ခန့်မှန်းထားသည်ဟု သိရသည်။
ကျော်စိန်ဝင်း၊(စီးပွားရေးသံမှူး)၊ မြန်မာသံရုံး၊ဘရပ်ဆဲလ်မြို့။