Main menu

Background

ဂျပန်နိုင်ငံရှိ အသက် (၂၅)နှစ်မှ (၃၄) နှစ်အရွယ်များအကြား ဝင်ငွေကွာဟချက်မြင့်မားလာ

Fri, 03/04/2022 - 14:06 -- journal_editor

ဂျပန်နိုင်ငံရှိ အသက် (၂၅) နှစ်မှ (၃၄) နှစ်အရွယ်များအကြား ဝင်ငွေကွာဟချက်သည် ၎င်းအသက်အုပ်စုများအကြား ဝင်ငွေမညီမျှ မှုကို တိုင်းတာသည့်  Gini coefficient  ညွှန်းကိန်း မြင့်တက်လာခြင်း ကြောင့်ဖြစ်သည်ဟု ဂျပန်အစိုးရ အဖွဲ့၏  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် စီးပွားရေးအစီရင်ခံစာအရ သိရသည်။ဂျပန်နိုင်ငံ၏  စီးပွားရေးအနေအထားကို အဓိကထားကာ လေ့လာသုံးသပ်သည့်   ၎င်းအစီရင်ခံစာအရ   အိမ်ထောင်ပြုပြီး  သားသမီးမွေးဖွားရန် အလားအလာရှိသူ များအား ဝင်ငွေတိုးမြှင့်ပေး ခြင်းသည် အိမ်ထောင်ပြုနောက်ကျပြီး  သားသမီးမွေးဖွားနိုင်ခြေ နည်းပါးသော အနေအထားကို ဖြေရှင်းရန် အကောင်းဆုံးအစီအမံ တစ်ခုဖြစ်ကြောင်း သုံးသပ်ထားသည်။
Gini coefficient အညွှန်းကိန်းသည် ကိန်းဂဏန်း (ဝ နှင့် ၁) ကိုအသုံးပြုကာ ဝင်ငွေမညီမျှမှုကို တိုင်းတာသော အညွှန်းကိန်းတစ်ခု ဖြစ်သည်။ ဝင်ငွေကွာဟချက် ကြီးမားလေ၊ အညွှန်းကိန်းမှာ ကိန်း ဂဏန်း ၁ နှင့် နီးကပ်လေဖြစ်သည်။
အစီရင်ခံစာအရ ထိုသို့ တိုးတက်လာခြင်းမှာ ပုံမှန်သမားရိုးကျ မဟုတ်သည့် ကန်ထရိုက်စာချုပ်ဖြင့် ဆောင်ရွက်ကြသော အမျိုးသား ဦးရေတိုးတက်လာပြီး အလုပ်ချိန်မှာ နည်းပါးသောကြောင့် ဖြစ်သည်ဟုသိရသည်။ အခြားသော အသက်အုပ်စုများတွင် ယေဘုယျအားဖြင့် Gini coefficient အညွှန်းကိန်းမှာ တဖြည်းဖြည်းချင်း ကျဆင်းလာ သည်ကို တွေ့ရသည်။
အသက် (၂၅) နှစ်မှ (၃၄) နှစ်အကြား လူများတွင် တစ်ကိုယ်ရေ နေထိုင်သူ အိမ်ထောင်စုရာခိုင်နှုန်းမှာ မြင့်တက်လာပြီး သားသမီး မွေးဖွားသည့် ဇနီးမောင်နှံအိမ်ထောင်စုများမှာ  လျော့နည်းကျဆင်း လာသည်။၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် အတွင်းမှ စာရင်းဇယားများကို နှိုင်း ယှဉ်ကြည့်ပါက နှစ်စဉ်ဝင်ငွေ ယန်းငါးသန်းအောက်ရရှိပြီး သားသမီး ရှိသည့် အိမ်ထောင်စုအရေအတွက်မှာ သိသိသာသာလျော့ ကျလာ သည်ကို တွေ့ရသည်။ ဝင်ငွေနည်းပါးသည့် လူများ အကြား တွင် အိမ် ထောင်ပြုပြီး သားသမီးမွေးဖွားရန်  ဆုံးဖြတ်ချက်ချနိုင်ရေး အခက် အခဲများ များပြားလာကြောင်း အစီရင်ခံစာအရ သိရသည်။ဂျပန်ဝန်ကြီးချုပ်  Fumio Kishida  သည်  ယေဘုယျအားဖြင့် သားသမီးပြုစုပျိုးထောင်နေ ရ သည့် မိသားစုများနှင့်လူငယ်များ၏ ဝင်ငွေကိုမြှင့်တင်ခြင်းဖြင့် လူလတ်တန်းစားများ၏ လူနေမှုဘဝကို မြှင့်တင်ရန် လူမှုဖူလုံရေးစနစ် ပြုပြင်ပြောင်းလဲမှု အစီအမံများမှ တစ်ဆင့် ကြိုးပမ်းဆောင်ရွက်သွားရန် ရည်မှန်းထားသည်။
ရင်းမြစ်။   https://www.nippon.com/en
နန္ဒာဝင်း(စီးပွားရေးသံမှူး)
မြန်မာသံရုံး(တိုကျိုမြို့)