
တောင်ကိုရီးယားသမ္မတ Yoon Suk-yeol အစိုးရ၏ ပထမဆုံးသော အဓိကစီးပွားရေးမူဝါဒ ဆိုင်ရာ လမ်းပြမြေပုံ (Economic Policy Road- map) တွင် စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့၍ ကော်ပိုရိတ်အခွန်များကို ၂၅ ရာခိုင် နှုန်းမှ ၂၂ ရာခိုင်နှုန်းထိ လျှော့ချပေးသွားမည် ဖြစ်ကြောင်း၊ ယင်းသည် (Organization for Economic Coo- peration and Development– OECD)အဖွဲ့ဝင် နိုင်ငံများ၏ ပျမ်းမျှနှုန်းအရဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍ ဦးဆောင်မှုဖြင့် နိုင်ငံ၏ စီး ပွားရေး တိုးတက်မှုကို ပံ့ပိုးပေးမည်ဟု သမ္မတ Yoon Suk-yeol က ကတိ ပြုထားသည့်အတွက် ပုဂ္ဂလိကကဏ္ဍအား မြှင့်တင် ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ကော်ပိုရိတ် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုး မြင့် လာစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်မှု တိုးတက်စေရေးတို့အတွက် ဖြစ် ကြောင်း၊ အစိုးရက ကုမ္ပဏီများအား ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို မှန်ကန်စွာ ဆောင်ရွက် နိုင်ရန် ခွင့်ပြုပါက စီးပွားရေးတိုးတက်မှု ကို ဖြစ် ပေါ်စေပြီး လူလတ်တန်းစားနှင့် ဝင်ငွေနည်းသူများ ၏ အသက်မွေးဝမ်းကျောင်းကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း သမ္မတ Yoon Suk-yeol က ဇွန် ၁၆ ရက်တွင် ပြောကြားခဲ့သည်။လက်ရှိစီးပွားရေး ရာ အခြေအနေများ အရ တောင်ကိုရီးယားအစိုးရသည် ၂၀၂၂ ခုနှစ် စီးပွား ရေးတိုးတက်မှု အလားအလာကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ၃ ဒသမ ၁ ရာခိုင်နှုန်းအဖြစ် ခန့် မှန်းထားခဲ့ရာမှ ၂ ဒသမ ၆ ရာခိုင်နှုန်းသို့ လျှော့ချ ပြင်ဆင်ခဲ့ပြီး ဘဏ္ဍာရေး ဝန်ကြီး ဌာန သည် ယခု ၂၀၂၂ ခုနှစ်၏ ငွေကြေးဖောင်းပွမှု အလားအလာ အား မူလခန့်မှန်းချက် ၂ ဒသမ ၂ ရာခိုင်နှုန်းမှ ၁၄ နှစ်အတွင်း အမြင့်ဆုံးအဖြစ် ၄ ဒသမ ၇ ရာခိုင်နှုန်း သို့ သိသိသာသာ မြှင့်တင်၍ ခန့်မှန်းထားသည်။ ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီးပွားရေး တိုးတက်မှု အလားအလာ ခန့်မှန်းချက်သည် တောင်ကိုရီးယား ဗဟိုဘဏ် (Bank of Korea- BOK) ၏ခန့်မှန်းချက် ဖြစ်သော ၂ ဒသမ ၇ ရာခိုင်နှုန်းထက် လျော့နည်း နေကြောင်းနှင့် အစိုးရ၏ ငွေကြေးဖောင်းပွမှု ခန့်မှန်းချက်သည်BOK ၏ ခန့်မှန်းချက် ၄ ဒသမ ၅ ရာခိုင်နှုန်းထက် မြင့်မားနေကြောင်း လေ့လာ တွေ့ရှိရသည်။ကမ္ဘာ့စီးပွားရေးတွင် မသေချာမရေရာမှုများ က မြင့်မားလာခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံ ၏ စီးပွားရေးသည် တိုးတက်မှု နှေးကွေးလာမှုနှင့် အတူ ငွေကြေးဖောင်းပွမှု ပိုမိုမြင့်မားလာခြင်းတို့ ကြောင့် စီးပွားရေးရာ မတည်မငြိမ် ဖြစ်နိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် နိုင်ငံအတွက် စီးပွားရေးရာ မူဝါဒအသစ်ဖြစ်သောEconomic Policy Roadmap ကို ချမှတ်လိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံသည် ဖွံ့ဖြိုးမှု အားနည်းနေသော ကဏ္ဍများ၊ ကလေးမွေးဖွားနှုန်း နည်းပါးသဖြင ့် နိုင်ငံ၏ လူဦးရေ တိုးတက်မှုနှုန်း သိသာစွာလျော့ကျလာခြင်းနှင့် လျင်မြန်စွာ အိုမင်း ခြင်း စသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် လည်း လိုအပ်လျက် ရှိသည်။
Semiconductor များကဲ့သို့သော ဆန်းသစ် တီထွင်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ အတွက် ပိုမိုကျယ်ပြန့်သော အခွန်မက်လုံးများ ပေးဆောင်ရန်လည်း စီစဉ်လျက်ရှိကြောင်း၊Economic Policy Roadmap အသစ်သည် ကြိုးနီ စနစ်များကို ဖယ်ရှားနိုင်ရန်နှင့် ဈေးကွက်တွင် တီထွင်ဖန်တီးနိုင်မှု အမြင့်မားဆုံးဖြစ်စေရန် ရည် ရွယ်သည့် ခိုင်မာသောစည်းမျဉ်းများကိုလည်း ဗဟို ပြုထားကြောင်း၊ အရင်းအနှီးဈေးကွက် ပိုမိုကြီးမား ကျယ်ပြန့်လာစေရန်အတွက် အစိုးရသည် စတော့ ရှယ်ယာ လွှဲပြောင်းမှုမှ အရင်းအနှီးရရှိမှုအပေါ် အခွန်ကောက်ခံမှုကို နှစ်နှစ်ကြာ ဆိုင်းငံ့ထားမည် ဖြစ်ပြီး စတော့ရှယ်ယာ ရောင်းဝယ်မှုများအပေါ် အခွန်လျှော့ချပေးမည်ဖြစ်ကြောင်း၊ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ တစ်ဟုန်ထိုး တိုးမြင့်နေသည့်အတွက် အစိုးရ၏ အိမ်ခြံမြေမူဝါဒနှင့် ပတ်သက်၍ ပြည်သူ အများစု၏ မကျေနပ်မှုများကြောင့် အိမ်ရာဈေး ကွက် တည်ငြိမ်စေရန် အိမ်ခြေ ၂ ဒသမ ၅ သန်း ကျော်ကိုထောက်ပံ့ပေးရန်လည်း စီစဉ်ထားကြောင်း၊ အိမ်ရာနှင့်ပတ်သက်သည့်ကုန်ကျစရိတ်များ သက် သာစေရန် အိမ်အငှားများနှင့် ပတ်သက်သည့် အခွန်များနှင့် လုံးချင်းအိမ် ပိုင်ရှင်များအတွက် အိမ်ရာပိုင်ဆိုင်ခွန်၏ ပေးချေမှု ဝန်ထုပ်ဝန်ပိုးများ ကို လျှော့ချပေးရန်လည်း ရည်ရွယ်ထားကြောင်း၊ ပထမအကြိမ် အိမ်ဝယ်သူများသည် ဝမ်သန်း ၆၀ဝ အထိ ချေးငွေထုတ်ယူနိုင်မည်ဖြစ်ပြီး လက်ရှိခွင့်ပြု ပမာဏဖြစ်သော ဝမ်သန်း ၄၀ဝ ထက် သိသာစွာ တိုးတက်လာမည်ဖြစ်ကြောင်း လေ့လာသိရှိရ သည်။
စီးပွားရေးရာ မျှော်မှန်းချက်အသစ်တွင် ပို့ကုန်သည် ယခု ၂၀၂၂ ခုနှစ်တွင် ၁၁ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ခန့်မှန်းထားပြီး၊ ယခင်နှစ်တွင် ၂၅ ဒသမ ၇ ရာခိုင် နှုန်း တိုးတက်ခဲ့ရာမှ တိုးတက်မှုသည် ပြန်လည် နှေးကွေးလျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။ ကိုဗစ်(၁၉) ဗိုင်းရပ်စ်ထိန်းချုပ်မှု အစီအမံများနှင့် နောက်ဆုံး ခွင့်ပြုထားသည့် စံချိန်တင် ဖြည့်စွက်ရန် ပုံငွေဖြစ်သော ဝမ် ၆၂ ထရီလီယံ (အမေရိကန် ဒေါ်လာ ၄၉ ဘီလီယံ)ကို အကောင်အထည်ဖော်မှု တို့ကြောင့် ပုဂ္ဂလိကအသုံးစရိတ်သည် ၂၀၂၂ ခုနှစ် တွင် ၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု မျှော်လင့်ရကြောင်း လေ့လာသိရှိရသည်။
Source: The Korea Times (16-6-2022)
ဝင်းပပသူ၊ ကုန်သွယ်/ ဦးစီး