တရုတ်နိုင်ငံ၏ တရားရေးအေဂျင်စီများသည် သိပ္ပံနှင့်နည်းပညာတွင် မိမိကိုယ်ကို အားကိုးမှုနှင့် နိုင်ငံအတွက် ပံ့ပိုးမှုတွန်းအား ရရှိရန်အတွက် ဉာဏပစ္စည်းမူပိုင်ခွင့် (IPR) ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြီးတန်း တရားသူကြီးတစ်ဦးက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ကြီးမားသောဒေတာ၊ ဉာဏ်ရည်တုနှင့် မျိုးရိုးဗီဇ နည်းပညာများကဲ့သို့သော ကဏ္ဍများတွင် ဉာဏပစ္စည်းမူပိုင်ခွင့် ကာကွယ်ရန် ကျိုးကြောင်းဆီလျော်၍ ယုတ္တိတန်သော စည်းမျဉ်းစည်းကမ်းများကို မိတ်ဆက်မည်ဖြစ်ပြီး လက်ဝါး ကြီးအုပ်မှုနှင့် တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုကို ဆန့်ကျင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို မြှင့်တင်သွားမည်ဖြစ်သည်။ မတည်အရင်းအနှီးဖွံ့ဖြိုးတိုးတက်မှုကို ထိန်းညှိရန်နှင့် လမ်းညွှန်နိုင်ရန် ပိုမိုကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံသည် ဉာဏပစ္စည်း မူပိုင်ခွင့် တရားစီရင်ရေးဆိုင်ရာ အကာအကွယ်ပေးရေးတွင် ထင်ရှားသော တိုးတက်မှုကိုရရှိခဲ့သည်။ ၂၀၁၃ ခုနှစ်မှ စတင်၍ ပထမ အကြိမ်တွင် ပိတ်သိမ်းခဲ့သည့် ဉာဏပစ္စည်းမူပိုင်ခွင့် တရားစွဲမှုအရေအတွက် သည် စုစုပေါင်း ၂ ဒသမ ၇၄ သန်းရှိပြီး နှစ်စဉ် ပျမ်းမျှ ၂၄ ဒသမ ၅ ရာခိုင်နှုန်းတိုးလာကြောင်း ပြည်သူ့တရားရုံးချုပ် ဒုတိယဥက္ကဋ္ဌက တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ၏ အကြိမ်(၂၀)မြောက် အမျိုးသားကွန်ဂရက်ညီလာခံ ကျင်းပစဉ်ဆောင်ရွက်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် ပတ်သက်သည့် တရားစွဲဆိုမှုများတွင် အမှုအခင်းများမှာ မူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ မူပိုင်ခွင့် များ၊ စီးပွားရေးလုပ်ငန်း လျှို့ဝှက်ချက်များ၊ ပေါင်းစပ်ပတ်လမ်း ဒီဇိုင်းများ၊ အပင်မျိုးစိတ် အသစ်များ၊ ဒေသန္တရထုတ်ကုန်များ GI products၊ လက်ဝါးကြီးအုပ်မှုနှင့် တရားမျှတမှု မရှိသော ပြိုင်ဆိုင်မှုတို့ပါဝင်သော ကဏ္ဍများ စွာကို လွှမ်းခြုံထားကြောင်း စားသုံးသူအခွင့် အရေးနှင့် အလုပ်အကိုင် ပုံစံသစ်ရရှိသူများ ၏ အခွင့်အရေး များကို ပိုမိုကောင်းမွန်စွာ ကာကွယ်ထားကြောင်း၊ ပြည်သူ့တရားရုံးချုပ် လက်အောက်ရှိ ဉာဏပစ္စည်းမူပိုင်ခွင့် အထူး ပြုတရားရုံး လေးရုံးကို ဘေဂျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးနှင့် ဟိုင်နန် လွတ်လပ်သော ကုန် သွယ်မှု ဆိပ်ကမ်းတို့တွင် တည်ရှိပြီး ယင်းတို့သည် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် ဉာဏပစ္စည်းမူပိုင်ခွင့် အမှုအခင်းဖြေရှင်းရေးတွင် အဆင်ပြေချောမွေ့စေကြောင်း နိုင်ငံခြားကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် တန်းတူညီမျှ တရားဥပဒေဆိုင်ရာ အကာ အကွယ်များ ရရှိစေရေးအတွက် အမြဲတစေ ကြိုးပမ်းမှုများနှင့်အတူ နိုင်ငံခြားကုမ္ပဏီများသည် ၎င်းတို့၏ ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အငြင်းပွား မှုများကို တရုတ်တရားရုံးများတွင် ပြေလည်အောင် ဖြေရှင်းပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရင်းမြစ်။ yunnangateway.com
ဒေါက်တာဝေရီလင်း(စီးပွားရေးသံမှူး)
Background