
တရုတ်နိုင်ငံ ယူနန်တက္ကသိုလ်မှ သုတေသီများသည် အာဖရိကမှ တောရိုင်းနှစ်ရှည်ပင် မျိုးစိတ်ဖြင့် နှစ်စဉ်ပုံမှန် Oryza sativa ကိုဖြတ်၍ နှစ်စဉ် စိုက်ပျိုးရန် မလိုအပ်သော PR23 အမည်ရှိ နှစ်ရှည်ဆန်မျိုးစုံကို တီထွင်ထုတ်လုပ်ခဲ့ကြောင်း၊ ရာသီတိုင်း စိုက်ပျိုးသော ပုံမှန်စပါးများနှင့် မတူကြောင်း၊ PR23 သည် လေးနှစ်တစ်ကြိမ် စိုက်ပျိုး၍ လေးနှစ်တွင် ရှစ်ကြိမ်ဆက်တိုက် ရိတ်သိမ်းနိုင်ကြောင်း၊ ရိတ်သိမ်းပြီးတိုင်း သန်မာသော အမြစ်ပါသည့် အပင်များဖြစ်ကြောင်း၊ PR23 အထွက်နှုန်းမှာ တစ်ဟက်တာလျှင် ရှစ်တန်ဖြစ်ကြောင်း အစီရင်ခံတင်ပြထားပြီး ပုံမှန်ရေသွင်းစပါးနှင့် နှိုင်းယှဉ်နိုင်ကြောင်း၊ သို့သော် စိုက်ပျိုးစရိတ်၊ မျိုးစေ့နှင့် ဓာတုသွင်းအားစုများ နည်းပါးသော ကြောင့် စိုက်ပျိုးစရိတ် သက်သာကြောင်း သိရှိ ရသည်။ အကျိုးကျေးဇူးများအနေဖြင့် ၎င်းသည် တစ်နှစ်လျှင် တစ်ဟက်တာလျှင် အော်ဂဲနစ် ကာဗွန်တစ်တန်နီးပါး စုပြုံနေသော မြေဆီလွှာကဲ့သို့သော ထူးထူးခြားခြား သဘာဝပတ် ဝန်းကျင် အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေနိုင်ပြီး အပင်များအတွက် ရေရရှိမှု တိုးလာနိုင်ကြောင်း၊ စိုက်ပျိုးမှုစက်ဝန်းတစ်ခုစီတွင် လုပ်အား ၅၈ ရာခိုင်နှုန်းနှင့် အခြားသွင်းအားစု ကုန်ကျစရိတ် ၄၉ ရာခိုင်နှုန်းတို့ကို ချွေတာနိုင်သောကြောင့် လယ်သမားများက ၎င်းကို နှစ်ခြိုက်ကြကြောင်း၊ အသက်မွေးဝမ်းကျောင်းများ ပိုမိုကောင်းမွန်စေခြင်း၊ မြေဆီလွှာ အရည်အသွေး မြှင့်တင်ပေးခြင်းနှင့် အခြားသောသီးနှံများကို သုတေသနပြုခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးကို အသွင်ပြောင်းနိုင်သည်ဟု သုတေသီများက ပြောသည်။
တီထွင်မှုသည် လုပ်အားနှင့် အခြားသွင်း အားစုများကို နည်းပါးစွာ အသုံးပြုခြင်းအပြင် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ခြင်းဖြင့် စပါးစိုက်ပျိုးခြင်းကို ပြောင်းလဲနိုင်ကြောင်း၊ ဆန်သည် ကမ္ဘာ၏ ထက်ဝက်ခန့်ကို ကျွေးမွေးပြီး ၎င်း၏စိုက်ပျိုးရေးနှင့် စားသုံးမှုသည် အာရှတွင် အဓိကဖြစ်၍ မျိုးကွဲအသစ်များကို ရှာဖွေတွေ့ရှိခြင်းသည် အရေးပါကြောင်း၊ ယနေ့ စိုက်ပျိုးသောသီးနှံ အများစုသည် တစ်ချိန်က နှစ်ရှည်ပင်ဖြစ်သော်လည်း ပိုမိုဖြစ်ထွန်းစေရန်အတွက် နှစ်တို၊ ကာလတို အဖြစ် စိုက်ပျိုးခဲ့ကြကြောင်း၊ ဤနှစ်ရှည်ဆန် သည် စီးပွားရေးအရ ရေရှည်တည်တံ့ကြောင်း သက်သေပြပါက အသွင်ပြောင်း ဆန်းသစ် တီထွင်မှုဖြစ်လာနိုင်ကြောင်း သိရသည်။ ထို့ပြင် အိန္ဒိယအတွက် အရေးပါပါကြောင်း၊ အိန္ဒိယသည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်ထုတ်လုပ်သူဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှုတွင် ရှယ်ယာအများဆုံးတင်ပို့သည့် (၄၀ ရာခိုင်နှုန်း) နိုင်ငံဖြစ်ကြေင်း၊ နွေရာသီနှင့် ဆောင်းရာသီသီးနှံ နှစ်မျိုးစလုံးတွင် စိုက်ပျိုးကြကြောင်း၊ နှစ်ရှည်စပါးသည် နှစ်အလိုက် စိုက်ခင်းများ၏ ငတ်မွတ်မှုကို လျှော့ချနိုင်ပြီး မျိုးနှင့် အခြားသွင်းအားစုများ စုဆောင်းနိုင်ကြောင်း၊ တရုတ်၏အစောပိုင်း အောင်မြင်မှုသည် ပြည်သူ့သုတေသနနှင့် စိုက်ပျိုးရေးသိပ္ပံများတွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန် အိန္ဒိယအတွက် နောက်ထပ် သင်ခန်းစာတစ်ခုဖြစ်ကြောင်း၊ ယင်းက စားနပ်ရိက္ခာဖူလုံမှုနှင့် ကျေးလက်ဝင်ငွေအပေါ် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုကို တန်ပြန်ကူညီနိုင်ကြောင်း သိရှိရသည်။
ဒေါက်တာဝေရီလင်း
(စီးပွားရေသံမှူး)