Main menu

Background

အိန္ဒိယနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်မှုများ ကျဆင်း

Tue, 07/18/2023 - 13:56 -- journal_editor

၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံသို့နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု (ငှီ်ု္) စီးဝင်မှု ကျဆင်းလာကြောင်းနှင့်  ယခင်ကတည်းက ရင်းနှီးမြှုပ်နှံမှုစီးဝင်မြဲနိုင်ငံများဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊Mauritius၊ နယ်သာလန်နှင့် Cayman  ကျွန်းစုတို့မှ အရင်းအနှီး စီးဝင် မှုများ သိသိသာသာ လျော့ကျကာ စင်ကာပူနှင့် ့ဗန နိုင်ငံတို့မှ အရင်းအနှီးစီးဝင်မှု သိသိသာသာ မြင့်တက်လာကြောင်း တရားဝင် စာရင်းများအရ သိရသည်။ 
ယခင်ဘဏ္ဍာနှစ်နှင့် လက်ရှိဘဏ္ဍာနှစ်  နှိုင်းယှဉ်ကြည့်လျှင် အိန္ဒိယနိုင်ငံသို့  FDI စီးဝင်မှုများမှာ Mauritius ကျွန်းနိုင်ငံမှ ရူပီး ၆၉၉၄၅၀ သန်း (အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံခန့်)မှ ရူပီး ၄၈၈၉၅၀သန်း(အမေရိကန်ဒေါ်လာ ၆ဘီလီယံခန့်)သို့လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုမှ ရူပီး ၇၈၅၂၇၀ သန်း (အမေရိ ကန်ဒေါ် လာ ၉.၆ ဘီလီယံခန့်) မှ ရူပီး  ၄၈၆၆၆၀ သန်း (အမေရိကန် ဒေါ်လာ ၅.၉ ဘီလီယံခန့်) သို့လည်းကောင်း၊  နယ်သာလန်နိုင်ငံမှ ရူပီး ၃၄၄၄၂၀ သန်း (အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံခန့်) မှ ရူပီး ၁၉၈၅၅၀သန်း (အမေရိကန်ဒေါ်လာ ၂.၄၂ ဘီလီယံခန့်)သို့လည်း ကောင်း၊ Cayman  ကျွန်းစုမှ ရူပီး ၂၈၃၈၃၀ သန်း (အမေရိကန် ဒေါ် လာ ၃.၄၆ ဘီလီယံခန့်) မှ ရူပီး ၆၀၆၉၀ သန်း (အမေရိကန် ဒေါ်လာ ၇၄၀သန်းခန့်)သို့လည်းကောင်း နိုင်ငံအလိုက်FDI  စီးဝင်မှု အသီးသီး ကျဆင်းသွားခဲ့ကြောင်း သိရသည်။တစ်ဖက်တွင် ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အရင်းအနှီး စီးဝင်မှု မှာ စင်ကာပူနိုင်ငံမှ ရူပီး ၁.၁၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၄.၄ ဘီလီယံခန့်) မှ ရူပီး ၁.၃၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၆.၇ ဘီလီယံခန့်) သို့လည်းကောင်း၊ ့ဗန မှ ရူပီး ၇၆၉၉၀ သန်း (အမေရိကန်ဒေါ်လာ ၉၃၉ သန်းခန့်)မှ ရူပီး ၂၆၃၁၅၀ သန်း (အမေ ရိကန်ဒေါ်လာ ၃.၂ ဘီလီယံခန့်)သို့လည်းကောင်း    အသီးသီး မြင့်တက်ခဲ့ကြောင်း သိရသည်။    
သို့သော် အိန္ဒိယနိုင်ငံသို့ FDI စီးဝင်မှု စုစုပေါင်းပမာဏမှာ ယခင် ၂၀၂၂ဘဏ္ဍာနှစ်က ရူပီး ၄.၃၇ထရီလီယံရှိခဲ့ရာမှ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ၁၆ ရာခိုင်နှုန်း၊ ရူပီး ၃.၆၇ ထရီလီယံသို့ ကျဆင်း သွားခဲ့သည်။ သို့သော် ယင်းကဲ့သို့ နိုင်ငံအတွင်းသို့   ငှီ်ု္ စီးဝင်မှု ကျဆင်းရခြင်းမှာ နိုင်ငံတိုင်း၌  စီးပွားရေးတိုးတက်မှု နှေးကွေးလျက် ရှိသည့်အတွက်  ကမ္ဘာ့လုံးဆိုင်ရာ ငှီ်ု္ စီးဆင်းမှုများ နှေးကွေးရခြင်း ကြောင့်ဖြစ်သည်ဟု စီးပွားရေးပညာရှင်များက   သုံးသပ်ပြောဆိုခဲ့ သည်။ အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ အခြားတိုင်းပြည်များ နှင့်နှိုင်းယှဉ်ပါက ပိုမိုကောင်းမွန်သည့်အနေအထား၌ ရှိသည့်အတွက် FDI များကို ပိုမိုဆွဲဆောင်သွားနိုင်မည်ဖြစ်ကြောင်း CRISIL မှ အကြီး တန်း ဘောဂဗေဒပညာရှင်D.K. Joshi က ပြောကြားခဲ့သည်။ 
အခွန်ကင်းလွတ် သက်သာခွင့်ရသောMauritius၊ ဆိုက်ပရပ်၊ Cayman  ကျွန်းစုနှင့် စင်ကာပူနိုင်ငံတို့မှ အများအပြား ဝင်ရောက်လာ သော ရင်းနှီးမြှုပ်နှံမှုများသည် အမှန်တကယ်   မည်သည့်နေရာမှ စီးဝင်လာသည်ကို ခန့်မှန်းသိရှိရန် မလွယ်ကူကြောင်း ကျွမ်းကျင်သူ အချို့က ထောက်ပြဝေဖန်ခဲ့ကြသည်။ အိန္ဒိယအစိုးရအနေဖြင့်လည်း အဆိုပါကိစ္စကို ကိုင်တွယ်ထိန်းသိမ်းနိုင်ရန် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ တွင် အမိန့်နှင့်စည်းမျဉ်းဥပဒေများ  သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်းသိ ရသည်။အိန္ဒိယနိုင်ငံ၏ ၂၀၂၃ ခုနှစ်အတွင်း FDI  အဓိက  စီးဝင်သည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများမှာ ကွန်ပျူတာအမာထည်နှင့် အပျော့ထည် ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ကုန်သွယ်ရေး၊    ဆေးဝါးနှင့်ဆေးပစ္စည်း ကဏ္ဍ၊ ဓာတုပစ္စည်း၊ မော်တော်ကားနှင့် ဆောက်လုပ်ရေး / အခြေခံ အဆောက်အအုံ ကဏ္ဍတို့ဖြစ်ကြောင်း သိရသည်။ ပြည်နယ်အလိုက် ကြည့်မည်ဆိုလျှင် Maharashtra ပြည်နယ်ကFDI  အများဆုံး ဆွဲ ဆောင်နိုင်သည့် ပြည်နယ်ဖြစ်ပြီး ၎င်း၏နောက်တွင်Karnataka  Gujarat၊ Delhi၊ Tamil Nadu Haryana Telangana Jharkhand? Rajasthan နှင့်  West Bengal တို့က အစဉ်လိုက်   ရပ်တည်လျက်ရှိ ကြောင်း သိရသည်။            

 

 ကောင်းထွဋ်အောင်(စီးပွားရေးသံမှူး)
    မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့