Main menu

Background

ဘာစမာတီ မဟုတ်သည့် ဆန်ဖြူတင်ပို့မှုကို အိန္ဒိယ တားမြစ်ပိတ်ပင်

Mon, 07/31/2023 - 13:30 -- journal_editor

အိန္ဒိယအစိုးရသည် ဘာစမာတီမဟုတ်သည့် ဆန်ဖြူ တင်ပို့မှုကို တားမြစ်သည့် အမိန့်ကြော်ငြာစာကို ကြာသပတေး နေ့က ထုတ်ပြန်ခဲ့ကြောင်းThe Economic Times  သတင်းစာ တွင် ဖော်ပြထားသည်။ 
သို့ရာတွင် ယခုကြေညာချက်မတိုင်မီ   သင်္ဘောတင် ဆောင်မှုများ စတင်နေခြင်းကဲ့သို့သော   ဆောင်ရွက်နေဆဲ အခြေအနေများတွင် ဆန်တင်ပို့မှုများကို ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း၊ ယခုတားမြစ်ချက်သည် အိန္ဒိယနိုင်ငံ ဆန်တင်ပို့မှု ၏ ၈၀ ရာခိုင်နှုန်းခန့်အား သက်ရောက်မှု ရှိနိုင်မည်ဖြစ်ကြောင်း နှင့် အိန္ဒိယပြည်တွင်း ဆန်ဈေးနှုန်းကို ကျဆင်းစေနိုင်သော် လည်း ကမ္ဘာ့ဆန်ဈေးကွက်ကိုမူ ပြောင်းပြန်အကျိုးသက်ရောက်မှု ရှိစေမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ဆန်အဓိက  စိုက်ပျိုးထွက်ရှိ သည့်ဒေသများတွင်   ပုံမှန်မိုးရွာသွန်းမှုမရှိသဖြင့်   ပြီးခဲ့သည့် ၁၀ ရက်အတွင်း ဆန်ဈေးနှုန်းမှာ ၂၀ ရာခိုင်နှုန်းအထိ မြင့် တက်ခဲ့ကြောင်The Economic Times က   ဖော်ပြထားသည်။ 
ယခုတစ်ပတ်အတွင်း ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှု မှာ ဆယ်စုနှစ်တစ်ခုကျော်  ကာလအတွင်း အများဆုံးအနေ အထားသို့ မြင့်တက်ခဲ့ကြောင်း၊   ယခုကဲ့သို့ ရောင်းအား ကောင်းလာခြင်းမှာ    အယ်နီညိုရာသီဥတုပုံစံကြောင့်ဖြစ် ကြောင်း၊    အခြားတစ်ဖက်တွင် အိန္ဒိယသည် အယ်နီညို ကြောင့်   ယခုကဲ့သို့   ဆန်တင်ပို့မှု ပိတ်ပင်ခြင်းဖြစ်သည်ဟု ရိုက်တာသတင်းဌာနကလည်း ဖော်ပြထားကြောင်းနှင့်  ယခု ကဲ့သို့ ဆန်တင်ပို့မှု တားမြစ်ခြင်းသည် ကမ္ဘာ့ဆန်ဈေးနှုန်းကို ပိုမိုမြင့်တက်စေမည်ဟု ဆန်ကုန်သည်များက ပြောကြားထား ကြောင်း သိရှိရသည်။ 
ကမ္ဘာ့ဆန် အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်သည့်အိန္ဒိယ သည် ဆန်ထွက်ရှိမှုအပေါ် စိုးရိမ်သည့်အတွက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလလယ်တွင်  ဆန်ကွဲတင်ပို့မှုကို  ပိတ်ပင်ခဲ့ပြီး ပြည်ပတင်ပို့ သည့် ဆန်အမျိုးအစားများစွာအပေါ်တွင်လည်း အခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံခဲ့ကြောင်း သိရှိရသည်။ 
ဆန်တင်ပို့သူများအသင်း၏  ဥက္ကဋ္ဌဖြစ်သူ        B.V. Krishna Rao က အစိုးရ၏ စပါးဝယ်ယူမှု    ဈေးနှုန်းတိုးမြှင့် လိုက်ခြင်းသည် ဆန်ဈေးနှုန်းကို မြင့်တက်စေသည့်အကြောင်း အရင်းတစ်ရပ်ဖြစ်ကြောင်း၊   သို့ရာတွင် အစိုးရသည် ပြည်သူ လူထု သက်သာချောင်ချိရေးအစီအမံအတွက်   လိုအပ်သည့် ပမာဏထက်  ဆန်ကို ပိုမိုဝယ်ယူ သိုလှောင်ထားကြောင်းနှင့် ဆန်တင်ပို့မှုပိတ်ပင်ရန် လိုအပ်ခြင်းမရှိဟု  ရိုက်တာသတင်း ဌာနသို့ ပြောကြားထားကြောင်း သိရှိရပါသည်။ 
အိန္ဒိယ၏ ဆန်တင်ပို့မှုဈေးနှုန်းသည် ခုနစ်ပတ် ဆက် တိုက် တိုးမြှင့်ရရှိခဲ့ကြောင်းနှင့်   နိုင်ငံအနေဖြင့်   ငွေကြေး ဖောင်းပွမှုကို ဟန့်တားရန်အတွက် ဆန်အမျိုးအစားများစွာ တင်ပို့မှုအား တားမြစ်ပိတ်ပင်ရန် စဉ်းစားနေသည်ဟု သတင်း များ ထွက်ပေါ်လာပြီးနောက် ဆန်ရောင်းချမှု လျော့နည်းလာ သည့် ပြီးခဲ့သည့်အပတ်တွင်  ဆန်ဈေးနှုန်းမှာ  ငါးနှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။ 
အိန္ဒိယ၏ ဘာစမာတီဆန်မှအပ ဆန်မျိုးစုံတင်ပို့မှုအား ပိတ်ပင်လိုက်ခြင်းသည် ကမ္ဘာ့ဆန်ဈေးကွက်ကို   ကြီးမားစွာ ရိုက်ခတ်မှုများ  ရှိလာနိုင်သကဲ့သို့  မြန်မာနိုင်ငံမှဆန်များ ပြည်ပဈေးကွက် ပိုမိုရရှိရန်အတွက် အခွင့်အလမ်းကောင်း ဖြစ်သည်။ သို့ရာတွင် ပြည်တွင်းစိုက်ပျိုးထွက်ရှိမှု အခြေအနေ နှင့် စားနပ်ရိက္ခာ  ဖူလုံရေးကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမြင့်မောင်(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)