Main menu

Background

အိန္ဒိယနိုင်ငံ၏ အမျိုးသားအီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေး မူဝါဒသစ်(မူကြမ်း) မကြာမီ ထုတ်ပြန်ကြေညာသွားမည်

Mon, 08/14/2023 - 12:08 -- journal_editor

အိန္ဒိယနိုင်ငံ၏ အမျိုးသား အီလက်ထရွန်နစ်ကူးသန်း ရောင်းဝယ်ရေးမူဝါဒသစ် (မူကြမ်း)ကို လာမည့် သီတင်းပတ် အနည်းငယ်အတွင်း   ထုတ်ပြန်ကြေညာသွားဖွယ်ရှိကြောင်း အိန္ဒိယထိပ်တန်းသတင်းဌာန အသီးသီးက ဖော်ပြသည်။ 
အဆိုပါ အမျိုးသားအီလက်ထရွန်နစ် ကူးသန်းရောင်း ဝယ်ရေးမူဝါဒသစ်(national e-commerce policy)နှင့် စပ်လျဉ်း ၍ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Piyush Goyal  သည်   Amazon Flipkart Swiggy  Meesho နှင့်Shiprocket  စသည့် အိန္ဒိယနိုင်ငံရှိ  အကြီးဆုံး အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေး  ပလက်ဖောင်း အသီးသီးမှ အမှုဆောင်အရာရှိများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူတို့နှင့် သြဂုတ် ၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရ သည်။ ဆွေးနွေးပွဲတွင်  စက်မှုနှင့် ပြည်တွင်းကုန်သွယ်မှုမြှင့် တင်ရေးဦးစီးဌာန DPIIT)  ဌာနမှူးRajesh Kumar Singh  နှင့် စားသုံးသူရေးရာဦးစီးဌာန ဌာနမှူးRohit Kumar Singh တို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
အဆိုပါ မူဝါဒသစ်(မူကြမ်း)နှင့်ပတ်သက်သော တွေ့ဆုံ ဆွေးနွေးပွဲတွင်  ရောင်းချလိုက်သော ထုတ်ကုန်ပစ္စည်းများ အပေါ် တာဝန်ခံfallback liability)၊ စားသုံးသူမှ အရေးဆို တိုင်ကြားခွင့် (consumer grievance redressal)၊ လက်လီ ရောင်းချသူ၏အမည်အား   ထုတ်ကုန်ပစ္စည်းပေါ်၌ ဖော်ပြ ခြင်း private labelsနှင့်   ကုန်လက်ကျန်ဆိုင်ရာ စံပုံစံများ (inventory models) စသည့် အကြောင်းအရာတို့ ပါဝင်သည်။ သို့သော် မူဝါဒပါ အချက်အလက်အသေးစိတ်ကိုမူ ထုတ်ဖော် ပြသခဲ့ခြင်းမရှိကြောင်း သိရသည်။
အိန္ဒိယအစိုးရအနေဖြင့်  ecommerceပလက်ဖောင်း များ၌ အသုံးပြုသောစနစ်များalgorithms))တွင် တရားမျှတမှု ရှိရေး၊    ထောက်ပံ့ပို့ဆောင်မှုဝန်ဆောင်မှုများနှင့် ပေးချေမှု စနစ်များကို ရရှိနိုင်မှုရှိရေးနှင့်   စားသုံးသူများကို လိမ်ညာ သုံးသပ်ချက်များ၏ဘေးမှ ကာကွယ်ရေး စသည့်တို့ပါဝင်သည့် ကျယ်ပြန့်သော အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ အခြေခံမူများကို ထုတ်ပြန်ဝေမျှခဲ့ပြီးဖြစ်သည်။ 
အရောင်းအဝယ်ဈေးကွက်များ (marketplace) များ အနေဖြင့် ပါဝင်ရောင်းချသူများက ပြုလုပ်သော မည်သည့် လျစ်လျူရှုမှုနှင့် လွဲမှားစွာ ဆောင်ရွက်မှုမျိုးကိုမဆို တာဝန်ခံ ရမည်ဖြစ်သည်။ သို့သော် အီလက်ထရွန်နစ်ကူးသန်းရောင်း ဝယ်ရေးကဏ္ဍရှိအချို့သော ပါဝင်ဆောင်ရွက်သူများက မူဝါဒ သစ်၌ ပါဝင်မည့် ရောင်းချသူများအပေါ် တာဝန်ခံမှု fall-back liability)နှင့် ပတ်သက်၍ စိုးရိမ်မကင်းရှိနေကြသည်။
အဆိုပါ အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေး မူဝါဒသစ်သည် နိုင်ငံခြားနှင့် အိန္ဒိယနိုင်ငံသား   အရောင်း အဝယ်ဈေးကွက်များ marketplace)များအကြား   မျှတစွာ ဆောင်ရွက်ပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။ 
ထို့ကြောင့် မည်သည့်ပလက်ဖောင်းကိုမျှ ပါဝင်ရောင်း ချသူ၏ အစုရှယ်ယာတွင် ပါဝင်ခြင်း သို့မဟုတ်  ကိုယ်ပိုင် လက်လီရောင်းချသူအနေဖြင့်  ရောင်းချခြင်းကို ခွင့်ပြုမည် မဟုတ်ဟုဆိုသည်။  ၎င်းတွင် e-commerce  ပလက်ဖောင်း၌ မှတ်ပုံတင်ထားသော မည်သည့်ရောင်းချသူကိုမဆို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ    ကုန်ပစ္စည်းများကို ရောင်းချ ခြင်းမပြုရန်၊ ကုန်ပစ္စည်းအမျိုးအမည်များကို ပွင့်လင်းမြင်သာ အောင် စီစဉ်ထားရှိရန်နှင့်   စားသုံးသူများမှ ပလက်ဖောင်း၌ ရှာဖွေသည့်အခါ ဖော်ပြပေးသော ရလဒ်များတွင် တရားမျှတ မှုရှိရန်ကိစ္စတို့ပါဝင်ကြောင်း သိရသည်။    
အိန္ဒိယနိုင်ငံ၏ အမျိုးသားအီလက်ထရွန်နစ် ကူးသန်း ရောင်းဝယ်ရေးမူဝါဒသစ်(national e-commerce policy) ကို အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက  ဦးဆောင်၍ ၂၀၁၈ ခုနှစ် ကတည်းက စတင်ရေးဆွဲဆောင်ရွက် ခဲ့ပြီး  ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမဦးဆုံး မူကြမ်းကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။     ၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏   အီလက်ထရွန်နစ် လက်လီရောင်းချသူများ (e-tailers)) ၏ စုစုပေါင်းကုန်ပစ္စည်းတန်ဖိုး (gross merchan-dise value-GMV)) သည် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ ရှိပြီး ယခင်ဘဏ္ဍာနှစ်ကထက်  ၂၂ ရာခိုင်နှုန်း  မြင့်တက်လာ ခဲ့ကြောင်း Business Todayသတင်းဌာနက ဖော်ပြခဲ့သည်။

 

ကောင်းထွဋ်‌အောင်(စီးပွား‌ရေးသံမှူး)
    မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့။