Main menu

Background

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း မြင့်မားခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးအလားအလာကို မှေးမှိန်စေ

Tue, 09/26/2023 - 12:28 -- journal_editor

တောင်ကိုရီးယားနိုင်ငံတွင် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများအပါအဝင်    ပြည်တွင်းကုန်စည်များ ထုတ်လုပ်မှုအခြေအနေ ပြန်လည်တိုးတက်ကောင်း မွန်လာသည့်အပြင် ဝန်ဆောင်မှုကဏ္ဍသည်လည်း အတန်အသင့်  တိုးတက်မှုရှိနေကြောင်း၊ သို့သော် ပြင်ပ အချက်အလက်များဖြစ်သည့် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းမြင့်မားခြင်းနှင့် အဓိကကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံ၏ပြည်တွင်းစီးပွားရေးအခြေ အနေ ကောင်းမွန်မှုမရှိခြင်းတို့ကြောင့် တောင်ကို ရီးယားနိုင်ငံ၏   စီးပွားရေးအလားအလာသည် လည်း ကောင်းမွန်မှုမရှိနိုင်သေးကြောင်း ကိုရီးယား ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် The Korea Deve-lopment Institute- KDI) က စက်တင်ဘာ ၇ရက် တွင်    ထုတ်ဝေခဲ့သည့် လစဉ်စီးပွားရေးလေ့လာ ဆန်းစစ်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံသည် ပြည်ပသို့ပို့ကုန် တင်ပို့မှုကျဆင်းနေခြင်းကို    ရင်ဆိုင်နေရသည့် အပြင် ပြင်ပမှ မသေချာ  မရေရာမှုများကိုလည်း ကြုံတွေ့နေရကြောင်း၊ အဓိကကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေးမတည်ငြိမ်မှုနှင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မြင့်မားခြင်းတို့ကြောင့် ငွေကြေးဖောင်းပွမှုနှင့်  စပ်လျဉ်းသည့် ဖိအားများ လာပြီး ပြည်တွင်း၌သာမက   ပြည်ပနိုင်ငံများတွင် လည်း မသေချာ  မရေရာမှုများကို ကြုံတွေ့နေရ ကြောင်း၊ တရုတ်နိုင်ငံ   ပြည်တွင်းအိမ်၊ ခြံ၊ မြေဈေး ကွက်အတွင်းရှိ ကုမ္ပဏီများသည်  ဘဏ္ဍာရေးဆိုင် ရာ မတည်ငြိမ်မှုများကို ကြုံတွေ့နေရသည့်အပြင် ယင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းနေခြင်း ကို ရင်ဆိုင်နေရကြောင်း၊ အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်က အတိုးနှုန်းကို ထပ်မံ မြှင့်တင်နိုင်သည် ဆိုသော ခန့်မှန်းချက်များကလည်း မသေချာ  မရေ ရာမှုများကို ပိုမိုဆိုးရွားလာစေပါကြောင်း၊ တောင် ကိုရီးယားနိုင်ငံတွင်လည်း လယ်ယာထွက်ကုန်နှင့် ကုန်ထုတ်ပစ္စည်းများ ဈေးနှုန်းများမြင့်မားမှုကြောင့် သြဂုတ်လအတွင်း   စားသုံးသူဈေးနှုန်းများသည် ၃ ဒသမ ၄ရာခိုင်နှုန်း မြင့်မားခဲ့ရာ ၂၀၂၃ခုနှစ် ဧပြီ လအတွင်း   ရောက်ရှိခဲ့သည့် အမြင့်ဆုံးနှုန်းထား ဖြစ်သည့် ၃ဒသမ၇ ရာခိုင်နှုန်းကို   မမီသေးသော် လည်း အလွန်မြင့်မားသောနှုန်းဖြင့်   မြင့်တက်လာ ကြောင်း၊ ယင်းသို့  စားသုံးသူဈေးနှုန်းများ မြင့်မား ခြင်းသည် စီးပွားရေးကျဆင်းမှုကို လျော့ပါးအောင် ဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်စေကြောင်းKDI၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပပ(စီးပွားရေးသံမှူး) ကိုရီးယားသမ္မတနိုင်ငံ