Main menu

Background

ဂျပန်-အာဆီယံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်

Tue, 09/26/2023 - 12:30 -- journal_editor

ဂျပန်နိုင်ငံ၏ အဆင့်မြင့်နည်းပညာများနှင့် အာဆီယံ နိုင်ငံများ၏ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အား သာချက်များကို ပေါင်းစည်းကာ အနာဂတ်ကို အတူတကွပူးတွဲ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊    ဂျပန်နိုင်ငံနှင့်အာဆီယံ နိုင်ငံများအနေဖြင့် တီထွင်ဆန်းသစ်မှုမှတစ်ဆင့် သဘာဝပတ် ဝန်းကျင်၊ စွမ်းအင်၊ ဒစ်ဂျစ်တယ်နှင့် အခြားသောကိစ္စရပ်များ ကို ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့အတူ ကြံ့ခိုင် ရည်ရှိပြီး ရေရှည်တည်တံ့သည့် စီးပွားရေးဝန်းကျင်ကို တည် ဆောက်နိုင်ရေးအတွက် ကဏ္ဍပေါင်းစုံတွင်  ပူးပေါင်းဆောင် ရွက်မှုများကို ပြုလုပ်လျက်ရှိကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီအို ခီရှိဒက  စက်တင်ဘာ  ၄ ရက်တွင်  ကျင်းပခဲ့သည့်ASEAN Business and Investment Summit  တွင်  ဗီဒီယိုမိန့်ခွန်းပြော ကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ မိန့်ခွန်းတွင် ဂျပန်နိုင်ငံအနေဖြင့် အာရှဒေသ တွင် ကာဗွန်ကင်းစင်သည့်   အသိုက်အဝန်းဖြစ်လာစေရေး Asia Zero Emissions Community(AZEC)အတွက်စွမ်းအင် အရင်းအမြစ်အသစ်များ  အသုံးပြုနိုင်ရေးနှင့် လက်တွေ့ကျ သည့် စွမ်းအင်ဆိုင်ရာ အသွင်ကူးပြောင်းမှုများ ဆောင်ရွက်နိုင် ရေး  ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ တစ်ပိုင်း လျှပ်ကူးပစ္စည်း၊ နောက်ဆုံးပေါ်  မော်တော်ယာဉ်များ၊ လေ ကြောင်းနှင့်အာကာသဆိုင်ရာကဏ္ဍများ၊  အဆင့်မြင့် ဆေးဝါး လုပ်ငန်းများအပါအဝင် ဂျပန်နိုင်ငံ၏  အားသာချက်များကို အာဆီယံနိုင်ငံများအား  မျှဝေပေးသွားမည်ဖြစ်ပြီး အနာဂတ် စက်မှုလုပ်ငန်းများ ဖော်ဆောင်ရာတွင်   အတူတကွ လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍတွင်  ယုံကြည်စိတ်ချရ သည့် အချက်အလက်များ ချိတ်ဆက်ရယူနိုင်မှု  မြှင့်တင်နိုင် ရေး၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်  အဆင့်မြှင့်တင်နိုင် ရေး၊ အာဆီယံနှင့်  အရှေ့အာရှစီးပွားရေးသုတေသနအဖွဲ့ အစည်း(ERIA)ကို ရေရှည်တည်တံ့သည့် စီးပွားရေးစင်တာ နှင့်  ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများ အား အသုံးပြုနိုင်စေရေးအတွက် ဂျပန်-အာဆီယံ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း  ဖော်ပြထား သည်။    
ထို့အတူ သက်ဝင်လှုပ်ရှားသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်စေရေးအတွက် လွတ်လပ်ပြီး မျှတသည့် စီးပွားရေးဆိုင်ရာ ဥပဒေစည်းမျဉ်းများသည် မရှိမဖြစ် အရေးပါလျက်ရှိကြောင်း၊ အဆိုပါ ဥပဒေစည်းမျဉ်းများကို ဂျပန်နိုင်ငံနှင့် အာဆီယံအဖွဲ့ ဝင်အဖြစ် ပါဝင်ထားသည့် ဘက်စုံတိုးတက်သော ပစိဖိတ်ဖြတ် ကျော် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (CPTPP)) နှင့် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီ ချက်RCEP)ကဲ့သို့သော လွတ်လပ်သော ကုန်သွယ်ရေးဆိုင် ရာ သဘောတူညီချက်များတွင်ပါဝင်ပြီးဖြစ်ကြောင်း၊   အင်ဒို-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ   မူဘောင် IPEF)တွင် ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်နှင့် အာရှဒေသ အကြား ပေါင်းကူးတံတားသဖွယ်  ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။  
အာဆီယံ-ဂျပန် နှစ် ၅၀ ပြည့်    ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအထိမ်းအမှတ်အဖြစ်  အာဆီယံ-ဂျပန် ထိပ်သီး အစည်းအဝေးကို ယခုနှစ် ဒီဇင်ဘာလတွင်ဂျပန်နိုင်ငံ က အိမ်ရှင်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ အတူ အာဆီယံ-ဂျပန်စီးပွားရေးပူးတွဲဖော်ဆောင်ရေးဖိုရမ် (ASEAN Japan Economic Co-creation Forum)နှင့်အနာ ဂတ် ခေါင်းဆောင်များအကြား   အချင်းချင်းချိတ်ဆက်မှုများ ဆောင်ရွက်နိုင်စေရေးအတွက် အာဆီယံ-ဂျပန်လူငယ် စီးပွား ရေးခေါင်းဆောင်များ     ထိပ်သီးအစည်းအဝေး (ASEAN-Japan Young Business Leader’s Summit))တို့ကိုပါ ပူးတွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

သူဇာဖြိုး( စီးပွားရေးသံမှူး)
မြန်မာသံရုံး၊ တိုကျိုမြို့။