Main menu

Background

ဆန်တင်သွင်းမှုအပေါ် ကောက်ခံနေသည့် အကောက်ခွန်နှုန်းအား ယာယီလျှော့ချပေးရန် တင်ပြချက်အပေါ် ဖိလစ်ပိုင်သမ္မတမားကို့စ်ပယ်ချ

Tue, 10/10/2023 - 14:59 -- journal_editor

ဈေးကွက်တွင်းဆန်ဈေးနှုန်းများ  ကြီးမြင့် စေခြင်းကြောင့် ဆန်တင်သွင်းမှုအပေါ် ကောက် ခံနေသည့် အကောက်ခွန်နှုန်းအား ယာယီလျှော့ချ ပေးရန် အဆိုပြုတင်ပြချက်အပေါ်  သမ္မတမား ကို့စ်မှ ၂၆-၉-၂၀၂၃ ရက်နေ့က သဘောမတူပယ်ချ ခဲ့ကြောင်း ဖော်ပြထားသည်။  ယခုအခြေအနေသည် အကောက်ခွန်နှုန်း အား လျှော့ချပေးရန် သင့်တော်မှုရှိသည့် အချိန် အခါမဟုတ်သေးဟု တွက်ချက်ယူဆသဖြင့် အစိုးရ အနေဖြင့် လျှော့ချပေးမည့်အစီအစဉ်  မရှိသေး ပါကြောင်းနှင့် ကမ္ဘာ့ဆန်ဈေးနှုန်းသည် ပြန်လည် ကျဆင်းနိုင်ကြောင်းကိုလည်း  ခန့်မှန်းပါကြောင်း ပြောကြားခဲ့သည်။  အချို့သော ဆန်တောင်သူအုပ်စုမှ   ဆန် အပေါ် ကောက်ခံသည့်  အကောက်ခွန်နှုန်းထား လျှော့ချပေးခြင်း၏ ဆိုးကျိုးများကို   ဆွေးနွေးခဲ့ ကြောင်း၊ ဆန်တင်သွင်းသူအများစုမှာမူ  ၎င်းတို့ အနေဖြင့်   ဆန်ဈေးနှုန်းအား လျှော့ချသတ်မှတ် ထားပြီးဖြစ်သဖြင့်   အကောက်ခွန်နှုန်း  လျှော့ချ ပေးရန် အဆိုပြုချက်အပေါ်  ရပ်တည်ပြောကြား ခဲ့ကြောင်း၊ ဆန်တောင်သူများအနေဖြင့် ဆန်စိုက် ပျိုးထုတ်လုပ်မှု တိုးချဲ့ခြင်းမှာ အကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင်မည်မဟုတ်ဘဲ စပါးဈေးနှုန်းများကို ပိုမိုကျဆင်းစေမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ 
ဖိလစ်ပိုင်အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီမှလည်း  အစောပိုင်းကာလများက ဆန်တင်သွင်းမှုအပေါ်ကောက်ခံသည့် အကောက် ခွန်နှုန်းထားအားလျှော့ချပေးခြင်းသည်ဈေးကွက် တွင်း ဆန်ဈေးနှုန်းကြီးမြင့်နေခြင်းကို ထိရောက်စွာ အကျိုးသက်ရောက်မှုရှိစေနိုင်သဖြင့် လျှော့ချပေး ရန် ထောက်ခံတင်ပြခဲ့ကြောင်း၊  အစိုးရမှ ထုတ်ပြန် ခဲ့သည့်  အမိန့်ကြော်ငြာစာအမှတ် ၃၉ အရ ဈေး ကွက်အတွင်း  ရောင်းချရမည့် အမြင့်ဆုံးဈေးနှုန်း သတ်မှတ်ချက်ကိုလည်း စဉ်ဆက်မပြတ်  ဆောင် ရွက်သွားရန် ဦးတည်ပါကြောင်း ဖော်ပြပါရှိသည်။ သို့သော် ဖိလစ်ပိုင်အမျိုးသား  စီးပွားဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီနှင့်   စိုက်ပျိုးရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများက ယခုအခါ   ကမ္ဘာ့ဈေး ကွက်တွင် ဆန်ဈေးနှုန်းမှာ အကျဘက်သို့ ရောက်ရှိ လာခဲ့သဖြင့် ယခုအခြေအနေတွင် အကောက်ခွန် နှုန်း လျှော့ချပေးရန် သင့်တော်သည့် အချိန်မဟုတ် သေးပါကြောင်း   ပြောကြားခဲ့သည်။ ၅-၉-၂၀၂၃ ရက်နေ့က  စတင်ကျင့်သုံးစေခဲ့သည့် ဈေးကွက် အတွင်း ရောင်းချရမည့်  အမြင့်ဆုံးဈေးနှုန်းသတ် မှတ်ချက် အမိန့်ကြော်ငြာစာအမှတ်၃၉နှင့်စပ်လျဉ်း ၍ထပ်မံဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက် မှုများအား ဂရုတစိုက်  လေ့လာသွားရန် လိုအပ် ကြောင်း သမ္မတမားကို့စ်က ပြောကြားခဲ့သည်။  ထို့ပြင် သမ္မတမားကို့စ်က ဖိလစ်ပိုင်လူမှုဖူလုံ ရေးဝန်ကြီးဌာနသို့  အမိန့်ကြော်ငြာစာ ၃၉ ကြောင့် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့ရသည့် ဆန်လက်လီ အရောင်းဆိုင်များအား ငွေသား ပီဆို- ၁၅၀ဝ၀ စီ ထောက်ပံ့ပေးသွားရန်နှင့်pantawid Pamilyang Pilipino Program (4Ps) အရ ဆန်များ ဖြန့်ဝေပေး သွားရန်ကို ညွှန်ကြားခဲ့ကြောင်းလည်း ဖော်ပြပါ ရှိပါသည်။ 
သုံးသပ်တင်ပြချက်
လတ်တလော ဖြစ်ပေါ်လျက်ရှိသော ဆန် တင်ပို့သည့်နိုင်ငံများ၏ ဆန်တင်ပို့မှုဆိုင်ရာမူဝါဒ အပြောင်းအလဲများ၊  အယ်နီညိုရာသီဥတုအခြေ အနေတို့ကြောင့်ဆန်တင်သွင်းမှုဆိုင်ရာအကောက် ခွန်နှုန်း လျှော့ချပေးခြင်းသည်   သင့်တော်မှုရှိပြီး ၂၀၂၁ ခုနှစ်    ပြင်ဆင်ထုတ်ပြန်ချက်အရ အရှေ့ တောင်အာရှ ပြင်ပနိုင်ငံများမှ  ဆန်တင်သွင်းခြင်း အပေါ်  မူလက ၄၀% မှ ၅၀% ကြားရှိရာမှ ၃၅% သို့ လျှော့ချခဲ့သည်။ ယခုထပ်မံ၍ ၃၅% မှ ၁၀% သို့ ယာယီ လျှော့ချပေးရန်  အဆိုပြုထားခြင်းဖြစ် သည်။ 
စိုက်ပျိုးရေးဝန်ကြီးအဖြစ်   တွဲဖက်တာဝန် ထမ်းဆောင်နေသူ သမ္မတမားကို့စ်သည် ဆန်ရိက္ခာ ဖူလုံစေရေး၊ ဈေးကွက်တွင်း  ဆန်ဈေးနှုန်း မြင့် တက်နေမှုတို့ကို ထိန်းချုပ်နိုင်ရေးလိုအပ်သည့်အစီ အမံများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတွက် ဈေးကွက်အတွင်း ရောင်းချရမည့်အမြင့်ဆုံး ဆန် ဈေးနှုန်း သတ်မှတ်ခြင်း၊    ထိုသို့သတ်မှတ်လိုက် ခြင်းကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ဆန်လက်လီ ကုန်သည်များအတွက် အစိုးရမှ ငွေကြေး ထောက် ပံ့ပေးမှုအစီအစဉ်၊ ဆန်တရားမဝင်တင်သွင်းသူများ နှင့် သိုလှောင်ဈေးကစားသူများအား  ဖိလစ်ပိုင် အကောက်ခွန်ဌာနမှ ဦးဆောင်၍ ဖမ်းဆီးစစ်ဆေး မှုများ ပြုလုပ်ခဲ့ကြောင်း၊  ဖမ်းဆီးရရှိခဲ့ပြီး တင်ပြ ရမည့် အထောက်အထားများအား အချိန်မီတင်ပြ နိုင်ခြင်းမရှိခဲ့သည့် ဆန်အိတ်များကို   နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းကာpantawid Pamilyang Pilipino Program (4Ps) အရ   ဆန်များ ဖြန့်ဝေပေးလျက်ရှိသည်။ 
Pantawid Pamilyang Pilipino Program ဆိုသည်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေး ပန်းတိုင် Sustainable Development Goals (SDGs) ပါ ဆင်းရဲနွမ်းပါးမှုမရှိစေရေး၊ အစာရေ ငတ်မွတ်မှုမရှိစေရေး၊ ကောင်းမွန်သော ကျန်းမာ ရေးစောင့်ရှောက်မှုရရှိစေရေး၊ အဆင့်မြင့်ပညာ ရေးစနစ်ရရှိစေရေး၊ ကျား/ မတန်းတူညီဖြစ်စေရေး တို့အတွက်      ရည်ရွယ်ပြီး    ဖိလစ်ပိုင်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း    လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

ကေသွယ်ခိုင်(စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)