Main menu

Background

ယခုနှစ်အတွင်း ထိုင်းပို့ကုန်တန်ဖိုး တိုးတက်လာမည်ဟု ထိုင်း စီးပွား/ကူးသန်းဝန်ကြီးဌာန ခန့်မှန်း

Tue, 11/07/2023 - 13:22 -- journal_editor

ယခုနှစ်အတွင်း ထိုင်းပို့ကုန်တန်ဖိုးသည် ဆက်လက် တိုးတက် နိုင်ကြောင်း၊ ပို့ကုန်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် ပို့ကုန် လုပ်ငန်းစဉ်များ တိုးတက်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများလည်း ပါဝင်ကြောင်း၊  မိုးခေါင်မှုအခြေအနေများ၊ တည်ငြိမ်စပြုသော ငွေကြေးလဲလှယ်နှုန်းနှင့် ခရစ္စမတ်နှင့် နှစ်သစ် ပိတ်ရက်များကြောင့် စိုက်ပျိုး‌ရေး ထုတ်ကုန်များနှင့် အစားအသောက် များကို တိုးမြင့်တင်သွင်းလာခြင်းကြောင့်လည်းဖြစ်ကြောင်း  စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဒီဂျစ်တယ်နည်းပညာနှင့် သန့်ရှင်းသောစွမ်းအင်လမ်းကြောင်း များနှင့်ချိန်ညှိ၍ စက်မှုထုတ်ကုန်များကိုလည်း   တိုးတက်မှုရရှိရန် အားယူနေကြောင်း၊ ပို့ကုန်စွမ်းဆောင်ရည်သည် တစ်နှစ်ပတ်လုံးတွင် အနုတ်လက္ခဏာပြနေခဲ့သော်လည်း ကျုံ့နိုင်မှုသည် အေဂျင်စီအများစု က ခန့်မှန်းထားသည်ထက်ပင် နည်းနိုင်ကြောင်း၊ နိုင်ငံ၏ ပို့ကုန်သည် စက်တင်ဘာလတွင်လည်း   တစ်ဖြောင့်တည်း  တိုးတက်နေဆဲဖြစ် ကြောင်း၊ သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄ ဘီလီယံ ရှိသဖြင့် ကုန်သွယ်မှုပိုငွေ အမေရိ ကန်ဒေါ်လာ ၂ ဒသမ ဝ၉ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိန်းဂဏန်း များကို ကိုးကား၍ အမြဲတမ်းအတွင်းဝန် Mr. Keerati Rushchano က ပြောကြားခဲ့သည်။
စက်တင်ဘာလအတွင်း ပို့ကုန်တိုးတက်စေခဲ့မှုသည် စိုက်ပျိုး ရေးနှင့်စိုက်ပျိုးရေး-စက်မှုထုတ်ကုန်များကြောင့်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသို့ ဒူးရင်းသီးနှင့် မင်းဂွတ်သီးကဲ့သို့သော သစ်သီးများ တင်ပို့နိုင် ခဲ့မှု၊ တောင်အာဖရိကနှင့်  အင်ဒိုနီးရှားဈေးကွက်များသို့ ဆန်တင်ပို့ နိုင်ခဲ့မှုတို့သည် သိသိသာသာ တိုးတက်ခဲ့ကြောင်း၊  ပြောင်းလဲနေ သောလမ်းကြောင်းနှင့်ကိုက်ညီမှုရှိစွာ ဆိုလာဆဲလ်များနှင့်  မိုဘိုင်း ဖုန်းများကိုလည်း   တိုးချဲ့တင်ပို့နိုင်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
စက်တင်ဘာလအတွင်း  အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၈ ဘီလီယံထိ တိုးမြှင့်တင်ပို့နိုင်ခဲ့သည့် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး-စက်မှုထုတ်ကုန်များမှာ လတ်ဆတ်၊ အေးခဲနှင့် သစ်သီးခြောက် ၁၆၆ ရာခိုင်နှုန်း၊ ဆန် ၅၁ဒသမ၄ ရာခိုင်နှုန်း၊ ပီလောပီနံထွက်ကုန် ၃ဒသမ ၇ ရာခိုင်နှုန်း၊ သကြား ၁၆ ဒသမ ၃ ရာခိုင်နှုန်း၊ တိရစ္ဆာန်နှင့် ဟင်းသီး ဟင်းရွက်ဆီ  ၁၂ ဒသမ၈ ရာခိုင်နှုန်း၊ စည်သွပ်ဘူးနှင့်ပြုပြင်ပြီး ဟင်း သီးဟင်းရွက်များ ၁၇ ဒသမ ၃ ရာခိုင်နှုန်း၊ နို့နှင့်  နို့ထွက်ပစ္စည်းများ ၃ ဒသမ ၁ ရာခိုင်နှုန်း၊ လတ်ဆတ်၊ အေးခဲနှင့်ဟင်းသီးဟင်းရွက် ခြောက်များ ၇ ဒသမ ၉ ရာခိုင်နှုန်းနှင့် ဥများ ၅၂ဒသမ၇ ရာခိုင်နှုန်းဖြစ် ကြောင်း၊ စက်မှုထုတ်ကုန်များတင်ပို့မှုသည် ကွန်ပျူတာနှင့်ဆက်စပ် ပစ္စည်းများ (-) ၂၄ဒသမ၃ ရာခိုင်နှုန်း၊  ရော်ဘာထုတ်ကုန်များ (-) ၅ဒသမ၅ ရာခိုင်နှုန်း၊ လေအေးပေးစက်များနှင့် အစိတ်အပိုင်းများ (-)၂၇ ဒသမ ၇ ရာခိုင်နှုန်း မော်တော်ဆိုင်ကယ်များနှင့် အစိတ်အပိုင်း များ (-) ၃၄ဒသမ၆ ရာခိုင်နှုန်းနှင့်  အလူမီနီယမ်ထုတ်ကုန်များ (-) ၁၅ ဒသမ ၈ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၂ ဘီလီယံသာရှိခဲ့သည်။
မော်တော်ယာဉ်နှင့်   အပိုပစ္စည်းများ ၃ဒသမ၃ ရာခိုင်နှုန်း၊ ကျောက်မျက်ရတနာ (ရွှေမပါဝင်) ၂၇ဒသမ၃ ရာခိုင်နှုန်း၊ တယ်လီ ဖုန်းနှင့် အပိုပစ္စည်းများ ၂၃ ဒသမ ၉ ရာခိုင်နှုန်း၊ လျှပ်စစ်ထရန်စဖော် မာနှင့် အပိုပစ္စည်းများ ၄၆ ဒသမ ၄ ရာခိုင်နှုန်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ထရန်စစ္စတာနှင့် ဒိုင်အုတ် ၂၈ဒသမ၈ ရာခိုင်နှုန်း စသည်ဖြင့် အသီး သီး တိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း၊    စက်တင်ဘာလအတွင်း အိန္ဒိယ ၂ ဒသမ ၆ ရာခိုင်နှုန်း၊ တောင်ကိုရီးယား ၄ ဒသမ  ၄ ရာခိုင်နှုန်း၊ တရုတ် ၆ဒသမ၂ ရာခိုင်နှုန်း၊ စင်ကာပူ ၉ဒသမ၅ ရာခိုင်နှုန်း၊ မလေး ရှား ၁၆ဒသမ၂ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား ၁၆ ဒသမ ၂ ရာခိုင်နှုန်း စသည်ဖြင့် ပို့ကုန်တင်ပို့ခဲ့မှု လျော့နည်းခဲ့ကြောင်း ထုတ်ပြန်ထားသည့် နိုင်ငံများနှင့်နှိုင်းယှဉ်ပါက ထိုင်းနိုင်ငံ၏ ပို့ကုန်စွမ်းဆောင်နိုင်မှုသည် ကောင်းမွန်နေဆဲဖြစ်ကြောင်း၊  ဗီယက်နမ်နိုင်ငံသည် ပို့ကုန်တွင် ၂ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လျက်ရှိသည်ဟု ထုတ်ပြန် ထားပါ ကြောင်း သိရှိရသည်။
ပထမ ၉ လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၂၁၃ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၁၉ ဘီလီယံရှိခဲ့ပြီး  ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၃ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သီတာဝင်း(စီးပွားရေးသံမှူး)
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။