Main menu

Background

ဖိလစ်ပိုင်-ယူအေအီး ပထမဆုံး နှစ်နိုင်ငံ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ရရှိရေး စတင်ညှိနှိုင်းဆွေးနွေး

Wed, 12/20/2023 - 12:20 -- journal_editor

ဖိလစ်ပိုင်-ယူအေအီးသည်  Comprehensive Economic Partnership Agreement (CEPA)) နှင့်စပ်လျဉ်းပြီး ညှိနှိုင်းဆောင်ရွက် သွားရန်Terms of Reference (TORအား  လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်နိုင်ငံ  လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်အား ဆောင်ရွက်နိုင်ရန် ပထမဆုံးခြေလှမ်းတစ်ခုဖြစ်သည်။ 
အဆိုပါTOR အား ၂-၁၂-၂၀၂၃ ရက်က ဒူဘိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည့် Conference of the Parties(COP)တွင် ဖိလစ်ပိုင် ကုန် သွယ်ရေးနှင့်စက်မှုဝန်ကြီးနှင့် ဒူဘိုင်းနိုင်ငံခြား ကုန်သွယ်ရေးဝန်ကြီး တို့မှ လက်မှတ်ရေးထိုးခဲ့ကြောင်း ဖော်ပြပါရှိသည်။ 
CEPA  သည် ဖိလစ်ပိုင်နိုင်ငံမှ   ကုန်စည်နှင့်ဝန်ဆောင်မှုများ ယူအေအီးနိုင်ငံသို့ တင်ပို့နိုင်ရေး၊ ယူအေအီးမှ   ရင်းနှီးမြှုပ်နှံမှုများ ဖိလစ်ပိုင်နိုင်ငံသို့  ပိုမိုဝင်ရောက်လာစေရေး၊ ယူအေအီးနိုင်ငံတွင် ကျွမ်းကျင်ပညာရှင်များနှင့်ဝန်ဆောင်မှုထောက်ပံ့ပေးသူများအတွက်  အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက်ဖြစ် ပြီး ယခုလက်မှတ်ရေးထိုးခဲ့သည့်TOR  သည် အဆိုပြု တင်ပြထား သည့်CEPA အား အထောက်အပံ့ပေးနိုင်သည့် ညှိနှိုင်းချက်တစ်ခုဖြစ် ကြောင်း ဖော်ပြပါရှိသည်။ 
ထို့ပြင် CEPA အရ   ယူအေအီးနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ပို့ကုန် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (၂၀၂၃-၂၀၂၈)ပါ ကုန်သွယ်ရေး မဟာဗျူဟာအတိုင်း ဈေးကွက်အသစ်တစ်ခုအဖြစ် ဝင်ရောက် လုပ် ကိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ ယူအေအီးနိုင်ငံသည် ဖိလစ်ပိုင် နိုင်ငံ၏အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဆင့်(၁၇)နေရာတွင် ရပ်တည် လျက်ရှိပြီး ပင်လယ်ကွေ့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး ကောင်စီGulf Cooperation Council Member States)ထိပ်တန်း ပို့ကုန်ဈေးကွက်တစ်ခုဖြစ်သည်။ 
နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့်အကာအကွယ်ပေးရေး သဘောတူညီချက် Investment   Promotion  and  Protection Agreement-IPPA) အား ၂၀၂၂ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး  ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးနှင့် နှစ်ဖက်အဖွဲ့အစည်းများမှ ရင်းနှီး မြှုပ်နှံသူများ၏ပိုင်နက်မြေများအတွက် အကာအကွယ်ပေးရေးဆို င် ရာ ကိစ္စရပ်များပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါ ကြောင်း၊ CEPA   အား ဆွေးနွေးနေစဉ်ကာလတွင် ယခင်ဖိလစ်ပိုင်  ကုန်သွယ်ရေးနှင့်စက်မှု ဝန်ကြီးဌာနဝန်ကြီးRamon Lopez  နှင့်   ယူအေအီးဝန်ကြီးAL Zeyoudi တို့က ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ၊ သုတေသနနှင့်ဖွံ့ဖြိုးတိုး တက်ရေးကဏ္ဍနှင့် လုပ်ငန်းကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သည်။ 
အရှေ့အလယ်ပိုင်းဒေသနိုင်ငံများအနက်   ယူအေအီးနိုင်ငံ သည် ဖိလစ်ပိုင်နိုင်ငံ၏အကြီးဆုံးပို့ကုန်ဆိုင်ရာ ကုန်သွယ်ဖက်နိုင်ငံ တစ်ခုဖြစ်ပါကြောင်း၊ ကုလသမဂ္ဂမှ ထုတ်ပြန်သည့် ကိန်းဂဏန်းဖော်ပြ ချက်များအရ ၂၀၂၂ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံမှ ယူအေအီးနိုင်ငံသို့ ပို့ကုန်တင်ပို့မှုပမာဏ အမေရိကန် ဒေါ်လာ ၃၁၅ ဒသမ ၁၉ သန်း ရှိခဲ့ပြီး စက်ပစ္စည်းများ၊ နျူကလီးယားဓာတ်ပေါင်းဖိုများနှင့် ဘွိုင်လာ အိုးများသည် အမြင့်ဆုံးကုန်သွယ်မှုဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ 
ဖိလစ်ပိုင်နိုင်ငံနှင့်ယူအေအီးနိုင်ငံတို့၏ စက်သုံးဆီ မဟုတ် သောကဏ္ဍNon-Oil)) ဆိုင်ရာ နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၃ခုနှစ် ပထခြောက်လပတ်တွင် အမေရိကန်ဒေါ်လာ ၅၀ဝ သန်းထိ ရောက်ရှိ ခဲ့ပြီး ၂၀၂၂ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက  ၁၉ ဒသမ ၄ ရာခိုင်နှုန်း  မြင့်တက်ခဲ့ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံနှင့် Organization of Islamic Cooperation (OIC)အကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု များ မြင့်တက်စေရန်  ပူးပေါင်းဆောင်ရွက်ရာတွင် ယူအေအီးနိုင်ငံ သည်လည်း တစ်နိုင်ငံအပါအဝင်ဖြစ်ပြီး  ယူအေအီးနိုင်ငံ၏ ဟာလာ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ ဖိလစ်ပိုင်နိုင်ငံသို့ဆွဲဆောင်ဖိတ်ခေါ် ထားကြောင်း၊ ထို့ပြင်ပြည့်ဖြိုးမြဲစွမ်းအင်၊ခရီးသွားလုပ်ငန်း၊ ငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းကဏ္ဍများတွင်လည်း နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ကေသွယ်ခိုင်(စီးပွားရေးသံမှူး)
မနီလာမြို့။