အာဆီယံဒေသတွင်း နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း The Organization for Economic Co-operation and Development-OECD)တို့၏ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို နခသညသာငခ ှကမလနပ သ် ဲစေညေ ၂၀၂၄က စစ်တမ်း ကောက်ယူကာ သုတေသနတစ်ခု ပြုလုပ်ခဲ့သည်။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း The Organization for Economic Co-operation and Development-OECDကို ၁၉၆၀ ပြည့်နှစ်၌ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံ ပေါင်း ၃၈ နိုင်ငံအထိရှိနေပြီဖြစ်သည်။ လက်ရှိတွင် အဆိုပါ အဖွဲ့အစည်း အတွက် key partners အဖြစ် ဘရာဇီး၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် တောင်အာဖရိကနိုင်ငံများကို သတ်မှတ်ထားသည်ဟု သိရသည်။
OECD အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမှာ ကမ္ဘာ့ စုစုပေါင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၏ ၈၀ရာခိုင်နှုန်းကို ကိုယ်စားပြု လျက်ရှိကြောင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရေးအတွက် အဆိုပါ OECD အနေဖြင့် အဖွဲ့ဝင်နိုင်ငံများအပြင် အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရမည်လည်း ဖြစ်သည်။ ဥနဃီ အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။
ထို့ပြင် OECD သည်အခြားတစ်ဖက်တွင်Southeast Asia Regional Programme(SEARP))ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အစီအစဉ်အရ ရည်မှန်းချက်သုံးရပ်ဖြစ်သည့် Regional Inte-gration Domestic Reform နှင့် OECD Engagement ရရှိစေရေးအတွက် စီးပွားရေးအရ ကြံ့ခိုင်ရည်စွမ်းကို မြှင့်တင်နိုင်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပိုမိုလွယ်ကူချောမွေ့လာစေရေး၊ အစိမ်း ရောင်နှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းစေရေး၊ ပုဂ္ဂလိကကဏ္ဍ အား ကောင်းလာစေရေး စသည်တို့အတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင် ရွက်သွားမည်လည်းဖြစ်သည်။
OECD ၏ Key Partners နိုင်ငံတစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ တွင် ၂၀၁၅ခုနှစ်က OECD ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်နိုင်ခဲ့သည်။ ထိုသို့ ဖွင့်လှစ်ခဲ့ချိန်မှစ၍ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင် စသည့်နိုင်ငံများနှင့် OECD တို့သည် နိုင်ငံအလိုက် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြသည်။
ဂျပန်နိုင်ငံ၏Real GDP Growth Rate မှာ၂၀၂၃ ခုနှစ်တွင် ၁ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ၁ရာခိုင်နှုန်းသာ ရှိနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။ ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ၂ ဒသမ ၆ ရာခိုင် နှုန်းရှိမည်ဟု ခန့်မှန်းထားသည်။ ဂျပန်နိုင်ငံအစိုးရ၏ ြွေကးမြီမှာ ၂၀၂၃ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်ကုန်GDP)၏ ၂၄၃ ဒသမ ၅ ရာခိုင်နှုန်းနှင့်၂၀၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်းပြည်တွင်းထုတ်ကုန် GDP) ၏ ၂၄၃ ဒသမ ၃ ရာခိုင်နှုန်းရှိနိုင်မည်ဟု ခန့်မှန်းထားသည်။
လက်ရှိ ၂၀၂၄ ခုနှစ်သို့ ဝင်ရောက်လာချိန်တွင် ဂျပန်နိုင်ငံအနေ ဖြင့် ဘဏ္ဍာရေး တည်ငြိမ်မှု သေချာစေရေး၊ ကုန်ထုတ်လုပ်မှု တိုးမြှင့်နိုင်ရေး၊ လူဦးရေ တိုးပွားလာစေရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှု များ ကျော်လွှားနိုင်ရေး စသည့် စိန်ခေါ်မှုလေးခုကို အဓိက ကြုံတွေ့နေရ သည်။ ဘဏ္ဍာရေး တည်ငြိမ်မှု သေချာစေရေးအတွက် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။
ဂျပန်နိုင်ငံတွင် ဆေးရုံ၌ကာလရှည်ကြာ နေထိုင်စေ၍ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိခြင်းသည် ကျန်းမာရေးဆိုင်ရာ ကုန် ကျစရိတ်များကို မြင့်တက်စေပြီး GDP အဖွဲ့ဝင်နိုင်ငံများနှင့်နှိုင်းယှဉ်ပါက သုံးဆကျော် မြင့်မားလျက်ရှိသည်ကိုတွေ့ရှိရမည်ဖြစ်သည်။ သို့အတွက် ကြောင့် ကာလရှည်ကြာ ကျန်းမာရေးစောင့်ရှောက်မှုကိုLong term home care စနစ်သို့ ပြောင်းလဲမည်ဆိုပါက ကျန်းမာရေးအတွက် ကုန်ကျစရိတ် များကို လျှော့ချနိုင်မည်ဖြစ်သည်။
မြန်မာသူဇာ(စီးပွားရေးသံမှူး၊ တိုကျို)