Main menu

Background

ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများအတွက် မက်လုံးများ ပိုမိုပေးသွားရန် တောင်ကိုရီးယားသမ္မတ ယွန်းဆုခ်ယော် ကတိပြု

Mon, 03/04/2024 - 11:57 -- journal_editor

တောင်ကိုရီးယားနိုင်ငံအား     ရင်းနှီး မြှုပ်နှံသူများအတွက် အထူးသင့်လျော် ကောင်း မွန်သည့်    နိုင်ငံတစ်ခုဖြစ်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  စည်းမျဉ်းများနှင့်မူဝါဒ များကို ဖြေလျှော့ပေးသွားမည့်အပြင် မက်လုံး များ ပိုမိုပေးသွားမည်ဟု သမ္မတယွန်းဆုခ်ယော် က ဖေဖော်ဝါရီ ၁၄ ရက်တွင်   ကျင်းပခဲ့သည့် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများ၏    ကိုယ်စားလှယ်များနှင့်   တွေ့ဆုံ၍ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည့် အခမ်း အနားတွင် ပြောကြားခဲ့သည်။ အဆိုပါ အခမ်း အနားကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  စည်းမျဉ်းများနှင့် မူဝါဒများကို ဖြေလျှော့ပေးရာတွင်ကမ္ဘာ့အဆင့် စံချိန်စံညွှန်းများအတိုင်း   (သို့မဟုတ်) ကမ္ဘာ့ အဆင့် စံချိန်စံညွှန်းများထက် သာလွန်ကောင်း မွန်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ   မူဝါဒများနှင့် စည်းမျဉ်းများရှိသည့် နိုင်ငံတစ်ခုဖြစ်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊    အမျိုးမျိုး သော အခွန်သက်သာခွင့်များနှင့်  ဘဏ္ဍာရေး အထောက်အပံ့များ ပေးအပ်သွားနိုင်ရေးအတွက် အမျိုးသားလွှတ်တော်နှင့်  ပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ယွန်း က ကတိပြုခဲ့ခြင်းဖြစ်သည်။                                                                               
ပြည်ပမှ    လာရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများကိုပေးမည့်မက်လုံးအသစ်များသည် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက ပံ့ပိုးကူညီပေးမှုထက်   ပိုမိုလိမ့်မည်ဟု သမ္မတ ယွန်းက ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံတွင်     ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသည့်  ကုမ္ပဏီစုစုပေါင်း ၁၇၉၀ဝကျော်ရှိပြီး ယင်းတို့မှ   ပြည်ပသို့ တင်ပို့ နိုင်မှုပမာဏသည် စုစုပေါင်းတင်ပို့မှု၏ ၂၁ ရာ ခိုင်နှုန်းရှိကြောင်း၊ ထို့ပြင် အလုပ်အကိုင်ခန့်ထား မှုတွင်လည်း တစ်နိုင်ငံလုံး၏ စုစုပေါင်း အလုပ် အကိုင် ခန့်ထားမှု၏   ၆ ရာခိုင်နှုန်းရှိကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသည် ပြည်ပပို့ကုန်တင်ပို့မှုအပေါ်  မှီခိုအားထားသည့် နိုင်ငံဖြစ်သည့်အပြင် ပြည်ပမှ  လာရောက်ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများမှပေးသော  မြင့်မား သည့်  လစာအဆင့်အတန်းနှင့်  သင့်လျော်သော အရည်အသွေးကြောင့် လူငယ်များက နှစ်သက် လေးစားကြကြောင်း၊ ယခုအချိန်သည် အစိုးရက ပြန်လည်    ပေးအပ်ရမည့်အချိန်ဖြစ်ကြောင်း သမ္မတယွန်းက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၇၂ ဘီလီယံ တန်ဖိုးရှိ ပြည်ပရင်းနှီး မြှုပ်နှံမှုများလာရောက်လျှောက်ထားခဲ့ပြီး အမှန် တကယ် ငွေပေးချေရင်းနှီးမြှုပ်နှံမှုသည် အမေရိ ကန်ဒေါ်လာ ၁၈   ဒသမ ၇၉ ဘီလီယံအထိ ရောက်ရှိမြင့်မားခဲ့ကြောင်း၊  လာရောက်ရင်းနှီး မြှုပ်နှံမှု မြင့်မားလာသည့်နိုင်ငံများမှာ   တရုတ် နိုင်ငံ၊ ဟောင်ကောင်နှင့်    ထိုင်ဝမ်တို့ဖြစ်ကြ ကြောင်း၊    ယခင်နှစ်ကထက် ၆၅ ရာခိုင်နှုန်း မြင့်မားခဲ့ကြောင်း၊  အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ လာ ရောက်ရင်းနှီးမြှုပ်နှံရန်  ကတိကဝတ်များသည် ယခင်နှစ်ကထက်  လျော့ကျခဲ့ကြောင်း၊ ကဏ္ဍအလိုက်အနေဖြင့်လေ့လာလျှင် ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု ၄ဒသမ၅ ရာခိုင်နှုန်း လျော့ကျခဲ့သော်လည်း  ဘဏ္ဍာရေး နှင့် အာမခံလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများကိုဝန်ဆောင်မှုပေးသည့်လုပ် ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတို့တွင် လာရောက် ရင်းနှီးမြှုပ်နှံမှုနှစ်ဆကျော် တိုးတက် ခဲ့ကြောင်း၊  OECD စာရင်းများအရ    ၂၀၂၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးတွင် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းသည်    ယခင်နှစ်ကထက် ၂၆ ရာခိုင်နှုန်း လျော့ကျနေသော်လည်း တောင်ကို ရီးယားနိုင်ငံတွင် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ် နှံမှု  မြင့်မားနေကြောင်း  ကုန်သွယ်ရေး၊ စက်မှု နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပပ(ဆိုးလ်မြို့၊ စီးပွားရေးသံမှူး)