Main menu

Background

၀မ်ငွေတန်ဖိုး ကျဆင်းနေခြင်းနှင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မြင့်မားနေခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်၏ အတိုးနှုန်းလျှော့ချမည့်အစီအစဉ် နှောင့်နှေးနေဦးမည်

Fri, 05/10/2024 - 14:49 -- journal_editor

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ    အပါအဝင် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုမရှိခြင်း၊ တောင်  ကိုရီးယားဝမ်ငွေတန်ဖိုး ကျဆင်းနေခြင်း၊ ငွေကြေး ဖောင်းပွမှုကျဆင်းနှုန်း နှေးကွေးနေခြင်း စသည့် အချက်များကြောင့် တောင်ကိုရီးယားနိုင်ငံ ဗဟို ဘဏ်အနေဖြင့်    လက်ရှိသတ်မှတ်ထားသည့် အတိုးနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းကို လျှော့ချပေး သွားမည့် အလားအလာ မှေးမှိန်နေဦးမည်ဟု ဈေး ကွက်လေ့လာစောင့်ကြည့်သူများက ခန့်မှန်းထား ကြသည်။ 
တောင်ကိုရီးယားနိုင်ငံ  ဗဟိုဘဏ်သည် ချေးငွေချေးယူသူများအတွက် အတိုးနှုန်း (Borrowing Costs) ကို လက်ရှိ သတ်မှတ်ထားသည့် ၃ဒသမ၅ရာခိုင်နှုန်းတွင်သာ ဆက်လက်ထားရှိရန် ၂၀၂၄ ခုနှစ် ဧပြီလအတွင်း ကျင်းပသော အစည်း အဝေးတွင် ဆုံးဖြတ်ခဲ့သည်။ အရှေ့အလယ်ပိုင်း ဒေသတွင် စစ်ပွဲကျယ်ပြန့်လာခြင်း၊ တင်သွင်းသည့် ကုန်စည်များဈေးနှုန်းနှင့် သင်္ဘောတင်ခနှုန်းထား များ မြင့်မားလာခြင်းနှင့် ဝမ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေကာ ဧပြီလအတွင်း အမေရိကန်တစ် ဒေါ်လာလျှင် ၁၄၀ဝ ဝမ်အထိ ရောက်ရှိခဲ့ခြင်းတို့ ကြောင့် အတိုးနှုန်းကို  ၃ ဒသမ ၅ ရာခိုင်နှုန်းတွင် သာ ဆက်လက်ထားရှိရခြင်းဖြစ်ကြောင်း ဈေး ကွက်စောင့်ကြည့်သူများကဆိုကြသည်။
ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းများ မြင့်မားနေ ခြင်းကြောင့် ပြည်တွင်း ကုန်စည်နှင့် ဝန်ဆောင်မှု တန်ဖိုးများကို မြင့်မားစေသည့်အပြင် နိုင်ငံ၏ ပို့ကုန်တင်ပို့မှုကို  အားနည်းစေနိုင်ပြီး လက်ရှိ ငွေစာရင်းရှင်းတမ်းတွင်   ပိုငွေပြနေမှုအပေါ် ဖိအားဖြစ်စေနိုင်ကြောင်း၊ ထိုမှဆစ်ဆင့် နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး Gross Domestic Product- GDP) ကိုလည်း လျော့ကျစေ  နိုင်ကြောင်း၊ ယင်းသို့သော အချက်အလက်များ သည် အတိုးနှုန်း လျှော့ချမည့်အစီအစဉ်ကို နှောင့် နှေးစေကာ နိုင်ငံ၏ငွေကြေးမူဝါဒ ချမှတ်သူများ အတွက် စိန်ခေါ်မှုများပင်ဖြစ်ကြောင်း လေ့လာ သူများက သုံးသပ်ကြသည်။ 
အခြားသော  စိန်ခေါ်မှုတစ်ခုမှာ ငွေကြေး ဖောင်းပွနှုန်း  လျှော့ချရေးဖြစ်သည်။  တောင်ကို ရီးယားနိုင်ငံ၏  အစားအသောက်နှင့် စွမ်းအင် ဈေးနှုန်းများကိုပါ ထည့်သွင်းတွက်ချက်ထားသည့်  စုစုပေါင်း   ငွေကြေးဖောင်းပွနှုန်း   Headline Inflation)) သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ၃ဒသမ၁ ရာခိုင်နှုန်းအထိ မြင့်မား လာခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလ အတွင်းHeadline Inflationသည် ပျမ်းမျှအားဖြင့် ၂ဒသမ၃ ရာခိုင် နှုန်းတွင်သာ ရှိနေခဲ့သည့်အတွက် ဧပြီလအတွင်းကျင်းပခဲ့သည့် တောင်ကိုရီးယား နိုင်ငံဗဟိုဘဏ်၏ မူဝါဒရေးရာ အစည်းအဝေး တွင် ၂၀၂၄ ခုနှစ်၊ ဒုတိယ ခြောက်လပတ်တွင် အတိုးနှုန်း လျှော့ချရေးစဉ်းစားနိုင်ဖွယ်ရှိသည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Rhee Chang-yong က ပြော ကြားခဲ့သော်လည်း   ယင်းသို့ပြောကြားပြီးနောက် ပိုင်းမှစ၍  အစ္စရေးနှင့်  အီရန်နိုင်ငံတို့အကြား စစ်ရေးတင်းမာမှုများရှိလာခဲ့ပြီး ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းများသည် ဧပြီ ၁၉ ရက်တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၀ ကျော်အထိမြင့်တက်လာ ခဲ့သည်။   သို့ဖြစ်၍Headline Inflation သည် ထပ်မံမြင့်မားမည့်  အလားအလာရှိနေကြောင်း ဈေးကွက်စောင့်ကြည့်သူများက ဆိုကြသည်။
အတိုးနှုန်းလျှော့ချရေးတွင် ဝမ်ငွေတန်ဖိုး ကျဆင်းနေခြင်းသည်   ထည့်သွင်းစဉ်းစားစရာ အချက်တစ်ချက်အဖြစ်  ရှိနေသော်လည်း ကမ္ဘာ့ ရေနံစိမ်းဈေးနှုန်းများ တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၉၀ အောက်တွင်ရှိနေမည်လား(သို့မဟုတ်) ၉၀ အထက် ဆက်လက်တက်သွားမည်လားဆို သည်က အဓိကစိုးရိမ်စရာကိစ္စဖြစ်နေသည်ဟု တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Rhee Chang-yongက အမေရိကန်ပြည်ထောင်စု၊ ဝါရှင် တန်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။ 
တောင်ကိုရီးယားနိုင်ငံ  ဗဟိုဘဏ်အနေ ဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် အတိုး နှုန်းလျှော့ချ နိုင်သည်ဟု ဈေးကွက်အတွင်း  မျှော်မှန်းနေကြ သော်လည်း တောင်ကိုရီးယားနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ Mr. Rhee ၏ ဖြေကြားချက်အရ ၂၀၂၄ ခုနှစ် သြဂုတ်လလောက်တွင်သာ ဖြစ်နိုင်ခြေရှိသည်ဟု Meritz Securities  သုတေသီYoon Yeo-sam  က ပြောကြားခဲ့သည်။ 
ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀ဝ ကျော်လာပါက တောင် ကိုရီးယားဝမ်ငွေတန်ဖိုးသည်လည်း အမေရိကန် ဒေါ်လာနှင့်  လဲလှယ်ရာတွင် တစ်ဒေါ်လာလျှင် ဝမ် ၁၄၀ဝ အထိကျဆင်းသွားနိုင်ကြောင်း၊ အဆိုပါ အချက်သည် တောင်ကိုရီးယားနိုင်ငံ ဗဟိုဘဏ်၏ လက်ရှိငွေစာရင်းရှင်းတမ်းတွင် အနုတ်လက္ခဏာ ကိုပြစေမည့် အဓိကအချက်ဖြစ်ပါကြောင်းHi Investment & Securities  မှ သုတေသီ  Park Sang-hyun ကလည်း ခန့်မှန်းထားသည်။ 
Source: https://tradingeconomics.com/south-korea/interest-rate
https://www.koreatimes.co.kr/www/biz/2024/04/488_373296.html

ပပ၊ စီးပွားရေးသံမှူး
တောင်ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့