Main menu

Background

ဖိလစ်ပိုင်နိုင်ငံ၏ အုန်းဆီ Coconut Oil တင်ပို့မှု သိသိသာသာလျော့ကျ

Fri, 05/10/2024 - 14:57 -- journal_editor

အယ်လ်နီညိုရာသီဥတု၏ သက်ရောက်မှုကြောင့် ဖိလစ်ပိုင် နိုင်ငံ၏ အုန်းဆီတင်ပို့လျော့ကျခဲ့ပြီး  ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မက် ထရစ် တန် ၉၀ဝ၀ဝ၀ ထိသာရှိနိုင်ကြောင်း နိုင်ငံတကာအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ပိုမိုခြောက်သွေ့သည့် ရာသီဥတုအခြေ အနေသည် အုန်းသီးမှ ထုတ်လုပ်သည့်ပစ္စည်းများ အထွက်နှုန်းအား ကျဆင်းစေခဲ့ခြင်းဖြစ်ကြောင်း  ဖိလစ်ပိုင်အခြေစိုက်  အမေရိကန် စိုက်ပျိုးရေးဌာနမှ ပြောကြားခဲ့သည်။ 
အုန်းသီးထွက်ရှိမှုနည်း၍  ရောင်းချနိုင်မှု ကျဆင်းခဲ့ခြင်း ကြောင့် အုန်းဆီထုတ်လုပ်မှု ကျဆင်းခဲ့ကြောင်း၊  ဖိလစ်ပိုင်နိုင်ငံ၏ အဓိက ထုတ်ကုန်တင်ပို့သည့်  ကုန်ပစ္စည်းတစ်ခုဖြစ်သည့် အုန်းဆီ တင်ပို့မှုအား ကျဆင်းစေကြောင်း၊ ခန့်မှန်းတွက်ချက်မှုများအရ ဖိလစ်ပိုင်နိုင်ငံ၏ အုန်းဆီတင်ပို့မှုသည် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၁ ဒသမ  ၁၄ သန်း တင်ပို့ခဲ့ရာမှ ၂၁ရာခိုင်နှုန်း ထိကျဆင်းနိုင်ပြီး မက်ထရစ်တန်ချိန် ၉၀ဝ၀ဝ၀ ထိ ကျဆင်းသွား နိုင်ကြောင်း ဖော်ပြထားသည်။ 
အစိုးရနှင့် အုန်းသီးကဏ္ဍ၏ ထုတ်ပြန်သည့် စာရင်းဇယား များအရ အုန်းသီး  စိုက်ပျိုးထုတ်လုပ်နေသည့် ဖိလစ်ပိုင်နိုင်ငံ၏ ဒေသ ၄၆ ခုခန့်သည်   အယ်နီညိုရာသီဥတု၏   သက်ရောက်မှုကြောင့်  ထိခိုက်ခဲ့ရကြောင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် နိုင်ငံတစ်ဝန်းရှိ ဒေသ ၁၀ ခုမှ အုန်းဆီထုတ်လုပ်သည့်  စက်ရုံ ၆၂ ခု  ထုတ်လုပ်နိုင် စွမ်းအား မက်ထရစ်တန် ၃ ဒသမ ၆၈၅ သန်းအပေါ် သက်ရောက် မှုများရှိခဲ့သည်။ ခြောက်သွေ့သည့်  ရာသီဥတုအခြေအနေကြောင့် အုန်းစိုက်ပျိုးသည့် ဧရိယာများအား သက်ရောက်မှုစေခဲ့ပြီး အထွက် နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြပါရှိသည်။ 
အီးယူမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းဥပဒေများ တင်း ကျပ်လာမှုကြောင့်လည်း တင်ပို့မှုများ ကျဆင်းခဲ့ကြောင်း၊ ပြည်တွင်း အုန်းဆီစက်ရုံများမှာလည်း  အီးယူသို့  တင်ပို့ရာတွင် သတ်မှတ် ထားသည်  စံချိန်/စံညွှန်းများနှင့်အညီဖြစ်စေရေး  ထုတ်လုပ်နေရ ခြင်းကြောင့် ကနဦးအခက်အခဲများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရ ကြောင်း၊ အီးယူ၏ လိုအပ်ချက်မှာ Lower mineral oil saturated hydrocarbons (MOSH) နှင့် mineral aromatic hydrocarbons (MOAH ရှိစေရန်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဖိလစ်ပိုင်နိုင်ငံသည် အုန်းဆီ (coconut oil) ထုတ်လုပ်တင်ပို့ သည့် ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။ 

 

ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့